မောင်ဘုန်း
(၁) စာဖတ်သည့် အလေ့အထလုပ်ပါ။
(၂) အရာရာကို လေးလေးနက်နက် တွေးခေါ်ပါ။
(၃) ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
(၄) အကြောင်းအရာမှန်သမျှ စေ့စေ့စပ်စပ် လေ့လာပါ။
(၅) ပြောတိုင်း ယုံသည့်အကျင့် ဖျောက်ပါ။
(၆) စကားကို မပြောသင့်၊ ပြောသင့် အရင်စဉ်းစားပါ။
(၇) ဘယ်အခြေအနေမျိုးကိုမဆို တည်ငြိမ်ရင့်ကျက်ပါ။
(၈) ဘယ်အချိန်မှာပဲဖြစ်ဖြစ် အပြုံးဖြင့် ရပ်တည်ပါ။
(၉) ဘယ်နေရာဒေသပဲရောက်ရောက် သတိ၊ဝီရိယနဲ့ နေပါ။
(၁၀) လူတိုင်းပေါ်မှာ စိတ်ကောင်းထားပါ။
(၁၁) စေတနာသန့်သန့်နဲ့ ကူညီရိုင်ပင်းပါ။
(၁၂) လေကောင်းလေသန့် အမြဲရှူပါ။
(၁၃) သဘာဝရှူခင်းတွေကို အမြဲကြည့်ပါ။
(၁၄) နှလုံးသားထဲကနေ ထာဝရဘုရားတည်ပါ။
(၁၅) စိတ်ကူးတွေ လက်တွေ့အကောင်ထည်ဖော်ပါ။
(၁၆) မိဘကျေးဇူးကိုတော့ သိပါ။
(၁၇) မိမိဝါသနာပါရာကိုတော့ မုချလုပ်ပါ။
(၁၈) လောဘတတ်သင့်သလောက်ပဲ တတ်ပါ။
(၁၉) ဒေါသဖြစ်စေမည့်အရာမှန်သမျှ ရှောင်ကြဉ်ပါ။
(၂၀) ဆင်းရဲတွင်းကနေ ရုန်းထွက်ပါ။
(၂၁) စိတ်ရွှင်လန်းစေမည့် ဟာသကားလေးတွေ ကြည့်ပါ။
(၂၂) သူတစ်ပါးအပေါ် မနာလိုစိတ်လျှော့ပါ။
(၂၃) မိမိကိုယ်ကို တုနိုင်အောင် ကြိုးစားပါ။
(၂၄) အသက်အရွယ်မရွေး ဆရာတင်ပါ။
(၂၅) အောင်မြင်သူတွေဆီကနေ လေ့လာပါ။
(၂၆) လူကြီးသူမအပေါ် ရိုသေပါ။
(၂၇) ဝတ်စားဆင်ယဉ်မှုကို ထိန်းသိမ်းပါ။
(၂၈) ဒုစရိုက်မှုမှန်သမျှ ရှောင်ကြဉ်ပါ။
(၂၉) ဒုက္ခဟူသမျှ သုခမှတ်ယူပါ။
(၃၀) လေးစားသင့်သူမှန်သမျှ လေးစားပါ။
(၃၁) ချီးကျူးထိုက်သူကို ဂုဏ်ပြုပါ။
(၃၂) မိမိအပျော်ကို တစ်ပါးသူဝေမျှပါ။
(၃၃) စိတ်ထဲရှိသည့် ခံစားချက်မှန်သမျှ စာအဖြစ် ချရေးသည့် အလေ့အထပြုလုပ်ပါ။
(၃၄) အမှား/အမှန် ဝေဖန်ပိုင်းခြားပါ။
(၃၅) ကုသိုလ်ကောင်းမှု များများလုပ်ပါ။
(၃၆) ပစ္စည်း သင်္ခါ၊ လူ သင်္ခါမို့ ဘာကိုမှ စွဲလန်းမှုမထားသင့်ပါ။
(၃၇) တစ်ယောက်တည်းနေတတ်အောင် ကြိုးစားပါ။
(၃၈) သူတစ်ပါးရဲ့ အတွေးအခေါ်ကို လက်ခံပါ။
(၃၉) အစားအသောက်ဆင်ခြင်ပါ။
(၄၀) နေ့တိုင်း မေတ္တာပို့ပေးပါ။
(၄၁) သည်းခံစိတ်မွေးမြူပါ။
(၄၂) ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
(၄၃) သူတစ်ပါးနေရာကနေ ဝင်ကြည့်ခံစားပေးပါ။
(၄၄) နှစ်သိပ့်ပေးရမည့်သူကို နှစ်သိပ့်ပေးပါ။
(၄၅) ပရဟိတစိတ်လေး ရှင်သန်ပါ။
(၄၆) ကြီးနိုင်ငယ်နင်း တိရစ္ဆာန်စိတ် ဖျောက်ပါ။
(၄၇) မိမိခံစားချက်ကို ရှေ့တန်းတင်တာလေး လျှော့ပါ။
(၄၈) ရိုးသားပွင့်လင်းပါ။
