Author's Profile Photo

linn sept

8/02/2025

တတိယမျက်လုံး ( The Third Eye by T. Lobsang Rampa)

1 min read
Book Review
Novel
တတိယမျက်လုံး ( The Third Eye by T. Lobsang Rampa)'s photo

ဒေါက်တာသန်းထွန်း မြန်မာပြန်ခဲ့တဲ့ တတိယမျက်လုံးစာအုပ် The third eye ကိုရေးသားသူက T. Lobsang Rampa ဖြစ်ပါတယ်။


သူ့စာအုပ်ဟာလည်း အောင်မြင်မှုတော်တော်ရခဲ့တော့ သူ့အကြောင်းလူစိတ်ဝင်စားမှုလည်းမြင့်တက်လာပါတယ်။ ဒီစာအုပ်ဟာ တိဘက်ဘုန်းတော်ကြီးတယောက်အကြောင်းရေးထားတာဖြစ်လို့ ကျင့်စဉ်တွေ စိတ်တန်ခိုးတွေ သူဘယ်လိုရရှိလာတယ်ဆိုတာလည်း ပါတော့ ထုတ်ဝေခဲ့တဲ့ အချိန်မှာ လူစိတ်ဝင်စားမှုလည်း များခဲ့ကြတယ်။
ရေးသားတဲ့ Lobsang Rampa အကြောင်းကို Daily Mail သတင်းစာတိုက်ကနေ အလွတ်တန်းစုံထောက်တယောက်ငှါးပြီး စုံစမ်းခိုင်းခဲ့ရာမှာတော့


ဒါပေမယ့် သူက သူ့ခန္ဓာကိုယ်ထဲကို တိဘက်ဘုန်းတော်ကြီးရဲ့ စိတ်ကဝင်ရောက် ပူးကပ်နေတာဖြစ်တာကြောင့် သူက အင်္ဂလိပ်လူမျိုးခန္ဓာကိုယ်နဲ့ တိဘက်ဘုန်းတော်ကြီး စိတ်တန်ခိုးရနေတယ်လို့ပြောဆိုခဲ့ပါတယ်။ သူရေးသားထားချက်တွေကလည်း အမှန်ဖြစ်တယ်လို့ ပြန်ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းလည်း ထူးဆန်းထွေလာ စိတ်တန်ခိုးလိုမျိုး စာအုပ်တွေရေးသားခဲ့ပြီး အဲ့အချိန်ထိ သူ့ကို အားပေးသူတွေလည်း ဆက်လက်ရှိနေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကနေဒါကိုပြောင်းရွှေ့ ခဲ့ပြီး သူ့ဇနီးနဲ့အတူ မထင်မရှားနဲ့ဘဲ နေထိုင်ခဲ့ပါတယ်။ သူသေဆုံးသွားခဲ့ပေမယ့် စာအုပ်ထဲက အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းတာကြောင့်ရော Lobsang Rampa အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းတာကြောင့်မို့ရော ဖတ်ရှုပြီးသူတွေကြားမှာ ပြောစရာဖြစ်တဲ့ စာအုပ်တအုပ်ပဲဖြစ်ပါတယ်။

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