Author's Profile Photo

တင်ညွန့်

25/06/2024

ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------

2 mins read
Book Review
Education
Culture
ကျောင်းစာကြည့်တိုက် ပညာရေး
-----------------------------'s photo


ကျွန်တော်တို့ ကျောင်းသားဘဝက ကျောင်းများတွင် စာကြည့်တိုက်၊ စာကြည့်ခန်း သီးသန့်ထားပေးသည်။ ကျွန်တော်တို့ စာဖတ်ဝါသနာပါလာခြင်းသည် ငါးတန်းကျောင်းသားဘဝက စာကြည့်တိုက်တာဝန်ယူသော ဆရာများကြောင့်ဖြစ်သည်။ ကျွန်တော်တို့ကျောင်းတွင် ဆရာနှစ်ဦးသည် အလှည့်ကျ နေ့စဉ်စာကြည့်တိုက်ကို မနက် ၈ နာရီထိုးတွင် လာဖွင့်ပေးသည်။ ထိုစဉ်က ပုံပြင်စာအုပ်လေးများကို ကျွန်တော်တို့ အလုအယက် ဖတ်ကြရသည်။ အဘယ်ကြောင့်ဆိုသော အတန်းထဲတွင် မြန်မာစာဆရာက “သင်ဖတ်ဖူးသော ပုံပြင်တစ်ပုဒ် အကြောင်း ပြန်ရေးပြပါ” ဆိုပြီး စာစီစာကုံးအခြေခံကို လုပ်ပေးလေ့ရှိသည်။ အမှတ်လည်းပေးသည်။ ကျွန်တော်တို့ စာရေး စာဖတ်ခြင်း အလေ့အထများသည် ထိုခေတ်က စာကြည့်တိုက်နှင့် ကျောင်းစာသင်ခန်းကို ဆက်စပ်စေရန် လုပ်ပေးသော ဆရာများကြောင့်ဖြစ်သည်။

ကျွန်တော်တို့ခေတ်က ကျောင်းသားများသည် အိမ်ပြန်ရောက်လျှင် ကျောင်းစာလုပ်ရန် မလိုပါ။ ကျူရှင်လည်း မရှိ။ ညက ပစ်ထားခဲ့သော ကျောင်းလွယ်အိတ်ကို နောက်တစ်နေ့ သည်အတိုင်းယူပြီး ကျောင်းသွားနိုင်သည်။ စာကြည့်တိုက်တွင် စာအုပ်ဦးလိုသောကြောင့် စောစောသွားသည်။ ကျောင်းမတက်မချင်း စာအုပ်တွေ ဖတ်သည်။ ထိုခေတ်က စာအုပ်ငှားလိုလျှင် စာကြည့်တိုက်အသင်းဝင်ရသည်။ အသင်းဝင်ကြေးမှာ တစ်မတ် (၂၅ ပြား) ဖြစ်သည်။ စာအုပ်တစ်အုပ် တစ်ပတ်ငှားခွင့် ရှိသည်။ ရက်ကျော်လျှင် ဆယ်ပြားဒဏ်ရိုက်သည်။

ကျွန်တော်ကျောင်းဆရာဘဝ မြို့ကျောင်းများတွင် အားချိန်၊ နားချိန်၊ ကစားချိန်မရှိ။ ကျွန်တော်တာဝန်ကျခဲ့ ဖူးသော အထက်တန်းကျောင်းတွင် နံနက် ၇ နာရီကတည်းက ဆယ်တန်းကျောင်းသားတွေ အချိန်ပို ကျောင်းလာတက်ရသည်။ ထိုအချိန် ကတည်းက စာသင်လိုက်သည်မှာ ကျောင်းကြီးမတက်မီ ခေတ္တသာ အိမ်သာသွားခွင့်ရကြသည်။ ကျောင်းချိန်ဆိုလျှင်လည်း ပုံမှန်တက်ကြရသည်။ နေ့လယ် မုန့်စား/ထမင်းစား ဆင်းချိန်တွင်ပင် စာသင်သည်။ ညနေကျောင်းဆင်းလျှင်လည်း ည ၇ နာရီထိုးအထိ အချိန်ပို ဆက်သင်သည်။ ကျောင်းသားတစ်ယောက်သည် နံနက် ၇ နာရီလောက်က ည ၇နာရီလောက်အထိ ကျောင်းတွင် အချိန်ကုန် သည်။ ကျောင်းဆင်းလျှင်လည်း ကျူရှင်ကို အနည်းဆုံး တစ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ရပ်တန့်ရမယ့်အချိန်

Unlock to read this premium article with 100 points.