မြသွန်း(တောင်ဒဂုံ)

?လူတစ်ချို့က အပေါ်ယံပိုင်းမှာပဲ လူတစ်ယောက်လိုပြုမူနေထိုင်နေလို့ လူကောင်းတွေပဲလို့ ထင်ရတတ်ပါတယ်။ အမှန်တော့ အဲ့လိုလူတွေရဲ့စိတ်ထဲမှာ တိရိစ္ဆာန်တွေထက်တောင်ညံ့ဖျင်းပြီး ကြောက်စရာကောင်းတဲ့ စိတ်ရိုင်းစိတ်ယုတ်တွေရှိတယ်ဆိုတာကိုတော့ သူတို့က ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒါကိုမသိဘဲ အဲ့လိုလူတွေကိုသာ လုပ်ပိုင်ခွင့်အာဏာပေးလိုက်မယ်ဆိုရင်တော့ ရလဒ်က မတွေးဝံ့စရာပါပဲ။ ဒီနေ့ပြောပြပေးသွားမယ့် ကောင်မလေးကလည်း အဲ့လိုလူတွေကိုမှတ်တမ်းယူချင်လို့ သူ့ကိုယ်သူစတေးပြီး အန္တရာယ်တောထဲကို ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။
?(၁၉၇၄)ခုနှစ်မှာ သရုပ်ပြအမျိုးသမီးတစ်ဦးက (၆)နာရီလုံးလုံး ကျောက်ရုပ်ကြီးတစ်ရုပ်လိုပဲ မလှုတ်မယှက်ဘဲနေခဲ့ပါတယ်။ ပြီးတော့ အဲ့လိုကျောက်ရုပ်လိုဟန်ဆောင်နေစဉ်အတွင်းမှာ တစ်ခြားသူတွေဘယ်သူကပဲဖြစ်ဖြစ် သူမကို ဘာမဆိုလုပ်လို့ရနိုင်တယ်ဆိုပြီး ခွင့်ပြုထားခဲ့ပါတယ်။ ဟုတ်ပါတယ်..ဘာပဲဖြစ်ဖြစ် သူမကိုလုပ်လို့ရပါတယ်။ ဆိုတော့ အဲ့ဒီမှာပဲလူတစ်ချို့ရဲ့ dark sideကလည်းပွင့်ထွက်လာပါတော့တယ်။ သူမကိုယ်တိုင်ကိုကခွင့်ပြုထားတာဆိုတော့ ဘယ်တရားဥပဒေကမှလည်း မကယ်နိုင်တော့ပါဘူး။ ဒီအမျိုးသမီးရဲ့နာမည်ကတော့ Abramovic Marinaလို့ခေါ်ပါတယ်။
?Marinaက သူမဟာအရာဝတ္ထုတစ်ခုဖြစ်တယ်လို့ကြေညာပြီးတော့ အခန်းတစ်ခန်းရဲ့အလယ်မှာ အရုပ်မလိုပဲ ကျောက်ရုပ်ပုံစံရပ်နေခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ဘေးမှာရှိနေတဲ့ စားပွဲပေါ်မှာလည်း ပစ္စည်း(၇၂)မျိုးကို တင်ထားပါသေးတယ်။ တစ်ခြားသူတွေက အဲ့ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့ သူမကို ဘာပဲလုပ်လုပ်အကုန်လုပ်နိုင်တယ်၊ သူက အားလုံးကို တာဝန်ယူပါတယ်ဆိုပြီး ကြေညာထားလိုက်ပါတယ်။ အဲ့ဒီပစ္စည်းတွေထဲမှာ အန္တရာယ်မဖြစ်စေတဲ့အရာတွေရော၊ တူတို့ အချွန်တို့လို အန္တရာယ်ဖြစ်စေတဲ့အရာတွေပါ အားလုံးရောနှောနေတာပါ။
?အစကတော့ လူတွေက သိပ်ပြီးတော့ အကြမ်းပတမ်းမလုပ်သလို ညင်ညင်သာသာပဲ အသားကိုတို့ထိတာတွေ၊ ဝိုင်းမပြီးတော့ ရယ်စရာကောင်းတဲ့ပုံစံတွေကိုပဲ ပြုလုပ်ခဲ့ပါတယ်။ ဒါမယ့် မကြာပါဘူး.. အခြေနေက ဆိုးသထက်ဆိုးရွားလာပါတော့တယ်။ (၃)နာရီအကြာမှာ Marinaရဲ့ခန္ဓာကိုယ်ပေါ်မှာလည်း အဝတ်တောင်မကပ်နိုင်တော့ပါဘူး။ သူတို့က သူမရဲ့အင်္ကျီကို ဆွဲဖြဲလိုက်ကြပါတယ်။ နောက်တော့ စတင်ပြီး မဖွယ်မရာအပြုအမူတွေကိုလည်း လုပ်လာပါတော့တယ်။ ဒါတင်မဟုတ်သေးပါဘူး.. (၄)နာရီအကြာမှာ လူတစ်ယောက်က ဘလိတ်ဓားတစ်ချောင်းကိုယူပြီး Marinaရဲ့လည်ပင်းနဲ့မျက်နှာကိုလှီးနေခဲ့ပါတယ်။
? ဒါ့အပြင် တစ်ခြားလူတစ်ယောက်ကလည်း သူမရဲ့ခန္ဓာကိုယ်ကို အဆူးတွေနဲ့ထိုးနေခဲ့ပါသေးတယ်။ ဒါမယ့် Marinaကတော့ အရုပ်မလိုဟန်မပျက်သွားအောင် တောင့်ခံနေဆဲပါပဲ။ နောက်ဆုံး(၂)နာရီအတွင်းမှာဆိုရင် သူမရဲ့လက်ထဲကိုလက်နက်ထည့်ထားပေးပြီးတော့ လည်ပင်းကိုချိန်နေသလိုမျိုး ပြုလုပ်ခဲ့ကြပါတယ်။ ဒါမယ့်လည်း တစ်ခြားလူစိတ်ရှိတဲ့လည်ပတ်သူတွေက အခုလိုလုပ်ရပ်ကို ဝိုင်းဝန်းတားမြစ်ခဲ့ကြပါတယ်။ Marinaတစ်ယောက်လည်း သတ်မှတ်ချိန်ပြည့်သွားတော့ ထပ်ပြီးဟန်မဆောင်နိုင်တော့တာနဲ့ စတင်လှုတ်ယှက်လာပါတော့တယ်။ အဲ့လိုလည်းလှုတ်ရော လူတွေအားလုံးက လန့်ဖျန့်ပြီးတော့ပြေးလိုက်ကြတယ်ဆိုတာ တကယ်ကိုသရုပ်ပျက်တာပါပဲ။ ဒါတွေအားလုံးရဲ့နောက်ဆုံးမှာ သူမလည်း အင်မတန်ကိုစက်ဆုတ်ရွံ့ရှာဖို့ကောင်းပြီး ကြောက်စရာကောင်းတဲ့ လူတစ်ချို့ရဲ့စရိုက်စစ် စရိုက်မှန်တွေကိုလည်း သိရှိသွားခဲ့ပါတယ်ရှင်...
Keep Reading