Thar Htoo-Be Unique
Don't change!
မပြောင်းလဲနဲ့လို့ပဲ
ပြောချင်ပါတယ်...။
ပြောင်းလဲမှုက အားယူရတယ်၊
ပြောင်းလဲမှုက ရုန်းထွက်ရတယ်၊
ပြောင်းလဲမှုက သက်တောင့်
သက်သာမဖြစ်စေဘူး၊
ကြားထဲ ကိုယ့်စိတ်ဆန္ဒမပါဘဲ
တခြားလူရဲ့တွန်းအားကြောင့်
လုပ်သာလုပ်ရတာ၊ ကိုယ့်ကိုယ်ကို
မပိုင်သလိုခံစားရတယ်။
ကိုယ့်ကို တဖက်လူက အမိန့်ပေးသလို
ဖြစ်စေတယ်။
ဒီတော့ အတက်အကျများပြီး၊
မာနလေးခံမိပြီး
ပုံစံဟောင်းဆီ ပြန်လှည့်တယ်။
(တဖက်မှာလည်း ဘဝဆိုတာကို
သေချာခံစားဖူးဖို့၊
တွေ့ကြုံဖို့ အချိန်တခု
လိုအပ်တယ်)
Role model တွေကိုကြည့်ပြီး
လိုက်လုပ်တယ်။ သူတို့က
ရေရှည်တည်ဆောက်ထားကြသူတွေဖြစ်လို့
ကိုယ့်ရဲ့ Chapter 1 နဲ့သွားတုရင်
လဲသွားနိုင်တယ်။
ပြောင်းလဲမှုအစား
Evolve-ဆင့်ကဲတိုးတက်မှုပြောင်းလဲမှုဖြစ်စဉ်
ကိုသာလုပ်ဆောင်ပါ။ ပြောင်းလဲတာချင်း
တူပေမဲ့ ဒီအရွေ့က ကိုယ့်ဆန္ဒပါလို့
ရေရှည်ဖြစ်စေတယ်၊
ညင်သာတယ်၊မိမိနဲ့မိမိကြား
ချိတ်ဆက်မှုပိုဖြစ်စေတယ်။
ကိုယ့်ရဲ့ပြောင်းလဲမှုခရီးစဉ်မှာ
ကိုယ်တိုင်လုပ်ဆောင်ရလို့၊ ကြုံရလို့
အတက်အကျကြား၊ ကိုယ့်အတွက်
ကိုယ်ရှိစေတယ်။ ပိုပြီးရင်းနှီးလာစေတယ်။
အတွင်းအပြင်ပြောင်းလဲမှုလို့ဆိုနိုင်တယ်။
နောက်ဆုံးပိုပြီး စိတ်ကျေနပ်စေတယ်။
တကယ်လည်း
တိုးတက်ပြောင်းလဲမှုက
ဖြစ်စဉ်ဖြစ်ပါတယ်။
Don't change but evolve....
Thar Htoo-Be Unique
B'UNIQ-Coaching
Be Unique Living
@topfans
Keep Reading