Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

23/02/2025

ငရဲတမျှ

5 mins read
Novel
Creative
ငရဲတမျှ's photo

ငရဲတမျှ
အပိုင်း ၃

ကြည့်ရတာ လူပျောက်တဲ့သဘောဖြစ်မယ် ထိုလူကရဲမို့လို့ထင်တယ် မေးခွန်းတွေတရစပ်မေးနေကာ အမေ့ကိုတရားခံလိုသဘောထားနေတာဖြစ်သည်
"ဟုတ်ကဲ့ပါဗျ ဖြေပေးလို့ကျေးဇူးတင်ပါတယ် နောက်သိချင်တာရှိရင်လာမေးလို့ရတယ်မလား"
အမေကတခါမှဒီလိုအမေးမခံရဘူး၍ထင်သည် ချွေးများပြန်နေပြီး အသားတွေတုန်နေသည် သော်ကပြန်လာပြီးအမေ့ကိုတွဲကာအခန်းထဲဝင်သွားသည် တော်တော်ကြာမှထွက်လာပြီးအပြင်ထွက်သွားတော့သည် ဘာတွေဖြစ်နေလဲအကြောင်းစုံမသိပေမယ့် မျက်နှာမကောင်းကြတာအမှန်ပင် သော်ထွက်သွားပြီးနဲနဲကြာတော့အမအပြင်ကနေပြန်လာသည်
"အသက် အမေရော"
"အခန်းထဲမှာအမ ဟိုလေ ရဲတယောက်အိမ်လာသွားတယ် ဒေါ်ထားထားအကြောင်းလာမေးတာ သူပျောက်နေလို့တဲ့"
အမကကျွန်မစကားကိုကြားပြီး အံ့ဩသွားဟန်ရှိသည်
"အင်း အသက်လဲနားတော့လေ သော်လင်း ခနနေပြန်လာလိမ့်မယ် ဝင်နားတော့ "
"ဟုတ်အမ "
ကျွန်မညနေထိစောင့်ပေမယ့်သော်ပြန်မလာသေးတာကြောင့်ခြံထဲထွက်ခဲ့ပြီး​သော့်ကိုစောင့်နေလိုက်သည် ခြံထဲမှာစံပယ်ပင်ပေါက်လေးရယ်နှင်းဆီပန်းပင်အချို့နဲ့ရှားစောင်းလက်ပတ်လေးတွေစိုက်ထားတာကြောင့်ခြံလေးကသိပ်ပြီးအထီးမကျန်တော့ ကျွန်မတူရွင်းလေးနဲ့အပင်လေးတွေဆွပေးနေတုန်း သော်ပြန်လာသည် ကားရပ်လိုက်ပြီးအိမ်ထဲဝင်သွားပြန်သည် ကျွန်မကိုမမြင်၍လားမသိ အနောက်ကနေလိုက်သွားတော့သော်က သော့ပိတ်ထားတဲ့အခန်းထဲဝင်သွားပြီးအထဲကနေလော့ချလိုက်သည် ကျွန်မလည်းထိုအခန်းရှေ့ထိုင်စောင့်နေမိပြန်သည် ခနနေတော့ အခန်းထဲက သော်ထွက်လာသည် ချွေးများထွက်နေပြီး ကျွန်မကိုကြည့်နေသည် တံတွေးများမျိုချနေပြီး အသက်ရှူမြန်နေကာ တခုခုတော့ဖြစ်နေတာသေချာသည်
"သော် အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲအသက်ကိုပြောပြလေ"
"အသက် ထမင်းစားပြီးပြီလား လာသွားစားရအောင် "
"တော်ပြီ ဒီရက်ပိုင်းသိပ်မစားချင်လို့ သော်ဘာဖြစ်လို့လဲအသက်ကိုပြောပြလေ"
