Sandi Cho
စာရေးဆရာမPaula Hawkinsရေးသားထားတဲ့
The girl on trainဆိုတဲ့ စာအုပ်ကို ဆရာချမ်းမြေ့၀င်းက ဘာသာပြန်ရေးသားထားတာပါ။မှုခင်း ဇာတ်လမ်းတွေ၊ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွေကြိုက်တဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့၀တ္ထုလေးပါ။
➳ ရေချယ်ဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ ရထားစီးရင်းနဲ့မှ သူမရထားပေါ်ကနေမကြာမကြာလှမ်းမြင်နေနေရတဲ့ အိမ်နံပါတ်15က ဂျေဆင်နဲ့ဂျက်စ်ဆိုတဲ့အတွဲကိုသတိထားမိလာတယ်။နေ့တိုင်းသူတို့ကိုစောင့်ကြည့်မိတယ်။သူတို့ရဲ့ ဘ၀ကိုအားကျတယ်။
➳ အဲလိုကနေတစ်နေ့မှာတော့ သူဂျက်စ်လို့နာမည်ပေးထားခဲ့တဲ့ မိန်းကလေးမီဂန်ပျောက်ဆုံးနေတဲ့အကြောင်းကိုသိလိုက်ရတယ်။အဲဒီအခါမှာတော့ သူမသိထားခဲ့တဲ့အရာတစ်ခုကို မီဂန်ရဲ့ ယောက်ျား
စကော့ကိုပြောပြဖို့အတွက် ကြိုးစားခဲ့တယ်။မီဂန်မှာ နောက်ထပ်အမျိုးတစ်ယာက်နဲ့ရှိနေတယ်ဆိုတာကိုပေါ့။ပြီးတော့ မီဂန်သေဆုံးခဲ့တဲ့ညက သူမအဲလမ်းထဲမှာပဲရှိနေခဲ့တာ။ဒါပေမယ့် သူမအရက်သောက်ထားတဲ့အတွက် သူမရဲ့ မှတ်ဉာဏ်တွေက အရမ်းဝေဝါးနေခဲ့တယ်။သူမရဲ့အဲဒီပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်ထဲမှာ မီဂန်သေဆုံးမှုရဲ့ အဖြေပါနေမလားဆိုတာ စိတ်၀င်စားဖွယ်ဖတ်ရမှာပဲ ဖြစ်ပါတယ်။
➳ အဲအမှုထဲပါ၀င်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာပဲ
အဲဒီလမ်းမှာပဲနေနေတဲ့ ရေချယ်ရဲ့အရင်ယောက်ျားတွမ်နဲ့ သူရဲ့နောက်မိန်းမအန်နာနဲ့တွေ့ပြီး ပြဿနာတွေခနခနဖြစ်ခဲ့တယ်။အန်နာအတွက်တော့
ရေချယ်ဟာ ရွံစရာကောင်းတဲ့မိန်းမတစ်ယောက်။သူမနဲ့ သူမရဲ့ယောက်ျားကိုနည်းအမျိုးမျိုးနဲ့နှောက်ယှက်နေတဲ့အမူးသမားတစ်ယောက်။အရူးမတစ်ယောက်လို့မြင်တယ်။သူမ ရေချယ်ဆီကနေ တွမ်ကို လုယူခဲ့တာဆိုပေမယ့် သူမအနေနဲ့ သူမကိုယ်သူမမှန်တယ်လို့ပဲယူတယ်။ဒါပေမယ့် ရေချယ်ဆိုတဲ့မိန်းမကတော့ သူမရဲ့ ပျော်ရွှင်မှုကို မလိုလားတဲ့သူပေါ့။
ဒီ၀တ္ထုက စစဖတ်ချင်းတော့ နည်းနည်းcomplicatedဖြစ်တယ်လို့ခံစားရတယ်။မိန်းမသုံးယောက်ရဲ့ ရှုထောင့်ကနေ ၀တ္ထုကိုရေးထားတဲ့အတွက် စိတ်၀င်စားဖို့တော့ကောင်းတယ်။