(၄၉) နေရာတကာမှာ ဆရာကြီးမလုပ်သင့်ပါ။
(၅၀) စကားပြောနေရင် ဖြတ်မပြောသင့်ပါ။
(၅၁) ကလေးငယ်များကို ချစ်ပါ။
(၅၂) တိရစ္ဆာန်လေးတွေလည်း ဂရုဏာထားပါ။
(၅၃) အားလပ်ရက်ခရီးစဉ်လေးတွေ စီစဉ်ပါ။
(၅၄) အကြောက်တရား လျှော့ပါ။
(၅၅) ရှက်သင့်တာကို ရှက်ပါ။
(၅၆) အတင်းတုတ်လေးတွေလည်း လျှော့ပါ။
(၅၇) အပြစ်လုပ်မိရင် ဆေးကြောပါ။
(၅၈) သာသနာကို စောင့်ထိန်းပါ။
(၅၉) ရာထူးသည် မမက်သင့်ပါ။
(၆၀) သူတစ်ပါးမျက်ရည်ကျမှ ထမင်းစားမဝင်သင့်ပါ။
(၆၁) အရာရာတိုင်းကို မ'အ'သင့်ပါ။
(၆၂) ကြင်နာတတ်သည့်နှလုံးသားရှိပါ။
(၆၃) ခေါင်းရှောင်တတ်တဲ့ အကျင့်ဖျောက်ပါ။
(၆၄) တာဝန်နှင့်ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ပါ။
(၆၅) အပြောနှင့်အလုပ် ညီပါ။
(၆၆) သူတစ်ပါးကို မနှောက်ယှက်သင့်ပါ။
(၆၇) မိမိကိုယ်ကို ဝေဖန်သုံးသပ်ပါ။
(၆၈) မိမိချွေး၊ မိမိသွေးနဲ့ ရသည့် ဝင်ငွေကိုပဲ တက်မက်ခုံမင်ပါ။
(၆၉) ကြွားဝါးလိုသည့်စိတ်ကို စိတ်ဖျောက်ပါ။
(၇၀) အမုန်းမပွားသင့်ပါ။
(၇၁) အငြိုးမထားသင့်ပါ။
(၇၂) မိမိကိုယ်ကို ဂုဏ်မဖော်သင့်ပါ။
(၇၃) အနာဂတ်ကို ရှေးရှု့ပါ။
(၇၄) ဘဝကို စနစ်တကျတည်ဆောက်ပါ။
(၇၅) စိတ်ဓာတ်၊ စည်းကမ်း၊ ပညာသည် လူ၏ တန်ဖိုးပါ။
(၇၆) နှုတ်ရိုင်း၊ လက်ကြမ်းသည်းခံပါ။
(၇၇) မျှတစွာ တွေးတောပါ။
(၇၈) သူတစ်ပါးကို မပြိုင်ပါနှင့်၊ မိမိကိုယ်ကို ပြိုင်ပါ။
(၇၉) ကလေးငယ်များကို မြေတောင်မြှောက်ပေးပါ။
(၈၀) အများနှင့်မတူအောင် တီထွင်မှုလေးတွေ ပြုလုပ်ပါ။
(၈၁) ဘယ်အရာကိုမှ မပေါ့ဆသင့်ပါ။
(၈၂) မတရားတာမှန်သမျှ တရားနဲ့ ခြေဖျက်ပါ။
(၈၃) လူကောင်းတစ်ယောက်အဖြစ် ဖြတ်သန်းပါ။
(၈၄) မပျင်းရိသင့်ပါ။
(၈၅) အလုပ်မရွေးသင့်ပါ။
(၈၆) သူတစ်ပါးအနာကို မဆွသင့်ပါ။
(၈၇) ခေါင်းဆောင်ကောင်း ဖြစ်အောင် ကြိုးစားပါ။
(၈၈) ပြဿနာတိုင်းကို မီးမမွေးသင့်ပါ။
(၈၉) မိမိကိုယ်ကို နားလည်ပါ။
(၉၀) လောကကြီးကို စိတ်မပျက်သင့်ပါ။
(၉၁) ကံကို အပြစ်ပုံမချသင့်ပါ။
(၉၂) အမြင်ကျယ်ပါ။
(၉၃) ဘေးပတ်ဝန်းကျင်ကို နားစွင့်ပါ။
(၉၄) ပညာဂုဏ်မမောက်သင့်ပါ။
(၉၅) ဘဝင်လေမဟပ်သင့်ပါ။
(၉၆) အနန္တောအနန္တငါးပါးကို ဦးထိပ်ထားပါ။
(၉၇) ပန်းပျိုလက်ဖြစ်အောင် ကြိုးစားပါ။
(၉၈) အမှန်တရားကို ချစ်မြတ်နိုးပါ။
(၉၉) ဘယ်သူ့ကိုမှ မနိမ့်ချသင့်ပါ။
(၁၀၀) လောကကြီးကို အလှဆင်ပါ။
ဤအချက်တွေထဲကနေ
မိမိလက်လှမ်းမှီသလောက်
ကြိုးစားပြီးတော့ လိုက်နာကျင့်သုံးပါ။
Lovely.
With by Original Uploader.
#Oliver
Keep Reading