Dream for GREEN - Myanmar

Greenies လေးတို့ရေ … 🍀
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေထဲမှာ လူတွေ သိပ်သတိမထားမိကြတဲ့ "Noise Pollution" ဆူညံသံ ညစ်ညမ်းမှုဆိုတာ ဘာလဲ? 📢
ဆူညံသံ ညစ်ညမ်းမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေလဲ ဆိုတာ လေ့လာကြည့်ကြရအောင် … 💚
🔊 Noise Pollution ဆိုတာ ဘာလဲ?
ပတ်ဝန်းကျင်မှာ ဆူညံသံတွေကြောင့် လူနဲ့ သတ္တဝါတွေ အနှောင့်အယှက်နဲ့ အန္တရာယ်ဖြစ်စေတာကို ဆိုလိုပါတယ်
🔊 Noise Pollution က ဘယ်အရာတွေကြောင့် ဖြစ်ရတာလဲ?
အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ မော်တော်ယာဉ်တွေရဲ့ ဟွန်းတီးသံတွေ၊ ကျယ်လောင်လွန်းတဲ့ စပီကာ၊ မီးရှူးမီးပန်းအများအပြား ဖောက်တာတွေနဲ့ လေယာဉ်စက်သံကထွက်တဲ့ အသံလှိုင်းတွေကြောင့် အသံ ညစ်ညမ်းမှု ဖြစ်ရပါတယ်
အသံလှိုင်း ၃၀ ကနေ ၁၄၀ dB ကြားရှိတဲ့ ဆူညံသံတွေကို အသံ ညစ်ညမ်းမှု ဖြစ်စေတယ်လို့ သတ်မှတ်ထားပါတယ်
🔊 Noise Pollution ကြောင့် ဘယ်လို ဘေးအန္တရာယ်တွေ ဖြစ်စေမှာလဲ?
ကြာရှည်ပြီး ကျယ်လောင်တဲ့ ဆူညံသံတွေဟာ လူတွေနဲ့ သတ္တဝါတွေအတွက် လျို့ဝှက်စွာ အန္တရာယ်ပြုစေတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု တစ်ခု ဖြစ်ပါတယ်
အန္တရာယ်ရှိတဲ့ ဆူညံသံတွေကြောင့် လူတွေမှာ အကြားအာရုံ ပျက်စီးတာ၊ စိတ်ဖိစီးမှုနဲ့ သွေးဖိအားမြင့်တက်တာတွေ ဖြစ်စေတတ်ကြောင်း ယေဘုယျအားဖြင့် တွေ့ရှိရပါတယ်
လေယာဉ်နဲ့ သင်္ဘောတွေက ထွက်တဲ့ အသံလှိုင်းတွေကြောင့် ငှက်နဲ့ ဝေလငါး၊ လင်းပိုင် စတဲ့ သတ္တဝါတွေ အချင်းချင်း အသံလှိုင်း ပဲ့တင်သံထပ်နည်းအားဖြင့် ဆက်သွယ်မှုကို ထိခိုက်စေနိုင်ပါတယ်
အချို့နိုင်ငံတွေမှာ ဥပဒေနဲ့ နည်းဥပဒေတွေ သတ်မှတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အနီးအနားပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်အောင် အမြဲမပြတ် နေ့စဉ် အသံလှိုင်းသတ်မှတ်ချက်ထက် မကျော်လွန်အောင် စောင့်ကြည့်တိုင်းတာကြလေ့ရှိတာကို လေ့လာတွေ့ရှိရပါတယ်
ကိုးကားချက် (References):
https://education.nationalgeographic.org/resource/noise-pollution/
https://www.conserve-energy-future.com/causes-and-effects-of-noise-pollution.php
https://www.procore.com/library/construction-noise
Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar/
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …
#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် #GREENforAllonEarth #Tips #NoisePollution
Keep Reading