^^ ဖတ်နေရင်းနဲ့မှ ရေချယ်ကို အားမလိုအားမရဖြစ်တယ်။ဒီထက်ပို သန်မာစေချင်တယ်။ဘ၀ကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းစေချင်တယ်။ခင်ပွန်း စွန့်ပြစ်လိုက်လို့ အရက်သမားဘ၀ရောက်ပြီး လုံးလုံးလျားလျား ဘ၀ကိုအရှုံးပေးလိုက်တဲ့သူမျိုးမဖြစ်စေချင်ဘူး။
^^ အန်နာကိုနားမလည်နိုင်ဘူး။သူမအမှားကို ဘာလို့အမှားလို့မထင်ခဲ့ရတာလဲ။သူမကြောင့် ရေချယ်ရဲ့ဘ၀ပျက်ဆီးခဲ့ရတာမမြင်ပဲ ရေချယ်က သူမတို့ဘ၀ကိုဖျက်ဆီးတယ်လို့ပဲ ထင်နေတဲ့ အန်နာရဲ့အတ္တကိုမြင်ရတယ်။
^^ မီဂန်ကိုတော့ မေးခွန်းကိုထုပ်မိတယ်။ဘာလို့
စကော့လိုလူရှိနေတာတောင် အခြားယောက်ျားနဲ့ဖောက်ပြန်ရတာလဲ...?
➳ မိန်းမတွေရဲ့ စရိုက်သဘာ၀တွေ၊ထင်မြင်ယူဆချက်တွေနဲ့ စိတ်ဓာတ်တွေကို ရှင်းရှင်းလင်းလင်းပုံဖော်ထားတဲ့ စာအုပ်တစ်ခုလိုမြင်မိတယ်။မိန်းမတွေက အချစ်နဲ့တွေ့ရင် တကယ်မျက်ကန်းလိုပါပဲ။မှန်တာကိုသိပေမယ့် မသိချင်ယောင်ဆောင်တယ်။လိမ်နေတာသိလည်း ပျော်ပျော်ကြီးအလိမ်ခံနေရကြတယ်။ကိုယ့်ရဲ့ အတ္တအတွက် အမှားတွေကိုထပ်ခါထပ်ခါလုပ်တယ်။
မှုခင်း၀တ္ထုပုံစံမျိုးဖြစ်တဲ့အတွက် ဘယ်သူကတရားခံဖြစ်မလဲဆိုတဲ့ သိချင်စိတ်ကိုလည်းဖြစ်ပေါ်စေတယ်။
⌕...မီဂန်ကိုသတ်သွားတာက သူမယောက်ျားစကော့လား...?
⌕...ဒါမှမဟုတ်မီဂန်ရဲ့အရင်ယောက်ျားလား...?
⌕...မီဂန်ပြနေကျ ဆရာ၀န်လား..?
⌕...မထင်မှတ်ထားတဲ့ လူတစ်ယောက်များဖြစ်နေမလား..?
⌕...မီဂန်သေသွားတဲ့အချိန် မီဂန်ဗိုက်ထဲက ကလေးကရော ဘယ်သူကလေးလဲ...ဆိုတာ အဆုံးထိမေးခွန်းများစွာနဲ့ဖတ်ရမယ့်၀တ္ထုလေးပါ။
ဒီ၀တ္ထုကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ ကိုယ်အလုံးဆုံသိတယ်လို့ထင်နေတဲ့ လူတစ်ယောက်ကို တကယ်သေချာမသိတာလည်းဖြစ်နိုင်ပါတယ်။
ပြီးတော့ မကောင်းဘူးထင်တဲ့အရာကို စွန့်ပြစ်တတ်တာကလည်း အရည်အချင်းတစ်ခုပါပဲ။ကိုယ်ဘယ်သူလဲဆိုတာ ပျောက်ဆုံးအောင်လုပ်ပြီး ကိုယ်ကိုmanipulateလုပ်တတ်တဲ့သူကို အဝေးဆုံးရှောင်နိုင်ဖို့လည်းလိုပါတယ်။
Book file
➷
https://t.me/growth_mindset_for_you/20
Keep Reading