Author's Profile Photo

Nway Oo Maung

7/02/2025

လက်ကျန်လရောင်

1 min read
Book Review

လက်ကျန်လရောင်
စာအုပ်ဖတ်ပြီး အရင်ဆုံးဖြစ်တဲ့ခံစားမှုကတော့ ပုဂံယဉ်ကျေးမှုနှင့်သမိုင်း​၏တန်ဖိုးကိုနားမလည် တန်ဖိုးမထားတတ်သော မိမိကိုယ်ကိုယ်မြင်ပြီး ရှက်စိတ်ဝင်မိတာပဲ။ပုဂံကိုနှစ်ခေါက်ရောက်ဖူးပါ​၏၊ ဆယ်နှစ်သားလောက်ကလူကြီးများခေါ်သွားလို့ရောက်ရ​၏။သမိုင်းနှင့်ယဉ်ကျေးမှုဆိုသော စကားလုံးကို ကြားဖူးသေးဟန်မရှိ၊လူပျိုပေါက်အရွယ်မှာ နောက်တစ်ခေါက်ရောက်​၏၊ မြန်မာပြည်​၏အထင်ကရနေရာတစ်ခုအဖြစ်သာ အလတ်ပတ်သဘောဖြင့်သွားခဲ့​၏၊သမိုင်းနှင့်ယဉ်ကျေးမှုကို တန်ဖိုးထားလေ့လာရမှန်းမသိခဲ့။ဆရာမပုညခင်​၏ လက်ကျန်လရောင်ဖတ်ပြီးမှ ပုဂံဆိုတာ"မြန်မာဟေလို့ ဟစ်ကြွေးနိုင်ခဲ့သော သက်သေတစ်ခု" ဆိုတာပိုပြီးသဘောပေါက်ရ​၏။ပုဂံဆိုတာ "သမိုင်း,အနုပညာ ,အင်ဂျင်နီယာပညာ,ကို ပေါင်းပြီးလေ့လာနိုင်တဲ့နေရာ"လို့ဆိုပြန်တော့ နာမည်ကြီးဘုရားအဆူတိုင်း​၏သမိုင်းကိုလေ့လားပြီး တစ်ဆူခြင်းအေးအေးဆေးဆေးဖူးချင်စိတ်ပေါ်လာမိ​၏။ပုဂံပြည်ကြီးတည်ရှိချိန်က မြန်မာဟာ တင့်တယ်သောနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး မျက်မှောက်နိုင်ငံအနေထားနှင့် ယှဉ်ကြည့်မိပြန်တော့ စိတ်မကောင်းဖြစ်ရပြန်​၏။ စာရေးသူ​၏လက်ရာကိုထမဆုံးဖတ်ဖူးခြင်းဖြစ်​၏။အရင်ကစာရေးသူ​၏ စာအုပ်များမဖတ်ခဲ့မိလေချင်းဟု ဘဝင်မကျဖြစ်ရ​၏။ရသစာပေကနေ သမိုင်း ယဉ်ကျေးမှုတို့ကို တန်းဖိုးထားတတ်အောင် အလင်းဖွင့်ပေးနိုင်သော စာရေးသူကိုကျေးဇူးတင်မိ​၏။ ဇာတ်သိမ်းမှာ မောင်က မမ​၏နဖူးကိုဖွဖွလေးနမ်းခိုင်းပြီး ညားခွင့်မပေးတဲ့ စာရေးသူကိုတော့ မေးလိုက်ချင်ပါ​၏။

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