Nway Oo Maung
လက်ကျန်လရောင်
စာအုပ်ဖတ်ပြီး အရင်ဆုံးဖြစ်တဲ့ခံစားမှုကတော့ ပုဂံယဉ်ကျေးမှုနှင့်သမိုင်း၏တန်ဖိုးကိုနားမလည် တန်ဖိုးမထားတတ်သော မိမိကိုယ်ကိုယ်မြင်ပြီး ရှက်စိတ်ဝင်မိတာပဲ။ပုဂံကိုနှစ်ခေါက်ရောက်ဖူးပါ၏၊ ဆယ်နှစ်သားလောက်ကလူကြီးများခေါ်သွားလို့ရောက်ရ၏။သမိုင်းနှင့်ယဉ်ကျေးမှုဆိုသော စကားလုံးကို ကြားဖူးသေးဟန်မရှိ၊လူပျိုပေါက်အရွယ်မှာ နောက်တစ်ခေါက်ရောက်၏၊ မြန်မာပြည်၏အထင်ကရနေရာတစ်ခုအဖြစ်သာ အလတ်ပတ်သဘောဖြင့်သွားခဲ့၏၊သမိုင်းနှင့်ယဉ်ကျေးမှုကို တန်ဖိုးထားလေ့လာရမှန်းမသိခဲ့။ဆရာမပုညခင်၏ လက်ကျန်လရောင်ဖတ်ပြီးမှ ပုဂံဆိုတာ"မြန်မာဟေလို့ ဟစ်ကြွေးနိုင်ခဲ့သော သက်သေတစ်ခု" ဆိုတာပိုပြီးသဘောပေါက်ရ၏။ပုဂံဆိုတာ "သမိုင်း,အနုပညာ ,အင်ဂျင်နီယာပညာ,ကို ပေါင်းပြီးလေ့လာနိုင်တဲ့နေရာ"လို့ဆိုပြန်တော့ နာမည်ကြီးဘုရားအဆူတိုင်း၏သမိုင်းကိုလေ့လားပြီး တစ်ဆူခြင်းအေးအေးဆေးဆေးဖူးချင်စိတ်ပေါ်လာမိ၏။ပုဂံပြည်ကြီးတည်ရှိချိန်က မြန်မာဟာ တင့်တယ်သောနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး မျက်မှောက်နိုင်ငံအနေထားနှင့် ယှဉ်ကြည့်မိပြန်တော့ စိတ်မကောင်းဖြစ်ရပြန်၏။ စာရေးသူ၏လက်ရာကိုထမဆုံးဖတ်ဖူးခြင်းဖြစ်၏။အရင်ကစာရေးသူ၏ စာအုပ်များမဖတ်ခဲ့မိလေချင်းဟု ဘဝင်မကျဖြစ်ရ၏။ရသစာပေကနေ သမိုင်း ယဉ်ကျေးမှုတို့ကို တန်းဖိုးထားတတ်အောင် အလင်းဖွင့်ပေးနိုင်သော စာရေးသူကိုကျေးဇူးတင်မိ၏။ ဇာတ်သိမ်းမှာ မောင်က မမ၏နဖူးကိုဖွဖွလေးနမ်းခိုင်းပြီး ညားခွင့်မပေးတဲ့ စာရေးသူကိုတော့ မေးလိုက်ချင်ပါ၏။
Keep Reading