"မဖြစ်ပါဘူးအသက်ရဲ့ ဒါဆိုအခန်းထဲမှာစောင့်နေနော် ကိုအမေ့ဆီခနသွားလိုက်ဦးမယ်"
သော်ကပြောရင်းတံခါးကိုသော့ပြန်ခတ်နေသည် လက်ထဲမှာအိတ်အမဲထုပ်တထုပ်ပါပြီးပုံစံက ကတီပါသားပုံစံဖြစ်သည် ကျွန်မအတွက်သိချင်တာတွေအရမ်းများနေတာကြောင့် ထိုအထုပ်ကိုဆွဲယူလိုက်တော့ အိတ်ထဲကနေလက်ဝတ်ရတနာတွေထွက်ကျလာသည်
"အသက် ဘာလုပ်တာလဲ"
သော်ကကျွန်မကိုအော်ကာ ပစ္စည်းတွေကိုကောက်သိမ်းတော့သည် ထိုပစ္စည်းတွေထဲကျွန်မရင်းနှီးတဲ့ပုံရှိတဲ့လက်စွပ်ကိုမြင်လိုက်ရတယ်
"သော် ဒါ ဘာတွေလဲ"
"အမေ့ပစ္စည်းတွေ အသက်ဘာလုပ်မလို့လဲ သွားအခန်းထဲဝင်တော့"
သော်တခါမှကျွန်မကိုမအော်ဖူးပါ ကျွန်မအတွက်အရမ်းထူးဆန်းရပြီး ဝမ်းနည်းရသည်ကျွန်မမျက်ရည်ဝဲမိပေမယ့် သုတ်ပစ်ကာအခန်းထဲအမြန်ဝင်လာခဲ့သည် သော်ကကြောက်စရာအရမ်းကောင်းတာဘဲ ကျွန်မကိုသူအော်ရက်တယ် သေချာပြောပြရင်ရတာကို ဒီလိုအော်ရက်တယ်
ကျွန်မဝမ်းနည်းမိပေမယ့် အတွေးတခုကစိုးမိုးလာပြန်သည် သော်ယူလာတဲ့အထုပ်ထဲမှာ ဒေါ်ထားထားရဲ့လက်စွပ်ကိုတွေ့လိုက်ရတာ ကျွန်မသတိထားမိတဲ့လက်ညှိုးကလက်စွပ် စိန်လေးတွေရံထားတာ ဘာလို့အမေ့ပစ္စည်းလိုပြောတာလည်းမသိ ဒါပေမယ့်လည်းဒီလိုလက်စွပ်ကသူတယောက်တည်းရှိတာမှမဟုတ်တာလေ ကျွန်မလျှောက်တွေးနေတုန်းသော်အခန်းထဲဝင်လာသည် ကျွန်မစိတ်ဆိုးကြောင်းပြဖို့ စောင်ခြုံပြီးတဖက်လှည့်အိပ်နေလိုက်သည် ထင်တဲ့အတိုင်းကိုယ်တော်ချောကအနောက်ကသိုင်းဖက်လာပါပြီ
"အသက် "
"......"
"စိတ်ဆိုးနေတာလား ဟင် "
"ဘာဖြစ်နေတာလဲဖယ် အိပ်မလို့"
"ခြင်ထောင်မချဘူးလား "
"ချမှာလေ ချမလို့ ....ဘာလုပ်တာလဲဖယ်နော်"
"စိတ်ဆိုးနေတာပေါ့ဒါ ဟုတ်လား ကြည့်ပါဦးကို့ကို ကြည့်လို့တောင်မရဘူးလား"
"အိပ်ချင်နေပြီဖယ် "
ကျွန်မသူ့ကိုခုချိန်ထိတခါတောင်စိတ်မဆိုးဖူးပါဘူး ကျွန်မဝမ်းနည်းတာ မသိလေရော့လားသော်ရယ်
"ကိုအော်တာမဟုတ်ပါဘူးအသက်ရယ် "
"အော်တာမဟုတ်ရင်ဘာလဲ သော်တခါမှအသက်ကိုမအော်ဘူး ခု ခုတော့ဒါလေးမေးမိတာကို "
"အသက်ရယ် ကိုစိတ်တွေရှုပ်နေလို့ပါကိုတောင်းပန်ပါတယ် နောက်မဖြစ်စေရဘူး နော်ကတိပေးတယ်. လာပါဦး"
..........................................
