Maru
လည်သူစားစတမ်းလောကကြီးမှာ တကယ်ပဲအခွင့်ရေးတွေပျောက်ဆုံးနေတာလား
ဒီနိုင်ငံရေးနဲ့လူငယ်တွေရဲ့ ဘဝတွေဆက်မရှင်သန်နိုင်တော့ဘူးလား။ တကယ်ပဲ ဘာမှရှေ့ဆက်လုပ်မရနိုင်တဲ့အနေထားမှာလား
စာချစ်သူလေးသတိထားမိပါသလား။
ကိုယ်ပိုင်အရည်ချင်းတွေအသုံးပြုပြီး ကြီးပွားနေတဲ့သူတွေရှိသလို လူတွေရဲ့စိတ်ကိုအသုံးချပြီး ကြီးပွားနေသူတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒါရဲ့အရင်းအမြစ်က ဘာလဲ။
အားလုံးရဲ့အခြေခံအရင်းအမြစ်က အကြံဉာဏ်ပဲဖြစ်ပါတယ်။ အကြံဉာဏ်ဆိုတာ လူတိုင်းမှာရှိတယ်။ ဒါပေမဲ့ လူတိုင်းအသုံးမချနိုင်ဘူး။
ခေတ်ကိုပဲအပြစ်ပုံချနေလို့မရပါဘူး။အားလုံးကြုံဆုံနေရတဲ့ ခေတ်အခြေနေကြီးပဲမို့ ဒီလိုခေတ်ထဲ ဘယ်လိုမျိုး လျှောက်လှမ်းသွားမလဲဆိုတာကသာအဓိကပါ
အကြံဉာဏ်ကအဓိကဆိုတော့ ဘယ်လိုအသုံးချနိုင်လဲ
စာပေလောကမှာ မသိသူမရှိ လူငယ်တွေကြားလည်း သူရဲ့စာအုပ်တွေရေပန်းစားလျက်ရှိနေဆဲဖြစ်တဲ့ ဆရာရွှေဥဒေါင်းရဲ့ "အကြံဉာဏ်ဖြင့်ကြီးပွားရေး" စာအုပ်လေးကို ကျွန်မကနေ ဖတ်ဖို့အကြံပြုချင်ပါတယ်။
ဒီစာအုပ်လေးကဖတ်ပြီးတာနဲ့ တာဝန်ကျေသွားမှာမဟုတ်ပါဘူး အသုံးချရပါမယ်။ ဒီစာအုပ်လေးရဲ့ ရည်ရွယ်ချက်ကိုက အသုံးချနိုင်ဖို့ပါပဲ။
ဒီစာအုပ်လေးထဲမှာမြှပ်ထားတဲ့သော့ချက်လေးတစ်ခုရှိပါသေးတယ်။ ဒီသော့ချက်လေးကို ရအောင်ဖတ်ပြီးဖော်ပါ။သော့ချက်လေးကိုဖော်ထုတ်နိုင်တာနဲ့ သင့်ဘဝရဲ့အခွင့်အလမ်းတွေ စတင်ပေါ်ပေါက် ပွင့်လင်းလာပါလိမ့်မယ်။
အသက်၁၈နှစ်ပြည့်တော့မဲ့ လူငယ်တွေကိုအဓိကပိုဖတ်စေချင်ပါတယ်ရှင့်
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာချစ်သူလေးများအား အစဥ်ချစ်ခင်လေးစားကျေးဇူးတင်လျက်........
February.23.2025.Sun(8:31)
Maru(မာရု)
Keep Reading