
ယဥ်သီရိလှိုင်(ဆောင်း)

ငရဲတမျှ
အပိုင်း ၅
"အသက် နိုးပြီလား "
"....ဟင် ရှင် .. ဖယ် ကယ်ကြပါ ကယ်ကြပါဦး ဘယ်သူရှိလဲ တယောက်ယောက်ရှိလား"
"အသက် တိတ်စမ်း ကိုအကောင်းပြောနေတာတိတ်စမ်း "
"ဟင့်....တောင်းပန်ပါတယ် ကျွန်မတောင်းပန်ပါတယ် ကျွန်မကိုမသတ်ပါနဲ့ ....တောင်းပန်ပါတယ်"
ကျွန်မလက်အုပ်ချီကာ သော့်ကိုတောင်းပန်မိတယ်
"ကိုကဘာလို့အသက်ကိုသတ်ရမှာလဲကွာ ကိုအသက်ကိုချစ်လို့ယူခဲ့တာလေ လာပါဦး"
"ဟင့်အင်း ကြောက်တယ် မလုပ်ပါနဲ့ တောင်းပန်ပါတယ်"
"အသက် ကိုကောင်းကောင်းပြောနေတာမရဘူးလား ဟုတ်လား"
"ဟင့်အင်း တောင်းပန်ပါတယ် ဟီး.."
"သော်လင်း ငါဝင်ခဲ့မယ်"
"ဟုတ်အမ"
အမကကျွန်မကိုကြည့်ကာတလှမ်းချင်းလျှောက်လာသည် အရင်ကကျွန်မမျက်လုံးထဲတွင်လှပပြီးနုနယ်လှတဲ့မိနိးမသားတယောက်ဟာ ခုချိန်မှာလူသတ်သမားတယောက်သာဖြစ်နေတယ်
"အသက် အမပြောတာနားထောင် မကြောက်နဲ့ နော် "
"မလာနဲ့ သွား ကယ်ကြပါ"
ကျွန်မထိုအခန်းထဲမှပြေးထွက်လာခဲ့တယ် အပြင်ရောက်တော့တအိမ်လုံးမှောင်မဲနေပြီး ဘာမှမမြင်ရပေ
"အသက် "
"ဟင့် မလာနဲ့ ကယ်ကြပါ ကယ်ကြ အား"
ကျွန်မခေါင်းကိုတခုခုနဲ့ရိုက်ခံလိုက်ရတာကြောင့် ကျွန်မထိုနေရာမှာလဲကျသွားရသည်
"Sorryအသက်ရာ သော်လင်း ရတယ်မလား "
"ရပါတယ်အမ "
သော်ကကျွန်မကိုချီကာ အခန်းထဲပြန်ခေါ်သွားသည် ကျွန်မခေါင်းမူးနေပြီးသော့်နောက်ကျောကိုသာမြင်ရသည်
"အသက်ရာ မင်းကို့စကားနားထောင်ရမှာ ကိုတို့အိမ်ခွဲပြီးတဲ့ထိငြိမ်ငြိမ်နေရမှာ အခုတော့မင်းမမြင်ချင်တာမြင်ရပြီမလား"
ကျွန်မလက်ကိုဆေးထည့်ပေးပြီးသော်ကကျွန်မကိုစကားပြောနေတာဖြစ်သည် ခြံစည်းရိုးကသံစူးကြောင့်ကျွန်မလက်တွေပေါက်နေပြီးစပ်နေသည် ခေါင်းကဒဏ်ကြောင့် သော့်ကိုစကားမပြောနိုင်
"ချစ်တယ်အသက် ကို့ကိုထားမသွားပါနဲ့ "
ကျွန်မကိုရင်ဘက်ထဲထည့်ကာသူအိပ်ပျော်သွားတယ် အရင်လိုမနွေးထွေးတဲ့ရင်ခွင်မှာကျွန်မ မနေချင်ပေမယ့် ကျွန်မ မသေချင်ပါ .....
။။။။။။။။။
"အသက် အသက် "
ကျွန်မ မနက်ခင်းဟာလဲမလှပတော့ သော့်ရဲ့ခေါ်သံဟာကြောက်စရာတခုပင်
"ထတော့လေမိန်းမရယ် အိပ်ပုတ်လေး မနက်စာစားကြမယ် ပြဦး ခေါင်းကဒဏ်ရာဘယ်လိုနေလဲ လက်ရော"
ကျွန်မသူ့ဆီကထွက်လာမိတယ် ကျွန်မသူ့ရဲ့လက်တွေကိုပင်ကြောက်ပါသည် အပြင်ရောက်တော့ထမင်းစားခန်းမှာအမေနဲ့အမကရောက်နေပြီး ကော်ဖီသောက်နေကြသည် ကျွန်မကြည့်နေတုန်း သော်ကအနောက်ကနေကျွန်မပုခုံးကိုလာကိုင်သည်
"အား .."
"ကိုပါအသက်ရဲ့ မကြောက်ပါနဲ့ လာ "
ကျွန်မကိုတွဲကာ ထမင်းစားခန်းဆီခေါ်သွားသည် အမေကပုံမှန်အတိုင်းထမင်းသာစားနေပြီး အမကတော့ဖုန်းကြည့်ကာကော်ဖီသောက်နေသည်
"ရော့လေအသက် ကော်ဖီ "
"ဟင့်အင်း "
"မုန့်ရော ထမင်းကြော်စားမလားကိုကြော်ပေးမယ်"
"ဟင့်အင်း မစားဘူး"
"အမေ ထမင်းထပ်ထည့်ဦးမလား ကောင်းလားစားလို့ "
"တော်ပြီသမီး ဒါလေးဖယ်ထားနော် အသဲကကုန်ပြီမလား "
"ဟုတ်အမေ "
ကျွန်မအမေစားနေတာကိုကြည့်ပြီး ညကမြင်ခဲ့တဲ့အသားတွေကိုမြင်ယောင်သွားမိတယ် ချက်ချင်းကျွန်မပျို့တက်လာပြီး အိမ်သာကိုသွားရသည် ကျွန်မကြောက်စိတ်ရော ရွံရှာစိတ်တွေပါဖြစ်နေပြီး ထိုနေရာကထွက်ပြေးချင်မိသည်
"အသက်ရလား "
"အလုပ် အလုပ်သွားရမှာ "
"ဘာလို့သွားမှာလဲ မသွားနဲ့တော့ နော်"
"မရဘူး အလုပ်ကပျက်လို့မရဘူးလေ သွားမှရမှာ"
"အသက် ကို့ဆီကထွက်မပြေးနဲ့လို့ပြောထားတယ်မလား လာ မုန့်လာစား"
"အသက် ခနနေအမအခန်းထဲလာခဲ့ဦး"
"ဟုတ်"
ခနနေတော့ အမအခန်းထဲဝင်သွားပြီးအမပေးတဲ့အချောင်းလေးယူလိုက်တယ်
"ဆီးစစ်တံ အသက်ကြည့်ရတာတမျိုးဘဲရာသီမလာတာဘယ်လောက်ရှိပြီလဲ"
"မသိဘူး"
အမှန်တော့ကျွန်မရာသီမလာတာ ၂လကျော်နေပါပြီ
"စစ်ကြည့်လိုက် "
ကျွန်မ အမပြောတဲ့အတိုင်းတသွေမသိမ်းလုပ်ပါတယ် ကျွန်မသူ့ကိုအမှန်တကယ်ကိုကြောက်တာကြောင့်သူပြောတဲ့အတိုင်းသာလုပ်ခဲ့တယ် ထိုအချောင်းလေးမှာအနီကြောင်းလေး၂ကြောင်းကထင်းနေတာကြောင့်ကျွန်မလန့်သွားမိတယ် ကျွန်မကြည့်နေတုန်းအမကဖြတ်ခနဲယူလိုက်တယ်
"သော်လင်းရေ အမေ့"
