Dream for GREEN - Myanmar
Greenies လေးတို့ရေ … 🍀
♻️ "7R" ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်အောင် သတိထား လုပ်ဆောင်သင့်တဲ့ အချက် (၇) ချက်ကို သိပါသလား ?
"4R" Reject Reduce Reuse Recycle ကိုတော့ Greenies တို့ ကြားဖူးနေကျ ရင်းနှီးပြီးသားဖြစ်မှာပါ ...
ဒီတော့ "7R" ဆိုတာ ဘာတွေလဲ လေ့လာကြည့်ကြရအောင် ✅
𝟏 RETHINK (ပြန်လည်စဉ်းစားပါ): ပစ္စည်းတွေ မဝယ်ယူခင်မှာ ကိုယ်ဝယ်ယူမယ့် ပစ္စည်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု ဖြစ်စေသလား ကိုယ့်အတွက် တကယ်ရော လိုအပ်ရဲ့လား လို့ တချက် စဉ်းစားဖို့လိုပါတယ် ... အဓိကအားဖြင့် ပလက်စတစ်အိတ်နဲ့ ပြုလုပ်ထားတဲ့ ထုတ်ပိုးပစ္စည်းတွေကို ပြန်လည် အသုံးမပြုဘူးဆိုရင် မယူတာ အကောင်းဆုံးပါပဲ 💭
𝟐 REFUSE (ငြင်းဆိုပါ): အပြင်သွားလာကြတဲ့အခါ Single-use Plastics တွေဖြစ်တဲ့ တခါသုံး ရေသန့်ဘူး၊ အချိုရည်ဘူး၊ Takeaway ကော်ဖီခွက်၊ အအေးခွက်နဲ့ ပလက်စတစ်အိတ်တွေကို အသုံးမပြုပဲ ကိုယ်ပိုင်စျေးလွယ်အိတ် ရေဘူးလေးတွေ အလွယ်တကူ သယ်ဆောင်သွားလို့ရမယ့် ခွက်လေးတွေနဲ့ စတိုင်ကျကျ အသုံးပြုကြရင် အမှိုက်ကို လျှော့ချနိုင်မယ့်အပြင် Single-use Plastics ပစ္စည်းထုတ်လုပ်မှုကြောင့် Carbon dioxide (CO2) ထုတ်လွှတ်မှုကို လျော့နည်းစေနိုင်မှာ ဖြစ်ပါတယ် 🚫
𝟑 REDUCE (လျှော့သုံးပါ): ဘယ်ပစ္စည်းမဆို ကမ္ဘာပေါ်က အရင်းအမြစ်တွေကို အသုံးပြုပြီးမှ ဖြစ်တည်လာတာမို့ လျှပ်စစ်စွမ်းအင်၊ ရေ၊ လောင်စာဆီ၊ အစားအစာတွေကို အလဟဿ မဖြုန်းတီးပဲ မျှဝေသုံးစွဲပြီး မလိုအပ်ရင် လျှော့သုံးကြရပါမယ် 💧
𝟒 REUSE (ပြန်သုံးပါ): ကမ္ဘာကြီးကို ညစ်ညစ်မှု အများဆုံးဖြစ်စေတဲ့ Single-use Plastics တွေကို အကြောင်းကြောင်းကြောင့် မဖြစ်မနေ ဝယ်ယူရပြီဆိုရင် ပြန်လည် အသုံးပြုရပါမယ် (ဥပမာ - Takeaway ကော်ဖီခွက် အအေးခွက်နဲ့ ပိုက်တံလေးတွေကို အိမ်မှာ ဖျော်ရည်သောက်တဲ့အခါ ပြန်သုံးတာမျိုးပေါ့) 🥤
𝟓 RECYCLE (ပြန်လည်ထုတ်လုပ်ပါ): စီးပွားရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီကြီးတွေအနေနဲ့ ကုန်ကြမ်းအဖြစ် အသုံးပြုလို့ရမယ့် ဒါမှမဟုတ် ပြန်လည်အသုံးပြုလို့ရမယ့် ထုတ်ပိုးပစ္စည်းတွေကို ဝယ်ယူသူများထံမှ စုဆောင်းပြီး ပြန်လည် ထုတ်လုပ်မှု ပြုလုပ်သင့်ပါတယ် ... ဝယ်ယူအသုံးပြုသူတွေအနေနဲ့လဲ အပြင်သွားလာကြတဲ့အခါ ခွဲခြားစွန့်ပစ်တဲ့ အမှိုက်ပုံးတွေမှာ Single-use Plastics တွေကို စနစ်တကျ စွန့်ပစ်ကြဖို့ လိုပါတယ် ♻️
𝟲 ROT (ဆွေးမြေ့မြေသြဇာအဖြစ် ပြောင်းသုံးပါ): အစားအစာနဲ့ သစ်ရွက်ခြောက်တွေကို ဆွေးမြေ့နည်းလမ်းများ အသုံးပြုပြီး မြေသြဇာအဖြစ် ပြန်လည် အသုံးပြုတာဟာ Zero Waste အလဟဿ ဖြုန်းတီးမှု မဖြစ်စေတဲ့အပြင် ကမ်ဘာရဲ့ မြေဆီလွှာအတွက် အာဟာရဖြစ်စေတာမို့ အမှိုက်တွေကို မီးမရှို့ပဲ မြေသြဇာအဖြစ် ပြန်လည် အသုံးပြုကြရပါမယ် 🍂
𝟕 REPURPOSE (တီထွင်ကြံဆ လုပ်ဆောင်ချက်ပြောင်းသုံးပါ): ကိုယ့်အတွက် အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချတာ လှူတာ ဒါမှမဟုတ် တခြား အသုံးပြုလို့ရမယ့်နေရာမှာ တီထွင် ပြင်ဆင်ပြီး ပြန်သုံးတာမျိုး လုပ်သင့်ပါတယ် (ဥပမာ - သွားတိုက်တံအဟောင်းတွေကို ဘုရားပန်းအိုးနဲ့ ရေဘူးတွေ ဆေးကြောတဲ့နေရာမှာ ပြန်သုံးလို့ရပြီး ရေသန့်ဘူးအဟောင်းတွေကို အလှဆင်ပြီး အပင်စိုက်တဲ့ ပန်းအိုးအဖြစ် အသုံးပြုလို့ရပါတယ်) 🪥
ကဲ အခုက ဘောလုံးပွဲရာသီဆိုတော့ တကမ္ဘာလုံးလိုလို ကိုယ့်အပေါင်းအသင်း ရောင်းရင်းတွေနဲ့ အစားအသောက်များကို ဝယ်ယူပြီး ကြည့်ရှုအားပေးကြတဲ့အခါ အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ထိန်းသိမ်းသင့်တဲ့ အချက်လေးတွေကို ဘော်ဒါအချင်းချင်း သတိပေး လုပ်ဆောင်ကြရအောင်နော် ⚽️🏆💚
ကိုးကားချက် (References):
https://www.aeromatico.com/the-7-rs-of-sustainability/
https://www.kidsinnutrition.org/post/the-7-rs-of-sustainability
Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …
#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် #GREENforAllonEarth #Tips #7R
Keep Reading