အက္ခရာ - Haruki
ဒီနေ့မှာတော့ စာလေ့လာနေတဲ့ ကျောင်းသားလူငယ်လေးတွေအတွက် ကျွန်တော်ကိုယ်တိုင်အသုံးပြုနေတဲ့ စာလေ့လာဖို့အတွက် လိုအပ်တဲ့နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
၁။ အချိန်ဇယား
စာလေ့လာတော့မယ်ဆိုရင် အသုံးပြုမယ့်အချိန်နဲ့ ဘာသာရပ်တွေကို အစီအစဉ်တကျလုပ်ထားပြီးတော့ သေချာအချိန်ဇယားဆွဲထားဖို့လိုအပ်ပါတယ်။
၂။ မလိုအပ်တာတွေဖယ်ပါ
စာလေ့လာဖို့နေရာသီးသန့်တစ်ခုသတ်မှတ်ပြီးသွားရင် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အရာတွေအားလုံးကိုလည်း ဖယ်ထားရပါမယ်။ ဖုန်းလိုမျိုး အာရုံအလွယ်တကူပျံ့သွားစေနိုင်တဲ့အရာတွေကို စာကြည့်စားပွဲပေါ်မှာမထားခြင်းကအကောင်းဆုံးဖြစ်မှာပါ။
၃။ ထိထိရောက်ရောက်သင်ယူပါ
အတန်းထဲမှာထိထိရောက်ရောက်သင်ယူခြင်းကလည်း ကောင်းမွန်တဲ့လေ့လာမှုကိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်လေ့လာတဲ့အရာတွေကို ပြင်ပဘဝမှာပါလက်တွေ့အသုံးချတယ်ဆိုရင် စာတွေကိုပိုမှတ်မိပြီးတော့ မေ့သွားတာမျိုးဖြစ်မှာမဟုတ်ပါဘူး။
၄။ မှတ်စုရေးပါ
ဒါ့အပြင် စာလေ့လာတဲ့အချိန် မှတ်စုတိုတွေ၊ လက်ရေးစာတိုတွေနှင့် စာအုပ်တွေမှာမှတ်သားပေးခြင်းက သာမာန်စာလေ့လာတာထက်ပိုပြီးမှတ်မိရလွယ်ကူစေနိုင်ပါတယ်။
၅။ ဂီတ
စာလေ့လာနေချိန်မှာဖွင့်မယ့် ဂီတသံအပါအဝင် အားလပ်ချိန်မှာစားမယ့်သရေစာမုန့်တွေကိုပါ သေချာဂရုတစိုက်ပြင်ဆင်ထားသင့်ပါတယ်။ လုံလောက်တဲ့အနားယူမှုရခြင်းကလည်း ထိရောက်တဲ့စာလေ့လာမှုကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေထဲမှာပါဝင်ပါတယ်ခင်ဗျာ။
ᏂᏗᏒᏬᏦᎥ
Keep Reading