Author's Profile Photo

Nu Lwin

13/03/2025

အဆင့်အတန်း ဆိုသည်မှာ

1 min read
Personal Development
Culture
Environment & Sustainability

အဆင့်အတန်းဆိုသည်မှာ

လောကမှာ လူရယ်လို့ ဖြစ်လာလို့ရှိရင် အဆင့်တန်းရှိရှိ သိက္ခာရှိရှိ ချမ်းချမ်းသာသာ နေချင်ကြတာ ဓမ္မတာပါ "အဆင့်အတန်း" စကားလုံးလေးက လေးလုံးတည်းရယ်ပါ သို့သော် အနက်အဓိပ္ပါယ် ဖွင့်ဆိုပုံတွေက တဦးနဲ့ တဦးရဲ့စိတ်နေသဘောထားပေါ် မူတည်ပီး ကွဲပြားခြားနားပါတယ် တချို့တွေက ငွေကြေးချမ်းသာမှ အဆင့်အတန်းရှိတယ် ခေတ်မီ ပစ္စည်းကောင်းတွေ သုံးဖြုန်းနိုင်မှ အဆင့်အတန်းရှိတယ်တဲ့ ကြွယ်ဝချမ်းသာတဲ့သူတွေမှပဲ အဆင့်အတန်းဆိုတာ ရှိပါသလား ဆင်းရဲမွဲတေနေတဲ့သူတွေမှာရော အဆင့်အတန်းဆိုတာ မရှိတော့ဘူးတဲ့လား ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတဲ့လူချင်းအတူတူ တနေ့ထမင်းသုံးနပ်စားနေကြတဲ့လူချင်းအတူတူ ဘာဖြစ်လို့များ ခွဲခြားခွဲခြား ဆက်ဆံချင်ကြပါလိမ့် စဉ်းစားတိုင်း စဉ်းစားတိုင်း အဖြေရှာမရခဲ့ စာရေးသူ ခံယူထားတဲ့ အဆင့်အတန်းဆိုတာကတော့ ဆင်းရဲချမ်းသာ ပစ္စည်းဥစ္စာ သုံးဖြုန်းနိုင်မှု့နဲ့ လားလားမှ မဆိုင်ဘူးလို့ထင်ပါတယ် လူတယောက် ဘယ်လောက်ဆင်းရဲ ဆင်းရဲ ကိုယ်ကျင့်သီလကောင်းနေပီး စိတ်ရင်းသဘောထားမွန်မြတ်ဖြူစင်တယ်ဆိုရင် ပတ်ဝန်းကျင်က လေးစားကြတာ အထူးပြောစရာမလိုပါ ပိုက်ဆံတွေ မရေမတွက်နိုင်အောင် ချမ်းသာသော်လည်း ပစ္စည်းဥစ္စာတွေ ပြည့်စုံသော်လည်း လူက လူ့ဂွစာ စာရိတ္တက ဟိုးအောက်ဆုံးမှာဆိုရင်တော့ သူ့အဆင့်အတန်းကို သူ့နားကပ်ပီး သာပေါင်းညာစားလုပ်နေတဲ့သူတွေက အထင်ကြီးရင် အထင်ကြီးမယ် တခြားသူတွေကတော့ သူ့ကွယ်ရာမှာ အထင်သေး ကဲ့ရဲ့မည်မှာ မလွဲဧကန်ပါ လူတွေသည် အပေါ်ယံအရေပြားတထောက်စာအလှနှင့် အပေါ်ယံရှပ်ပြေး ပြင်ဆင်ချယ်မှုန်းထားမှု့များကို အလွန်အမင်း နှစ်သက်ကြပါသည် လှတပတ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့သူနဲ့ ပေကတိပေကစုပ် မွဲချောက်ချောက် မပြင်မဆင်လုပ်ထားတဲ့သူနဲ့ နှစ်ယောက်ယှဉ်ပီး လမ်းသွားပါက လူအများစုက လှတပတသပ်သပ်ရပ်ရပ် လုပ်ထားတဲ့သူကိုပဲ အဆင့်အတန်းရှိတယ် မြင်ရတာ ကျက်သရေရှိတယ်လို့ထင်ကြပါတယ် ပေရေ

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အချိန်ဆွဲတာကိုကုစားမယ်

Unlock to read this premium article with 10 points.