Author's Profile Photo

Gemini

2/04/2024

ပျောက်ဆုံးသွားသောဒဏ်ရာများ

1 min read
Personal Development
ပျောက်ဆုံးသွားသောဒဏ်ရာများ's photo

နွေလယ်မှာလောင်တဲ့မီးလိုပါပဲ့.....
မိုးရာသီမှာတွေ့ရတဲ့ဗွက်အိုင်တွေလိုပါပဲ့.....
ဆောင်းရာသီမှာခံစားရတဲ့ ခြောက်သွေ့မှု့လိုပါပဲ့.....
ဘယ်ဒဏ်ရာမဆို နာကျင်ရသလို တစ်ချိန်ကြရင်လည်းပျောက်ကင်းသွားမှာပါပဲ့.....

ဒဏ်ရာတွေအမျိုးမျိုးရှိတဲ့အထဲမှာ ကုသဖို့ မေ့ပျောက်ဖို့ အခက်ခဲဆုံးကတော့ လူတစ်ယောက်ရဲ့စိတ်ဒဏ်ရာ ပါပဲ့....
မွေးဖွားလာပြီးတဲ့အချိန်မှအစ သေဆုံးတဲ့အချိန်အထိ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေ ကြေကွဲလွမ်းဆွတ်ရတဲ့အခိုက်အတန့်တွေက အများကြီးပါပဲ့......
တစ်စုံတစ်ယောက်ကြောင့်ဖြစ်စေ မိမိကိုယ်တိုင်ကြောင့်ဖြစ်စေ ကျွန်တော်တို့ဟာ ထိခိုက်နာကျင်ခံစားရတဲ့အခါ.....
အဲဒီ့နာကျင်မှု့ကို မကုသနိုင် မဖြေရှင်းနိုင်တဲ့အခါ သိစိတ်မှာရော မသိစိတ်မှာပါ စိတ်ဒဏ်ရာအဖြစ် စွဲကပ်ကျန်နေတက်ပါတယ်
အသေအချာပြန်တွေးကြည့်ကြရင်ဒီစိတ်ဒဏ်ရာတွေဟာ ကျွန်တော်တို့ကိုယ်တ်ိုင်ကိုယ်ကျ သိမ်းဆည်းထားတဲ့မှတ်ဉာဏ်
ဒါမှမဟုတ် ကျွန်တော်တို့ရဲ့လက်ရှိဘဝကိုပါထင်ဟပ်စေနေတဲ့ စိတ်ဒဏ်ရာရဲ့အရိပ် တွေကြောင့် ကုစားဖို့ အချိန် နေရာ လိုအင်ဆန္ဒ တွေအလိုက် အချိန်ကြာကောင်းကြာနိုင်ပါတယ်.....

တစ်ချို့စိတ်ဒဏ်ရာတွေကြပြန်တော့လည်း ဘဝဆုံးသည်အထိ သေရာပါ ဖြစ်တက်ပါတယ်.....
ဒါကြောင့် တခြားသူတွေကိုရော ကျွန်တော်တို့ ကိုယ်တိုင် ရောစိတ်ဒဏ်ရာမပေးဖို့ စိတ်ဒဏ်ရာမရနိုင်အောင်ဆင်ခြင်နေထိုင်ရွေးချယ် တက်ဖို့အရေးကြီးပါတယ်.....

ကျန်ရှိနေတဲ့အချိန်မှာ သက်တံ့ရောင်စုံတွေလို ဘဝကို အရောင်အသွေးစုံလင်စွာနဲ့ဖြတ်သန်းစေချင်ပါတယ်..... ကျွန်တော်ကိုယ်တိုင်လည်း .......ဖြတ်သန်းချင်ပါတယ်.....?



Keep Reading

အာရုံစူးစိုက်မှုCambridge English Examစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း