Author's Profile Photo

A Kha Ya (အခရာ)

10/02/2025

𝖠 21𝗌𝗍 𝖢𝖾𝗇𝗍𝗎𝗋𝗒 𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖦𝗎𝗒 ❙Win Ko Ko Aung(PJW)

1 min read
Personal Development
Book Review
General Knowledge
𝖠 21𝗌𝗍 𝖢𝖾𝗇𝗍𝗎𝗋𝗒 𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖦𝗎𝗒 
❙Win Ko Ko Aung(PJW)'s photo

စာအုပ်အဖုံးမှာပါတဲ့ ❝၂၁ ရာစုမှာ လှုပ်ရှားရုန်းကန်မည့် မြန်မာလူငယ်တိုင်းဖတ်သင့်သည့် စာအုပ်တစ်အုပ် ❞ ဆိုတဲ့စာကိုဖတ်မိပြီးကတည်းက ဒီစာအုပ်ကိုဖတ်ချင်နေခဲ့တာအတော်ကြာပါပြီ။ သူငယ်ချင်းအိမ်ကိုအလည်သွားရင်း သူဖတ်နေတဲ့စာအုပ်ဆိုလို့ကြည့်လိုက်တာ ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖြစ်နေတာနဲ့ ငှားပြီးဖတ်ကြည့်ခဲ့ပါတယ်။

𝖠 21𝗌𝗍 𝖢𝖾𝗇𝗍𝗎𝗋𝗒 𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖦𝗎𝗒 စာအုပ်မှာဆိုရင်-

❐ ကျွန်တော်တို့ဘ၀အကြောင်းပြောကြတဲ့အခါ

❐ လူမှုရေးအကင်းပါးဖို့

❐ ပညာရေးကိုကျွန်တော်ဒီလိုမြင်တယ်

❐ ငွေရေးကြေးရေးအတွက်ဒီနည်းလမ်းတွေရှိမယ်

❐ 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 အကြောင်းပြောရမယ်ဆိုရင်

❐ သဘာ၀ပတ်၀န်းကျင်ကို ဘယ်အချိန်ထိ မျက်နှာလွှဲနေဦးမှာလဲ

❐ အိုင်တီ စသဖြင့် အခန်း (၇)ခန်းပါ၀င်ပြီး အခန်းတိုင်းမှာ ဖတ်ရတာရှင်းလင်းတဲ့အရေးအသား တစ်နည်းအားဖြင့်တည့်(ဒဲ့) ရေးသားထားတာကိုဖတ်ရှုခဲ့ရပါတယ်။

စာအုပ်ကိုဖတ်ပြီးချိန်မှာတော့ ကြိုးစားတိုင်းမအောင်မြင်နိုင်ဘူးဆိုပေမဲ့ အောင်မြင်ချင်ရင်ကြိုးစားရမယ်၊ ပညာရေးမှာဆိုရင်လည်း ရမှတ်တွေထက် ရလာဒ်တွေကိုပိုပြီးဂရုစိုက်ဖို့၊‌ ငွေကြေးနဲ့ပတ်သတ်ပြီး ဆရာရဲ့ 70-20-10 Rule၊ တစ်စုံတစ်ယောက်ကြောင့်ပျက်စီးသွားတာထက် ပိုပြီးကောင်းတဲ့ပုံစံတစ်ခုနဲ့ သူ့ရှေ့မှာရည်တည်ပြနိုင်ဖို့၊ သဘာ၀ကိုပစ်မထားဖို့နဲ့ အိုင်တီခေတ်ကိုအမီလိုက်နိုင်ဖို့ဆိုတဲ့ အကြောင်းအရာတွေကို ဖတ်ခဲ့ရပါတယ်။

ဒီစာအုပ်ဟာ လူငယ်တိုင်းဖတ်သင့်တဲ့သာအုပ်တစ်အုပ်ဖြစ်ပြီး လူငယ်တိုင်းအတွက် အကျိုးတစ်စုံတစ်ရာရှိစေနိုင်မဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ် 💯

- အခရာ

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