Author's Profile Photo

Nicolette

14/02/2025

နဖူးပြောင်လေလေ ပိုပြီးလှပလေလေ

1 min read
Book Review
Education
Art
နဖူးပြောင်လေလေ ပိုပြီးလှပလေလေ's photo

နဖူးပြောင်လေလေ ပိုပြီးလှပလေလေလို့ 14ရာစုတုန်းက ဉရောပမှာ သတ်မှတ်ကြပါတယ်။

မြင့်မားကျယ်ပြန့်တဲ့ နဖူးတွေရှိခြင်းဟာ မျိုးရိုးမြင့်မြတ်မှု၊ ဉာဏ်ပညာနဲ့ ကျက်သရေရှိခြင်းကို ဖော်ပြတယ်လို့ အဲ့ဒီ့တုန်းက ယုံကြည်ခဲ့ကြပါတယ်။

ဒါကြောင့် အဲ့ဒီ့ခေတ်က အမျိုးသမီးတွေဟာ သူမတို့ရဲ့ နဖူးတွေ ပိုပြီး ပေါ်လွင်စေဖို့ ဆံပင်တွေကို တစ်ချောင်းချင်းနှုတ်ပစ်လေ့ရှိကြပါတယ်။

တချို့ကတော့ ရိတ်ပစ်ကြပြီး၊ တချို့တွေကတော့ အက်စစ်ပါတဲ့ လိမ်းဆေးတွေကို သုံးကာ ဆံပင်တွေကို လုံးဝပြန်မပေါက်လာအောင် ကြိုးစားကြပါတယ်။

14 ရာစုတုန်းက မဟာနဖူးနဲ့ အလွန်လှပတယ်လို့ သတ်မှတ်ခံထားရသူကတော့ Simonetta Vespucci (စီမွန်နယ်သာ ဗွန်ပူချီ) လို့ခေါ်တဲ့ အီတလီအမျိုးသမီးလေးပဲဖြစ်ပါတယ်။

သူမရဲ့ နဖူးဟာ အရမ်းကို လှပပြီး ဂုဏ်ကျက်သရေရှိတယ်လို့ ကဗျာတွေ စာတွေမှာ တင်စားဖွဲ့နွဲ့ခဲ့ကြပါတယ်။

ဗစ်တိုးရီးယားခေတ်လို့ သိကြတဲ့ 19 ရာစုကို ရောက်တဲ့အခါမှာတော့ အလှအပစံနှုန်းတွေ ပြောင်းလဲသွားပြန်ပါတယ်။

19 ရာစုမှာတော့ နဖူးကျယ်တာမလှဘူး နဖူးကျဉ်းမှလှတယ်လို့ သတ်မှတ်ကြပြန်ပါတယ်။

ဒီလိုကြောင့် နဖူးကို ဖုံးကွယ်ဖို့အတွက် ဆံမြိန်တွေချကြ၊ ဉီးထုတ်တွေ၊ ခေါင်းဆောင်းတွေ ဆောင်းကြနဲ့ အလုပ်ရှုပ်ကြပြန်ပါတယ်။



💚 English မူရင်းစာအုပ်များ ဖတ်ဖို့ Telegram Channel - Nicolette Tells Tales


(Channel မှာ Public Domain စာအုပ်များကိုသာ တင်ပေးသွားမှာဖြစ်ပါတယ် 😇 )


Youtube Channel - Nicolette Tells Tales

(Youtube မှာ အနောက်တိုင်း သမိုင်း၊ ရုပ်ရှင်နဲ့ စာအုပ်အကြောင့် Video အရှည်တွေ တင်ဖို့ရှိတာကြောင့် စိတ်ဝင်စားရင် Subscribe လုပ်ထားကြပါနော် 😉)


Tiktok - Nicolette Tells Tales

(Tiktok မှာ Video အတိုလေးတွေ တင်ထားပါတယ်) 💚

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမား