ဧဝရ
တစ်ခါတုန်းက သစ်စေ့နှစ်စေ့ရှိတယ်။ပထမသစ်စေ့ကပြောတယ်။ငါအပင်ဖြစ်ချင်တယ်။ငါရှင်သန်ချင်တယ်။ငါကြီးထွားချင်တယ်။ငါ့ရဲ့အမြစ်တွေကို မြေကြီးရဲ့ ဟိုး အနက်ရှိုင်းဆုံးနေရာအထိ တိုးဝင်စေချင်တယ်။မြေအောက်ရေကိုငါသောက်မယ်။ငါ့ရဲ့ ပွင့်ရွက်သစ်လေးတွေကို နေရောင်ခြည်အောက်မှာ ငွားငွားစွင့်စွင့် ပြန့်ကားစေချင်တယ်။နွေဦးမှာတိုက်ခတ်လာတဲြ လေနုအေးအေးလေးက ငါ့သစ်ရွက်ကြိုကြိုကြားကြား တိုးဝှေ့သွားတာကို ငါခံစားချင်တယ်။ပျားပိတုန်းလေးတွေ ငါ့ရဲ့ပွင့်ဝတ်လွှာတွေကြားမှာ ပျံသွားရင်း ဝတ်ရည်စုပ်တာကို ငါထိုင်ကြည့်ချင်တယ်။ငါအပင်ကြီးဖြစ်လာတဲ့အခါ ငါ့့အရိပ်အောက်မှာ လူတွေ ဝင်ရောက်ခိုနားတာကို ငါလိုချင်တယ်။ ငါ့ရဲ့ အကိုု်းအခက်တွေအပေါ်မှာ ငှက်ကလေးတွေ အသိုက်ဆောက်နေတာ၊ မနက်တိုး ကျီကျီကျာကျာ အော်တာလေးတွေ နားထောင်ချင်တယ်။ငါအရိပ်ကောင်းတဲ့အပင်ကြီးဖြစ်ချင်တယ်။
ပြောတဲ့အတိုင်းပဲ သူဖြစ်ချင်တဲ့အတိုင်းဖြစ်သွားခဲ့တယ်။
နောက်သစ်စေ့တစ်စေ့ကတော့ပြောတယ်။ငါအပင်ပေါက်လာတဲ့အခါ ငါ့ရွက်ညွန့်သစ်လေးတွေ မြေကြီးပေါ်ကိုတိုးထွက်နိုင်ပါ့မလား။မတော်လို့များ ကျိုးကျတ်သွားရင် ဘယ်လိုလုပ်မတုန်း။ငါ့အမြစ်တွေကရော။ဒီမြေကြီးမာမာကြီးကို တိုးဝင်နိုင်ပါ့မလား။ငါ့အညွန့်လေးတွေထွက်လာရင်ရော။ပက်ကျိတွေစားသွားရင် ဘယ်လိုလုပ်မလဲ။ နေပြင်းတဲ့နေ့တွေမှာ ငါ့အညွန့်လေးတွေ ညှိုးကုန်ရင်ရော။လေပြင်းမုန်တိုင်းတွေတိုက်လို့ မိုးရွာရင်ရော။ငါရေထဲမြောသွားမလား။ငါ ပန်းပွင့်တဲ့အခါကျတော့ရော။ကလေးတွေ ခူးဆွတ်ခြေမွလိုက်ရင် ငါပျက်စီးရချေရဲ့။ငါကြီးထွားလာရင်ရော။လူတွေ ငါ့အကိုင်းအခက်တွေကို ခုတ်ချလိုက်ရင် ....။ မဖြစ်ဘူး မဖြစ်ဘူး။အချိန်ကောင်းကိုစောင့်ရမယ်။ငါကြီးထွားဖို့ အချိန်ကောင်းကိုစောင့်ရမယ်။
တစ်နေ့မှာတော့ ဥယျာဉ်ထဲအစာရှာထွက်လာတဲ့ ကြက်မတစ်ကောင်ဟာ ဟိုယက် သည်ယက်လုပ်ရင်း အချိန်ကောင်းကို စောင့်နေတဲ့ သစ်စေ့ကိုတွေ့တော့ ဆတ်ခနဲကောက်စားသွားခဲ့တယ်။
——————————
ဒီပုံပြင်လေးကို ဖတ်ပြီး Message နှစ်ခုရလိုက်တယ်။
ပထမတစ်ခုက ဘာလဲဆိုတော့ အချိန်ကောင်းကို စောင့်မနေပဲ ကိုယ့်မှာရှိတာနဲ့စပြီး ကိုယ်လိုချင်တဲ့အရာကို တည်ဆောက်ထားဖို့ပါပဲ။စလုပ်ဖို့ ကြောက်နေမယ့်အစား ရှိတာနဲ့စထားတဲ့သူတစ်ယောက်ဟာ အချိန်ကောင်းကိုယ့်ဆီ ရောက်လာတဲ့အခါကျရင် အရှိန်နဲ့ တစ်ဟုန်ထိုး ကြီးထွားသွားလို့ရပါတယ်။အဲ့ဒါအပြင် လောကဓံကိုကြောက်လို့ ကိုယ့်ရဲ့ ခြေလှမ်းတွေကို နောက်မဆုတ်လိုက်မိဖို့လည်း Message ရပါတယ်။
ဒုတိယတစ်ခုကဘာလဲဆိုတော့ ကိုယ့်ကိုယ်ကို ပြန်ပြောနေတဲ့စကား (Self Talk) တွေဖြစ်ပါတယ်။ကိုယ့်ကိုယ်ကို Negative Self Talk ပြောတဲ့သူတစ်ယောက်ဟာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအား (Ability) နဲ့ ဖြစ်နိုင်ချေ (Potential) တွေကို ချိုးနှိမ်ပစ်လိုက်တာနဲ့ အတူတူပဲလို့ထင်ပါတယ်။Positive Self Talk နဲ့ ကိုယ့်ရဲ့ Goals တွေဆီကို တစ်စိုက်မတ်မတ် လျှောက်နိုင်တဲ့ သူကတော့ ကိုယ်ဖြစ်ချင်တာဖြစ်ကို ဖြစ်တယ်ဆိုတဲ့ Message တွေပဲဖြစပါ်တယ်။
အခုချိန်မှာတော့ ကျွန်တော်ဖြစ်ချင်တာတွေ မဖြစ်သေးပါ။ဒါပေမယ့် ရှိတာနဲ့စလုပ်ရင်း၊ သစ်စေ့နှစ်စေ့ရဲ့ ကြီးထွားမှုကို မြင်ယောင်ရင်း ကျွန်တော်ဖြစ်ချင်တဲ့ ပန်းတိုင်တွေအတွက် လက်မလျော့တမ်း ဆက်ကြိုးစားနေမိမှာဖြစ်ပါတယ်ခင်ဗျာ။
- ဧဝရ(Ko Aung Jee)
Join my channels....
My Personal Growth Channel
https://t.me/+vLM6uvASnWsyYWNh
Helping the students with their studies
https://t.me/+pxzriodSwFthNTdl
? ?????????? ????? ?? ??????❮?? ???? ???❯
Keep Reading