ကျွန်မဗိုက်ထဲမှာ ကလေးရှိနေပြီ ဒီမိသားစုမှာတော့မွေးဖွားလာလို့မဖြစ် ကျွန်မကလေးကိုလူစင်စစ်တွေရှိတဲ့နေရာမှာရှင်သန်စေရမည်
"အသက် ကိုပျော်လိုက်တာကွာ ကျေးဇူးပါအသက်ရယ် ကျေးဇူးပါ "
သူကအရမ်းပျော်နေပေမယ့် ကျွန်မအတွက်ငရဲတခုသာပင်
မနက်ဖြန်ဆို သော်သဘော်တက်ရတော့မယ် ကျွန်မထိုနေ့ကစလို့ နေ့ရက်တိုင်းကိုပျော်ရွှင်မှုမရှိတဲ့ဘဝမှာနေနေရပြီး ကျွန်မကိုယ်ကျွန်မ အပစ်တင်မိတယ် ကျွန်မသာထိုအခန်းထဲမဝင်ခဲ့ရင်ဒီလိုတွေဖြစ်မှာမဟုတ်ဘူး
"အသက်ရေ အက်ျီလဲလေ ဆေးခန်းသွားမယ် "
ကျွန်မအတွေးတခု ခေါင်းထဲပေါ်လာသည် ထိုနည်းလမ်းသာလျှင်ကျွန်မရဲ့လွတ်မြောက်ရာဖြစ်လိမ့်မည်
"လှလိုက်တာအသက်ရယ် ဗိုက်ထဲက ကလေးလေးက အသက်ကိုယ်ပွားလေးဘဲဖြစ်မှာ"
သော်နဲ့ကျွန်မဆေးခန်းလာခဲ့ပြီး ultrasound ရိုက်ဖို့အခန်းထဲဝင်တော့ ကျွန်မကိုဆရာမကသေချာကြည့်တယ် အတတ်နိုင်ဆုံးကျွန်မရဲ့ ကြောက်ရွံ့မှုတွေကိုမျက်နှာမှာဖော်ပြခဲ့ပေမယ့် ဆရာမကမမြင်ခဲ့ဘူး
"ကလေးက ၁လကျော်ကျော်ဘဲရှိသေးတယ်နော် နုသေးတယ် ဒီမှာလေ ဒါလေး အမေရောကလေးရောကျန်းမာပါတယ်"
"ဟုတ်ဆရာမ သားလေးလား သမီးလေးလားဗျာ"
"အယ် မသိရသေးဘူးလေ ကြည့်ဦး ကလေးအဖေက အရမ်းသိချင်နေပြီမေမေရေ"
သော်ကကျွန်မလက်ကိုဆုပ်ကိုင်ထားပြီး သူ့လက်တွေအနဲငယ်တုန်နေတာကိုခံစားမိတယ် သူပျော်နေမယ်ဆိုတာကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မကလေးအတွက်သူ့လိုအဖေမျိုးမရှိစေချင်ဘူး ကျွန်မတယောက်တည်းဘဲကျွေးမွေးစောင့်ရှောက်မယ် ကျွန်မအရဲစွန့်ဖို့ဆုံးဖြတ်လိုက်တယ်
"ဆရာမ "
"ပြောလေ ညီမလေး ဘာမေးချင်လို့လဲ"
"ကျွန်မ ကျွန်မကိုကယ်ပါ"
"ဟင် ဘာ ဘာဖြစ်လို့လဲညီမရဲ့ တခုခုဖြစ်လို့လား"
သော်ကကျွန်မလက်ကိုတင်းနေအောင်ဆုပ်လိုက်တာကြောင့်ကျွန်မလန့်သွားရတယ်
"ဆရာမ အသက်က အခုတလောအိမ်မက်ဆိုးတွေမက်နေတာ အဲ့ဒါကြောင့်ပါ"
"မဟုတ်ဘူး သူ သူကလူသတ်သမားပါ သူလူသတ်တယ် သူ့မိသားစုရောအကုန်လုံး ကယ်ပါ"
