Author's Profile Photo

May 2

19/02/2025

စာဖတ်နည်း

1 min read
Personal Development
Book Review
စာဖတ်နည်း's photo

ကျမစာတွေ ရေးဖြစ်သွားပုံက
Book Review ‌တွေ ရေးတင်ရာကနေ စတာ
အခုနောက်ပိုင်းတော့ ကိုယ် ဖတ်ဖြစ်နေတာတွေက
ဘာသာရပ်ဆိုင်ရာစာပေတွေနဲ့ Information တွေက များလို့
Book Review တွေ မတင်နိုင် ဖြစ်နေတော့တာပဲ။
အဲ့လိုဆိုတော့‌လည်း ကျောင်းသူဘ၀ကို လွမ်းလှပါ့။

ကျမတို့ စာဖတ်ကြတဲ့အခါ
မတူညီတဲ့ စာဖတ်ပုံ၊စာဖတ်နည်းတွေ ရှိကြတယ်
ဒီပိုစ့်မှာတော့ စာဖတ်နည်းတွေအကြောင်း ရေးမယ်ရှင်

တချို့ကျတော့ စာဖတ်မြန်တယ်
တချို့ကျတော့ မြန်မြန်ဖတ်လို့ကို မရတာမျိုး
တချို့ကျတော့ ဖတ်ထားသမျှ မမှတ်မိတာ
တချို့ကျတော့လည်း Detailed ကို မှတ်မိနေတာမျိုး။

ကျမဆိုရင် အင်မတန်စာဖတ်မြန်တဲ့ထဲမယ် ပါတယ်
မှတ်မိတာကျတော့ အကြောင်းအရာကို နားလည်ပါသော်လည်း
ခုနှစ်သက္ကရာဇ်တွေ မမှတ်မိနိုင်ဘူး ဖြစ်ခဲ့တာ။
Memorized လုပ်ခဲ့တဲ့ ငယ်ငယ်က သမိုင်းတွေကိုတောင်
အလွတ်ရေးရတာဆိုရင် ခုနှစ်နေရာကို ကွက်လပ်ထားခဲ့တာ။
ကျမတို့ဖေဖေဆိုရင်တော့ ခုနှစ်သက္ကရာဇ်တွေကို
တိတိကျကျမှတ်မိနေခြင်းက သူ့အားသာချက်ပဲ။
ကိုယ်ဖတ်ပြီးသားစာအုပ်ကို သူဖတ်ရင်တောင်
ကျမတို့ညီမတွေမယ် သူ မဖတ်တဲ့အချိန် စာအုပ်ယူပြီး
လှန်လှောပြန်ဖတ်ရသေးတာ သူက စကားပြောရင်း မေးတတ်တာကိုး။

အခုနောက်ပိုင်း သမိုင်းဖြစ်ရပ်တွေ ဖတ်ရင်း
ခုနှစ်၊သက္ကရာဇ်တွေ ကြိုးစားမှတ်နိုင်လာပြီမို့
ဖတ်ထားတဲ့ စာတွေ မမှတ်မိဘူးဆိုတဲ့ အချက်ဟာ
လေ့ကျင့်ယူလို့ရကြောင်း အားပေးချင်ပါတယ်။

ဒီပို့စ်မှာ Skimming, Scanning နဲ့
In-depth reading ဆိုပြီး နည်းနာ (၃) ခုနဲ့ ပြောသွားမှာပါ။

ပထမ အချက်ဖြစ်တဲ့
Skimming ဆိုတာက
အပေါ်ယံ ရှပ်ဖတ်ခြင်း ဖြစ်ပါတယ်
ခုနက ကျမတို့တွေ လှန်လှောပြန်ဖတ်တာမျိုးပေါ့
ဘိုလိုတော့ Review Skimming လို့ ခေါ်မှာပေါ့
- Heading တွေ ဖတ်တယ်
- စာပုဒ်အစတွေ ဖတ်တယ်
- အရေးကြီးတယ် ထင်တဲ့အခန်းတွေ ကျော်ခွ ပြန်ဖတ်ကြည့်တာမျိူး။

Scanning ကကျတော့
စာဖတ်တဲ့အခါမှာ ပိုအသေးစိတ်ကျတာမျိုး
ဒီနည်းလမ်းက Article တွေ News တွေ ဖတ်ရင် အသုံးများတဲ့
ကျမလည်း မကြာခဏ ဖတ်ဖြစ်တဲ့ နည်းလမ်းတစ်ခုပဲ။
စာလုံးတိုင်းကို ဖတ်လိုက်တယ် မြန်မြန်ပဲ ဖတ်လိုက်တာ
ဘာလဲ ဆိုတာ သိရင် ရပြီ ဆိုတာမျိုးပေါ့။

နောက်ဆုံး In-depth Reading မှာကျတော့
နှေးသည် ဖြစ်စေ၊ မြန်သည် ဖြစ်စေ
-သေချာဖတ်တယ်
-စဉ်းစားတယ်
-နားလည်တဲ့ထိ ပြန်ဖတ်တာမျိုး
ဒီ့အတွက် Method တွေ Strategy တွေလည်း ရှိသေးတယ်

များသောအားဖြင့် Learner တွေကို
ဘယ်လို ထိထိရောက်ရောက် စာဖတ်ရမလဲ ဆိုတဲ့ နည်းစနစ်ကို
In-depth Reading နည်းက ပေးတာများပါတယ်။

ရသစာပေဖတ်တဲ့အချိန်မှာတော့
ခံစားမှုနဲ့ သွားတာမို့ နည်းစနစ်တွေ ဆိုတာထက်
ကိုယ် ဘယ်လို ခံစားနားလည်အောင် ဖတ်ကြတာကိုး။

မှတ်မိခြင်း မမှတ်ခြင်းကတော့
In-depth Reading လုပ်နေတုန်းမှာ
ဘယ်လောက်ထိ စဉ်းစားဖြစ်လဲ နဲ့
ကိုယ့်မှာ နဂိုရှိနေတဲ့ အကြောင်းအရာတွေနဲ့ တွဲစပ်မိအောင်
ဘယ်လိုချိတ်ဆက်အနှစ်ချုပ်နိုင်လဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်

ကျမ အရင်က နိုင်ငံတွေကို ပထဝီအနေအထားရ
စာဖတ်လိုက်ရုံနဲ့ မျက်စိထဲ ပုံမ‌ပေါ်ဘူး။
‌မြေပုံမှာရှာနေရင်းတောင် အ‌တော်ရှာရတယ်
သမိုင်းစာအုပ်တွေ ဖတ်ရင်၊ ရုပ်ရှင်တွေ ‌ကြည့်ရင်
အကြောင်းအရာတွေကို ပြန်စဉ်းစားတဲ့အခါမယ်
အတော်လေး ကသိကအောက် ဖြစ်စရာ အကြောင်းတစ်ချက်ပဲ။
‌နောက်ပိုင်းမယ် အကြောင်းအရာတစ်ခု ဖတ်ဖြစ်ရင်
ကိုယ် သိထားတာနဲ့ ချိတ်ဆက် စဉ်းစားပြီးတော့ memorized လုပ်ရတယ်
ဒီတော့မှ ကိုယ်မြင်ချင်တဲ့ အကြောင်းအရာ ပေါ်လာတယ်
နောင်တချိန်ပြန်စဉ်းစားရင်လည်း အတွဲလိုက်မှတ်မိတယ်
ဒါတွေက ကျမ မျှဝေချင်တဲ့ စာဖတ်နည်း-Reading Style တွေပေါ့လေ။

ချစ်ခြင်းများစွာဖြင့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်