ထိုနေ့အပြီး ဟိုရဲလည်းမလာတော့သလို အမေလည်းပုံမှန်လိုနေပြန်ကောင်းနေပြီဖြစ်သည် အဲ့နေ့ကအမေကတခါမှစစ်မေးမခံရဖူးတာကြောင့်ထင်သည် ညဘက်အဖျားတွေတက်ပြီးဆရာဝန်တောင်အိမ်ပင့်လိုက်ရတယ် ကျွန်မလည်းဆိုင်ပြန်ဖွင့်ပြီမို့ပုံမှန်အတိုင်းအလုပ်ပြန်လုပ်တာပေါ့ သော်ကတော့ဘာလုပ်နေမှန်းမသိပေမယ့် စာအုပ်တအုပ်နဲ့အလုပ်ရှုပ်နေတယ် သူ့အလုပ်နဲ့ဆိုင်တာလို့တော့ပြောပါတယ်
"အသက်ရေ အသက်"
"ရှင် "
"အသက်အမနဲ့စျေးလိုက်ခဲ့ပါလား ဝယ်ရမှာလေးတွေများလို့လေ "
" ဟုတ် ခနလေးနော်အမ အဝတ်တွေသွားထားလိုက်ဦးမယ် "
ကျွန်မအဝတ်တွေယူပြီးအိမ်ထဲဝင်တော့ သော်ကအမေနဲ့အတူ ဟိုသော့ခတ်ထားတဲ့အခန်းထဲဝင်သွားတာတွေ့လိုက်ရတယ် ကျွန်မသိချင်စိတ်ကစိုးမိုးနေတာကြောင့် အနောက်ကနေလှမ်းကြည့်လိုက်တော့ စက်ကြီးတခုတွေ့လိုက်တယ် သံချေးရောင်ရှိပြီးဘာစက်မှန်းတော့သေချာမတွေ့ရ
"အသက် "
"အာ ဟို အမနဲ့စျေးလိုက်သွားမလို့သော်ဘာမှာဦးမလဲ "
"မမှာတော့ဘူး "
သော်ကထိုအခန်းထဲကျွန်မကိုလုံးဝမခေါ်ချင်တဲ့ပုံရတယ် ထိုအခန်းရှေ့တွေ့လိုက်ရရင်ကိုသူဒေါသထွက်နေတာ တရက်တော့ သေချာမေးမှဖြစ်မယ်
..........
အမနဲ့စျေးကပြန်လာတော့ အမကကားမောင်းတာ ကြောင့် နဲနဲလောက်မေးကြည့်လိုက်မယ်ဆုံးဖြတ်လိုက်တယ်
"အမ "
"ဟင် ပြောလေ အသက် "
"ဟိုလေ အိမ်မှာသော့ခတ်ထားတဲ့အခန်းကလေ ဘာအခန်းလဲဟင် "
"ဘာအခန်းမှမဟုတ်ပါဘူးအသက်ရဲ့ အမေ့ပစ္စည်းလေးတွေပါ ဘာဖြစ်လို့မေးတာလဲ"
"ဒီတိုင်းပါဘဲအမ ဘာရယ်မဟုတ်ပေမယ့် "
သူ့အမကိုမေးတော့လဲမပြောချင်သလိုမို့ သော့်ကိုသာတိုက်ရိုက်မေးရမယ် ...အိမ်ရောက်တော့သိမ်းဆည်းပြီးတာနဲ့ အခန်းထဲဝင်သွားလိုက်တယ် သော်ကထုံးစံအတိုင်း စာအုပ်ဖတ်နေပြီး သီချင်းတောင်ညည်းနေလိုက်သေးသည် စိတ်ပျော်နေပုံတော့ရတယ် မေးလိုက်ရင်ဘာမှမဖြစ်လောက်ပါဘူး
"သော် "
"အော်အသက် ပြန်လာပြီလား လာပါဦး"