ဆရာမကကျွန်မပြောသမျှကိုငြိမ်ပြီးနားထောင်နေကာ ယုံတဲ့ပုံတစက်မှမရှိပါ အံ့ဩမှုတခုသာမြင်ရပြီး ကျွန်မအတွက်မျှော်လင့်ချက်မဲ့သွားရသည် ဒီတိုင်းတော့လက်လျှော့လို့မဖြစ် ကျွန်မတခုခုကြံရမည်
"အာ ဆရာမ အားနာလိုက်တာဗျာ ခွင့်ပြုပါဦး "
"မဟုတ်ဘူး ကယ်ပါ ဆရာမ အင့်..ကယ်ပါ "
"ခနလေး ကလေးဖေဖေ ခနလောက်ဖယ်ပေးလို့ရမလား ကျွန်မစကားလေးပြောကြည့်ချင်လို့ပါ"
"အားတော့နာပါတယ်ဗျာ ကျွန်တော်သွားစရာလေးလဲရှိနေတာမို့ နောက်ပြီးဆရာမကိုလဲစိတ်အနှောင့်ယှက်ဖြစ်မှာစိုးတယ် အသက်ကဒီရက်ပိုင်းအဲ့လိုဖြစ်နေတာ ကယောင်ချောက်ချားဖြစ်နေတာ ကျွန်တော့ကိုလဲလူသတ်သမားလိုစွပ်စွဲနေတာ ညဘက်ဆိုမအိပ်ဘူးအဲ့ဒါကြောင့်ပါ လာ အသက်ရေ သွားမယ်နော်"
"လိမ်တာ သူလိမ်နေတာပါ ဟင့် ကယ်ပါ "
လူနာရှင်တယောက်ရဲ့စကားကိုမငြင်းနိုင်သူတယောက်လိုဆရာမကခေါင်းငြိမ့်ခဲ့တယ် ကျွန်မအတွက်ကျွန်မသာရှိတော့သည်မို့ သော့်လက်ထဲကရုန်းပြီးဆေးခန်းအပြင်ကိုပြေးထွက်ကာ ကျွန်မသော်နဲ့ဝေးရာဆီဝေးနိုင်သမျှဝေးဝေးထွက်လာခဲ့တယ် ထိုဆေးရုံကမြို့နဲ့ဝေးရာမှာဆောက်ထားတာကြောင့် လမ်းသွားလမ်းလာများအတွက်သာအဓိကဖြစ်တယ် ဆေးခန်းသဘောမျိုးလဲကြည့်ပေးပြီး လိုအပ်ရင်လိုသလိုဆေးရုံတက်၍ရသည် ကျွန်မပြေးလာတာ လမ်းမအပေါ်ရောက်လာပြီး လူသူကင်းရှင်းနေတယ် ကားတစီးတောင်မမြင်ရတာမို့ ကျွန်မခြေဦးတည့်ရာပြေးနေခဲ့တယ် ကျွန်မရေအရမ်းဆာနေပြီးခြေကုန်လက်ပန်းကျနေခဲ့ပါပြီ အတော်ကြာပြီးနောက်မှာကားတစီးလာနေပြီးထိုကားကကျွန်မ ရှေ့တည့်တည့်ရပ်လာတယ် ကားပေါ်ကနေမိန်းကလေးတဦးထွက်လာပြီး ကျွန်မကိုလာထူတယ် ကျွန်မသက်ပြင်းမောကြီးတခုကိုဖြေးညင်းစွာချလိုက်မိပါတော့တယ်
"ညီမလေး ရရဲ့လား ဘာဖြစ်လာတာလဲ"
"ခေါ် ခေါ်သွားပေး..ပါ"
"လာလာ ညီမလေး ကားပေါ်တက် "
ထိုမိန်းကလေးကကျွန်မကိုသူ့ဘေးမှာထိုင်စေပြီး ကားမောင်းထွက်ခဲ့ပါတော့တယ် ဒါဟာကျွန်မဗိုက်ထဲကကလေးလေးရဲ့ကုသိုလ်ကံများလား ကျွန်မတို့လွတ်မြောက်ခဲ့ပြီမဟုတ်လား.....
အပိုင်း ၆ မနက်တင်ပါ့မယ်ရှင့်
ချစ်သော readers လေးတွေ😘
Keep Reading