Author's Profile Photo

မြ (စံကားဝါမြေ)

24/02/2025

ငါ့ကိုယ်ငါ ပြောင်းလဲခြင်း (‌Book Review)

1 min read
Book Review
ငါ့ကိုယ်ငါ ပြောင်းလဲခြင်း (‌Book Review)'s photo

လူတွေက "ငါ ပြောင်းလဲတော့မယ်၊ ငါ့ကိုယ်ငါ ပိုကောင်းအောင် လုပ်မယ်၊ ငါ အကောင်းဆုံး ကြိုးစားပစ်မယ်" အစရှိသဖြင့် အားပါးတရ ကြုံးဝါးတတ်ကြပါတယ်။ ဒါတွေက တကယ်တော့ Motivation ရလာတုန်း ခဏတာပဲ စိတ်အားတက်ကြွလာတဲ့ ကောက်ရိုးမီးတွေပါ။

ဆိုတော့ ကောက်ရိုးမီးတွေ မတောက်လောင်ဘဲ တကယ် ကြိုးစားပြီး ပြောင်းလဲချင်တယ်ဆိုရင်တော့ ကျွန်မအနေနဲ့ စာရေးဆရာ ဆရာအံ့ဘုန်းခန့်ကျော် ရေးသားထားတဲ့ "ငါ့ကိုယ်ငါ ပြောင်းလဲခြင်း" ဆိုတဲ့ စာအုပ်လေးကို ဖတ်ရှုကြဖို့ အကြံပေးပါရစေရှင်။

ဘာ့ကြောင့် ဒီစာအုပ်ကို ညွှန်းရသလဲဆိုရင် ကျွန်မကိုယ်တိုင် ဒီစာအုပ်လေးထဲက အကြောင်းအရာတွေကို ထဲထဲဝင်ဝင် နက်နက်နဲနဲ ဖတ်ရှုလေ့လာပြီးချိန်မှာ နေ့စဉ် လုပ်နေကျဖြစ်တဲ့ လုပ်ငန်းဆောင်တာလေးတွေကအစ တဖြည်းဖြည်းချင်း ပိုကောင်းတဲ့အရာတွေအဖြစ် ပြောင်းလဲနိုင်လာပါတယ်။

ဒီစာအုပ်လေးဟာ ဆရာ့ရဲ့ ဘဝတစ်ကွေ့မှာ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ကျွန်မတို့ လူငယ်တွေအတွက် ကြိုးစားလိုစိတ်‌တွေ ဖြစ်ပေါ်လာအောင်၊ မလျှော့သော ဇွဲလုံ့လ၊ ဝီရိယတွေ ကိန်းအောင်းလာအောင်နဲ့ ဘယ်လို အန္တရာယ် အခက်အခဲတွေပဲ ကြုံတွေ့လာပါစေ စိတ်ဓာတ်ခိုင်မာစွာ ကျော်လွှားနိုင်အောင် အစရှိတဲ့ အဖိုးတန် အသိပညာတွေကို သီကုံးရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစာအုပ်လေးထဲမှာ -

(၁) ဗဟုသုတ - Knowledge
(၂) စီးပွားရေး - Economy
(၃) ကျန်းမာရေး - Healthy
(၄) တရားဝိပဿနာ - Meditation ဆိုပြီး အပိုင်း(၄)ပိုင်းခွဲပေးထားပါတယ်။

ဒါ့ကြောင့် သုတလိုချင်လို့ပဲ ဖတ်မလား? ဆရာ့ရဲ့ ဘဝအတွေ့အကြုံတွေကို ရသအနေနဲ့ ခံစားဖတ်ရှုချင်ပါသလား? စီးပွားရေးပညာရှင် ဖြစ်ချင်လို့ ဖတ်မလား? (သို့) စီးပွားရေး လုပ်ကိုင်နေသူမို့ ကိုယ့်စီးပွားရေး ပိုမိုတိုးတက်လာအောင် ဖတ်ရှုမလား? နောက်ထပ် လူတိုင်းအတွက် မရှိမဖြစ် ဂရုစိုက်ရမယ့် အရေးအကြီးဆုံး ကျန်းမာရေးအကြောင်းပဲ ဖတ်မလား? ဘာသာတရားကို လေ့လာဖတ်ရှုပြီး မိမိစိတ်ကို ငြိမ်းချမ်းချင်နေပါသလား? အဲ့ဒီစိတ်ဆန္ဒတွေအားလုံး ပြည့်ဝသွားစေနိုင်မယ့် တစ်ခုတည်းသောအရာကတော့ "ငါ့ကိုယ်ငါ ပြောင်းလဲခြင်း" ဆိုတဲ့ စာအုပ်လေးကို ဖတ်ရှုလေ့လာရုံနဲ့ အရာအားလုံး ပြီးပြည့်စုံသွားပါလိမ့်မယ်ရှင်။

ကျွန်မအနေနဲ့ စာဖတ်သူလေးတွေဆီမှာ ဆရာအံ့ဘုန်းခန့်ကျော်ရဲ့ "ငါ့ကိုယ်ငါ ပြောင်းလဲခြင်း" ဆိုတဲ့ စာအုပ်လေးတစ်အုပ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် အလွန်အင်မတန်မှ အဖိုးတန်လှတဲ့ ဘဝကြီးကို ပိုင်ဆိုင်ထားတာနဲ့ အတူတူပါပဲလို့ တင်စားလိုက်ချင်ပါတယ်ရှင်။

နိဂုံးချုပ်အနေနဲ့ ကျွန်မရဲ့ လက်ဦးဆရာတစ်ဆူဖြစ်တဲ့ ဆရာအံ့ဘုန်းခန့်ကျော်အား "ငါ့ကိုယ်ငါ ပြောင်းလဲခြင်း (Book Review)" ရေးသားပြီး ယနေ့ ကျရောက်သော ဆရာရဲ့ (34)နှစ်ပြည့် မွေးနေ့အား ဂုဏ်ပြုလိုက်ရပါတယ်ရှင်။

ဆရာအံ့ဘုန်းခန့်ကျော်ရဲ့ "ငါ့ကိုယ်ငါ ပြောင်းလဲခြင်း" စာအုပ်လေးကို ဖတ်ရှုလိုပါက

Sarpay Lann - စာပေလမ်း

Facebook Page - https://www.facebook.com/Sarpaylannbookstore.22?mibextid=ZbWKwL
Website - sarpaylann.com
Ph.no - 09 772 611 394, 09 790 857 431, 09 761 899 294

Zalatnisarpay - ဇလပ်နီစာပေ

Facebook Page - https://www.facebook.com/share/18TNbppC8p/
Website - zalatnisarpay.com
Ph.no - 09 899 640 668, 09 447 268 267 တို့ကနေ မှာယူဖတ်ရှု လေ့လာနိုင်ပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
24.2.2025(Monday)

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