ကျွန်မသော့်ဘေးကပ်ထိုင်လိုက်တော့ သူဖတ်နေတဲ့စာအုပ်ကိုမြင်ရတယ် သူပြောသလိုဘဲစက်ပစ္စည်းတွေအကြောင်းပါဘဲ ကျွန်မအချိန်မဆွဲဘဲစကားစလိုက်တယ်
"သော် မေးစရာရှိတယ် သောခတ်ထားတဲ့အခန်းကဘာအခန်းလဲဟင်"
ကျွန်မကိုလက်တဖက်ကဖက်ထားတာကနေလွှတ်လိုက်ပြီး သေချာကြည့်သည် နောက်
"ဘာဖြစ်လို့လဲအသက် အသက်ဘာမြင်လို့လဲ"
ကျွန်မမြင်လိုက်တာကိုတော့ထုတ်ပြောလို့မဖြစ်
"မမြင်ပါဘူး မေးကြည့်တာ သော်ကတခါမှမပြောပြလို့လေ အသက်သိချင်လို့"
"ကိုအရင်ကကျောင်းသုံးပစ္စည်းတွေဘာတွေထည့်တာပါ အမပစ္စည်းတွေလည်းရှိတယ်"
"စတိုခန်းလဲရှိတာကို ရှုပ်တာပေါ့ "
"မရှုပ်ပါဘူး သက်သက်စီထားတာကောင်းတယ်လေ အသက်ရယ် ဘာတွေသိချင်သေးလဲ အရမ်းစပ်စုတာဘဲကို့မိန်းမက"
သူတို့မောင်နှမကြားမှာတင်အဖြေကကွာနေပြီ ထိုအခန်းနဲ့ပက်သတ်ပြီးကျွန်မကိုလျှို့ဝှက်ထားတာကျိန်းသေပေါက်ရှိရမယ် ကျွန်မအဲ့နေ့ကစလို့ကြုံရင်ကြုံသလိုထိုအခန်းကိုမျက်စိဒေါက်ထောက်လိုက်ကြည့်မိသည် ဆိုင်သွားတဲ့အချိန်တော့မသိပေမယ့် ပိတ်ရက်ဆို သော်လုပ်သမျှလိုက်ပြီးကြည့်တယ် သော်ကသိ၍လားမသိ ကျွန်မကိုအရမ်းလျှို့ဝှက်လာတယ် စိတ်ထဲမှာမဟုတ်တာတွေတောင်တွေးမိသေးသည် သော်နောက်တယောက်များထားနေပြီလား ထိုအခန်းထဲမှာများအဲ့တယောက်နေတာလားဟုပင်တွေးနေမိတာ တရက်တော့ကျွန်မအတွေးမှန်နေပြီလိုပိုထင်သွားစေတာဖြစ်ခဲ့တယ် ကျွန်မပိတ်ရက်မှာအခန်းတွေတံမျက်စီးလိုက်လှဲတုန်း သော်ကချိုင့်တချိုင့်နဲ့ ထိုအခန်းထဲဝင်သွားတာ ခနနေတော့ပြန်ထွက်လာတယ် ထိုအခန်းထဲဝင်သွားပြီးလိုပြန်ထွက်လာတိုင်းသော့်မျက်နှာမှာအပြုံးတခုပါလာစမြဲပင် ကျွန်မစိတ်တွေပူလာမိပြီ
"အမ ဘုန်းကြီးဆွမ်းကပ်ဖို့ချိုင့်ရောဟင် "
"အော် မနေ့ကအမယူသွားတာ ပြန်ယူလာခဲ့မယ်နော် ဖော့ဘူးနဲ့ဘဲထမင်းထည့်လိုက်တော့"
ကျွန်မစကားစတော့ အမကပါရောလိမ်ပေးနေတာဖြစ်နေတယ် သူတို့မိသားစုတခုလုံးဒီကိစ္စကိုဖုံးကွယ်နေကြတာ ဖောက်ပြန်တာမျိုးတော့ကျွန်မလုံးဝအဖြစ်မခံဘူး.......
