Hein Zaw

မိဘအများစုက ကိုယ့်ကလေးရဲ့တိုးတက်မှုနဲ့ပတ်သက်ရင် ကျောင်းစာတော်ဖို့ကိုပဲ အဓိကအာရုံစိုက်တတ်ကြတယ်။ ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့ အမြဲတွန်းအားပေးကြတယ်။ တချို့မိဘတွေဆို ကိုယ့်ကလေးက အဆင့် ၁၊ ၂၊ ၃ ဝင်နေမှ။ မဝင်ရင် အဲဒီကလေး ဖိအားပေးမှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတော့တာပဲ။
ဆိုတော့ တကယ့်လက်တွေ့ဘ၀မှာ အောင်မြင်ဖို့၊ ထူးချွန်ဖို့ဆိုရင် ကျောင်းစာတော်ဖို့က အဲဒီလောက် အရေးကြီးသလား၊ ကျောင်းစာတော်တဲ့သူတွေ လက်တွေ့မှာဘယ်လောက် ထူးချွန်ပေါက်မြောက်ကြသလဲ ဆိုတာက စိတ်ဝင်စားစရာပါ။ လေ့လာမှုတွေအရ နယ်ပယ်အလိုက်ထူးချွန်တဲ့သူအများစုဟာ ကျောင်းတုန်းက သူတို့ရဲ့ပညာရေးက အပြစ်အနာအဆာကင်းခဲ့ကြတာမဟုတ်ပါဘူးတဲ့။ တချို့ဆို သာမန်အဆင့်နဲ့ ကျောင်းပြီးလာကြတာပါ။ ကျောင်းမှာ စာသိပ်တော်ခဲ့သူတချို့ကျတော့လည်း လက်တွေ့ဘ၀မှာ သာမန်အခြေအနေနဲ့ ဖြတ်သန်းနေကြတာပါပဲ။
ဆိုလိုချင်တာက ကျောင်းပညာရေးဟာ အခြေခံအနေနဲ့ အရေးပါတာမှန်တယ်။ တချို့ ကျောင်းမှာစာတော်ခဲ့သူတွေ လက်တွေ့မှာ အောင်မြင်ကြီးပွားနေကြတာတွေလည်း မရှိဘူးမဟုတ်၊ ရှိပါတယ်။ ဒါပေမဲ့ ကျောင်းစာတော်တာတစ်ခုတည်းက ဘ၀မှာထူးချွန်ပေါက်မြောက်၊ ကြီးပွားဖို့အတွက် လုံလောက်တဲ့အဖြေတော့မဟုတ်ဘူး။
ကျောင်းစာဆိုတာက ဒါသင်၊ ဒါကျက်ပြီး ဒါဖြေရင် အောင်တာပဲ။ ဂုဏ်ထူးထွက်တာပဲ။ ဘယ်အခန်းတွေပိုင်ရင် စာမေးပွဲအောင်တဲ့ ပုံသေနည်းတောင်ရှိတယ်
Unlock to read this premium article with 100 points.