Author's Profile Photo

Anna_Nyein

18/02/2025

သူက ညံ့တာလား? ကိုယ်ကပဲ ညံ့နေတာလား?

1 min read
Personal Development
18 Again


လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မသင်တန်းတစ်ခုကို join ခဲ့ပါတယ်။ (ဘာသင်တန်းလဲဆိုတာတော့ အပြည့်အစုံမပြောပြတော့ပါဘူးရှင်) သင်တန်းကာလက ၅လကြာပါတယ်။ သင်တန်းစစတက်ချင်း ၂ပတ်၊ ၃ပတ်လောက်မှာတော့ ကျွန်မအနေနဲ့ အဆင်ပြေပါတယ်။ စာလည်းလိုက်နိုင်သလို အစစအရာရာ အဆင်ပြေနေခဲ့တဲ့ အချိန်လေးပေါ့ရှင်။

ဒါပေမဲ့ အဲ့ဒီ့နောက်ပိုင်းအပတ်တွေမှာတော့ အဆင်မပြေတော့ပါဘူး။ အတန်းကအဆင်မပြေတာမဟုတ်ဘဲ ကျွန်မကအဆင်မပြေဖြစ်ခဲ့တာပါ။ အဲ့အချိန်တုန်းက ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ တခြားကိစ္စအမျိုးမျိုးကြောင့် စိတ်တွေရှုပ်ထွေးနေခဲ့ပါတယ်။ ဒါကြောင့်ပဲ စာသင်ချိန်မှာစာကိုအာရုံမစိုက်နိုင်ခဲ့ဘဲ တစ်ချိန်လုံး အိပ်ငိုက်နေခဲ့တာများပါတယ်။

ဒီလိုနဲ့ အချိန် ၂ပတ်ကျော်အကြာမှာတော့ စိတ်နဲ့လူနဲ့ပြန်ကပ်သွားခဲ့ပြီး အိပ်ငိုက်နေခဲ့တုန်းက လွတ်သွားခဲ့တဲ့စာတွေကို အမီလိုက်ဖို့ ပြန်ကူးရပါတော့တယ်။ အတန်းက record video ပြန်ပေးတာဖြစ်တဲ့အတွက် ကျွန်မအတွက်စာပြန်ကူးရာမှာအဆင်ပြေခဲ့ပါတယ်။ ဒီအခါ ဘာဖြစ်သလဲဆိုတော့ ပြန်ကူးရတဲ့အတွက် အချိန်ကုန်၊ လူပင်ပန်းပါတယ်။ အဲ့တော့ ကိုယ့်အတွက်မကောင်းဘူးပေါ့နော်။

ဒါကိုသင်ခန်းစာယူပြီး ကျွန်မနောက်ပိုင်းအပတ်တွေမှာတော့ စာသင်ချိန်အတွင်း စာကိုအတတ်နိုင်ဆုံး အာရုံစိုက်ပြီး ဆရာပြောသမျှကို နားလည်းထောင်၊ မျက်လုံးထဲမြင်အောင်ပုံဖော်ပြီး သေချာလိုက်မှတ်ပါတော့တယ်။ ဒီလိုကနေ record video တွေပြန်ကြည့်ပြီး note ပြန်ထုတ်တဲ့အခါမှာ ထုတ်ရတာပိုပြီးလွယ်ကူလာတာကို တွေ့ရပါတယ်။ သင်ခန်းစာထဲမှာအာရုံစိုက်ခဲ့တာဖြစ်လို့ ဘယ်ဟာတွေကိုတော့မှတ်ရမယ်၊ ဘယ်ဟာတွေကတော့မလိုအပ်ဘူးဆိုတာ ခွဲခြားနိုင်သွားပါတယ်။ ဒါကြောင့် note ထုတ်တဲ့အခါ လွယ်ကူနေခဲ့တာပါ။

ဒီဆောင်းပါးလေးကနေ အဓိကပေးချင်တဲ့ message လေးကတော့
  • ကျွန်မတို့အနေနဲ့ သင်ယူမှုတွေပြုလုပ်လို့ အဆင်မပြေတဲ့အခါ သင်ပေးတဲ့သူ/ တစ်ဖက်လူက လိုအပ်ချက်ရှိနေတာလား (သို့) ကျွန်မတို့ကိုယ်တိုင်က လိုအပ်ချက်တွေရှိနေတာလား ဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။


ကျွန်မရဲ့ဖြစ်ရပ်မှာတော့ သင်ပေးတဲ့ဆရာက စိတ်လည်းရှည်သလို တကယ်လည်းတော်ပါတယ်။ ကျွန်မကသာ သင်ခန်းစာကိုစိတ်မဝင်စားပဲ စိတ်လေလွင့်နေခဲ့လို့ ခက်တယ်လို့ထင်ခဲ့တာဖြစ်ပါတယ်။

- ကိုယ့်ဘက်ကလိုအပ်ချက်ရှိနေရင်တော့ ပြုပြင်ပါ/ သင်ခန်းစာထဲမှာ အာရုံစိုက်ကြည့်ပါ။
မရဘူးဆိုရင်တော့ ဆရာမဘက်ကလိုအပ်ချက်ရှိနေတာလည်းဖြစ်နိုင်ပါတယ်။
- ဒီလိုမျိုး တစ်ဖက်လူဘက်က လိုအပ်ချက်ရှိနေခဲ့တာဆိုရင်တော့ အကျိုးအကြောင်းပြောပြီး သူနဲ့ညှိနှိုင်းကြည့်ပါ။ အဆင်မပြေတဲ့အဆုံးမှာတော့ အတန်းပြောင်းလိုက်ရုံပါပဲရှင်..။

ဒါကတော့ ကျွန်မရဲ့အတွေ့အကြုံတစ်ခုကနေ
ရခဲ့တဲ့ သင်ခန်းစာလေးတစ်ခုကို စာဖတ်သူတို့ဆီမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ✨
ဒီဆောင်းပါးလေးကနေ စာဖတ်သူလေးတွေ အသိတစ်ခုခုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင် ✨



Join my Tg Channel >> https://t.me/Sharing_Journey_by_Anna

- Anna_Nyein 🧚
250215 (6:55 PM)

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးCambridge English Examအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း