Author's Profile Photo

Nway Oo Maung

19/02/2025

နန်းဟာဗီး

1 min read
Book Review
နန်းဟာဗီး's photo


ဒီစာအုပ်ကို Facebook က စာအုပ်အရောင်းပို့စ်တို့မှာကော၊ YouTube က Audio Bookတို့မှာကော၊ တွေ့ဖူးနေတာတော့ သုံးလေးနှစ်လောက်ရှိပြီ၊တစ်ခါမှတော့မဖတ်ဖြစ်ခဲ့ဘူး၊ မဖတ်ဖြစ်ခဲ့ပေမဲ့ စာအုပ်မျက်နှာဖုံး၌ပါသော ပန်းချီကြောင့်ရယ်၊ စာအုပ်နာမည်ရယ်ကြောင့် "ဘာအကြောင်းအရာရေးထားတာလဲ" လို့စိတ်ဝင်စားခဲ့​၏။ မျက်နှာဖုံးမှာ ထဘီရင်ရှားနှင့် တပ်မက်ဖွယ်ရာ အမျိုးသမီးပန်ချီးပုံဖြစ်​၏။ စာအုပ်ပေးထားသောအမည်သည် မကြားဖူးသော စကားလုံး "နန်းဟာဗီး"ဖြစ်​၏။ စာရေးဆရာကလည်း ကိုယ်သိပ်မရင်းနှီးသော စာရေးဆရာဖြစ်၍ အတွေးခေါ်အသစ် လောကကိုရှု့မြင်ပုံအသစ် (စာရေးဆရာ အစုံဖတ်ဖူးချင်၍) လိုချင်သောကြောင့် Audio Bookမှာ နားထောင်ဖြစ်ခဲ့​၏။ နာဂလူမျိုးစု အနွယ်ဝင်တစ်မျိုးဖြစ်သော ပင်းကူလူမျိုးတို့​၏ မကောင်းသောဓလေ့တစ်ခုအကြောင်းကို ခံစားရေးဖွဲ့ထား​၏။ မကောင်းသောဓလေ့ဆိုသည်မှာ မိဘမောင်ဖွါးမျက်စိရှေ့မှာမဟုတ်ရင် အမျိုးသမီးများကို အဓမ္မပြုကျင့်နိုင်သော ဓလေးဆိုးတစ်ခုဖြစ်​၏။ ပြုကျင့်သူကို ထိထိရောက်ရောက် တရားစွဲဆိုနိုင်သော ဥပဒေရယ်လို့မရှိ၊ ပြည်နယ်အစိုးကလည်း လူမျိုးတစ်မျိုး​၏ ဓလေ့တစ်ခုအဖြစ်သာ သဘောထားခဲ့​၏။စိတ်မကောင်းဖွယ်ရာ အချင်းအရာမှာ တချိန်က ပင်းကူးလူမျိုးစု၌ ဒီလို့ဓလေးဆိုးမရှိခဲ့၊ ပင်းကူးလူမျိုးတို့သည် အလွန်ဖော်ရွေပြီး လာရောက်သောဧည့်သည်တို့အား ဧည့်ဝတ်ကျေပွန်လွန်းကြ​၏။ ထိုသို့
ရိုးရိုးသားသား မောင်လို အကိုလို ဧည့်ဝတ်ကျေပွန်ရာမှ တိုးတက်သော လူ့ယဉ်ကျေးအချို့တို့သည် ဖော်ရွေရိုးသားမှုကိုအသုံးချ၍ ဖျက်ဆီးကြကုန်​၏။ထို့ဖျက်ဆီးမှုကို ပင်းကူးအမျိုးသားတို့သည် မူးယစ်ဆေးဝါးစွဲမှုကြောင်လည်းကောင်း ၊အသိပညာနည်းမှုကြောင့်လည်းကောင်း၊ မိမိလူမျိုးစုကို မကာကွယ်ပဲ ထိုနည်းကိုပင်ကျင့်သုံးရာမှစ၍ မကောင်းသောဓလေ့တစ်ခုဖြစ်ခဲ့​၏။ နန်းဟာဗီးဆိုသောစကားမှာ မြန်မာလို"ကျားသစ်ပျိုမ "ဖြစ်​၏။ မကောင်းသော ဓလေ့ဆိုးကို စတင်တော်လှန်သော အမျိုးသမီးကို တင်စားထာသော နာမည်ဖြစ်​၏။ လူမျိုးစုတစ်ခု​၏ မကောင်းသောဓလေ့တစ်ခုကို တော်လှန်သော ကျားသစ်ပျိုမလေးတစ်ယောက် အကြောင်းအားရေးဖွဲထားသော စာအုပ်ဖြစ်​၏။ လူမျိုးစုတစ်ခု​၏ မကောင်းသောဓလေ့ကို ရေးသားထားပေမဲ့လည်း ၊ တစ်ခါတရံလူလောက၌ဖြစ်တတ်သော လူတစ်ယောက်​၏ဆိတ်ကွယ်ရာ ကာမအမှောင်းခြမ်း(Dark Side)ကို ဖော်ပြထားသောစာအုပ်လည်းဖြစ်​၏။
#စာရေးဆရာ ရန်ကုန်ဘဆွေ
#စာအုပ်အမည် နန်းဟာဗီး

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