"ဟုတ်ကဲ့ ဟုတ် ဟုတ်ကဲ့ပါ ဒါဆို၂၂ရက်နေ့နော် ဟုတ်ကဲ့ပါ"
သော်ဖုန်းပြောသံကြားရသလောက် သဘော်တက်ဖို့ရက်ပြောနေတာ ဒီလထဲဆိုရင်တော့သိပ်မလိုတော့ဘူး တပတ်ကျော်လောက်ဘဲလိုတော့တယ် သော့်ဆီကအဖြေကြားရမှဖြစ်မယ် ကျွန်မမေးရမယ်
"သော် ဘာတဲ့လဲ"
"နောက်အပတ်ထွက်ရမှာ လှမ်းပြောတာ ကွာ ကို့မိန်းမလေးနဲ့အတူနေရတာတောင်မဝသေးဘူး "
"သော့်ကိုမေးစရာရှိတယ် အမှန်တိုင်းဖြေနော် "
"ဘာလဲအသက်ရဲ့ မေးစေဗျာ"
"ဟိုအခန်းထဲမှာဘယ်သူရှိနေလဲ မှန်မှန်ဖြေ သော်အသက်ကိုဖောက်ပြန်နေတာလား ပြော "
"ဟမ် ဘာတွေလဲ ဘာကိုဖောက်ပြန်ရမှာလဲ နောက်ပြီးဘယ်အခန်းကိုပြောနေတာလဲအသက်ရ"
"မသိချင်ယောင်ဆောင်မနေနဲ့ သော်အဲ့ခန်းထဲဝင်ဝင်သွားရင်အကြာကြီးဘဲ ဟိုနေ့ကထမင်းချိုင့်ယူသွားတာတွေ့လိုက်တယ် မှန်မှန်ပြော သော် ဖောက်ပြန်နေတာလားလို့ ဟင့် အသက်မှာ အသက်မှာ သော်တယောက်ဘဲရှိတာပါ အဲ့လိုမလုပ်"
"ဟာ တိတ်စမ်း တိတ် ဘာတွေပြောနေတာလည်း ဘယ်သူမှမရှိပါဘူးကွာ ကိုလေဖောက်ပြန်ဖို့တွေးတောင်မတွေးဖူးဘူး ယုံပါကွာ အသက်ကိုတောင်ချစ်လို့မဝတာ "
"ဒါဆို အဲ့အခန်းထဲမှာဘယ်သူရှိနေတာလဲ "
"မ မရှိပါဘူးအသက်ရဲ့ ကဲပါကွာ ငိုမနေနဲ့ ခေါင်းမူးမယ် "
သော်ကနောက်ဆုံးချိန်ထိဖုံးကွယ်ထားတာ အဲခန်းထဲလူရှိတာကျိန်းသေတယ် ကျွန်မခံစားမိနေတယ် ရတယ် သော်မပြောလဲ ကိုယ့်ဘာသာသိအောင်လုပ်မယ် အဲ့နေ့ည ကျွန်မအိပ်ပြီအထင်နဲ့ သော်ထသွားတယ် ကျွန်မသော့်နောက်ကလိုက်ခဲ့လိုက်တယ် သော်ကတံခါးသော့ဖွင့်ပြီး ဝင်သွားတော့ကျွန်မဗီဒိုအကွယ်ကချောင်းကြည့်နေလိုက်တယ် တံခါးကိုဟထားတာကြောင့် အထဲကိုအနဲငယ်မြင်နေရတယ် ဟိုနေ့ကတွေ့တဲ့စက်ကြီးရယ် အဲ့အောက်မှာသေတ္တာတလုံးမြင်ရတယ် သေချာထပ်ကြည့်တော့ အဲ့စက်အနောက်မှာအခန်းတခန်းရှိပုံရတယ် သော်ကအဲ့ထဲဝင်သွားတာ ကျွန်မကြည့်နေတုန်းသော်ထွက်လာတယ် ကျွန်မအမြန်ပုန်းလိုက်ပြီး အိပ်ယာထဲပြန်ဝင်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ် သော်အခန်းထဲဝင်လာပြီးသော့ကိုဗီဒိုထိပ်ကပန်းအိုးအောက်ထားလိုက်တာတွေ့လိုက်တယ် ကျွန်မအကြံရလိုက်ပြီ သော့ကိုပွားရမယ် ....
နောက်နေ့သော်ကသူတို့ကုမ္ဗဏီကိုစာရွက်စာတမ်းသွားပေးဖို့ရှိတာကြောင့် အိမ်ကထွက်သွားတယ် ဒါကျွန်မအတွက်အခွင့်ကောင်းမို့ အချိန်ရှိတုန်းစျေးထဲအမြန်သွားပြီးသော့ပြင်သမားဆီသော့ပွားလိုက်တယ် ထင်တာထက်ကြာတာကြောင့်နောက်ရက်မှပွားထားတဲ့ သော့ကိုသွားယူမယ်လုပ်ပြီးအိမ်ကိုအမြန်ပြေးခဲ့ရတယ် အိမ်ရောက်တော့ကျွန်မထက်သော်ကရောက်နေပြီ
"အသက် ဘယ်သွားတာလဲ "

အပိုင်း ၄ မနက်တင်ပါ့မယ်ရှင့်
ချစ်သော readers လေးတွေ😘

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်