Author's Profile Photo

Nyi Khant

31/01/2025

ကြည်အေး (သို့မဟုတ်) ကြည်အေး (၁) ၀တ္ထု(၁)

1 min read
Book Review
ကြည်အေး (သို့မဟုတ်) ကြည်အေး 

(၁)

၀တ္ထု(၁)'s photo

ပထမဦးစွာကျွန်တော်ကြည်အေးနှင့်ပတ်သတ်၍ဘာအကြောင်းအရာကိုတင်ပြရမလဲလို့ ဒွိဟအမှန်ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကြည်အေးဆိုတဲ့အမျိုးသမီးဟာ မြန်မာစာပေလောကမှာ အစဉ်အလာစာ‌ပေပုံစံတွေကနေဖောက်ထွက်ခဲ့သူ၊အ‌ခြေခံအကြောင်းအရာတွေကိုစိန်ခေါ်ခြင်းနဲ့ အစဉ်အလာစာပေရဲ့နေ၀င်ခေါင်းလောင်းကိုလှုပ်နှိုးခဲ့တဲ့စာရေးဆရာမတစ်ဦးဖြစ်နေလို့ပါပဲ ကြည်အေးရဲ့ ရဲရင့်မှုကထိုခေတ်အခါက ခေတ်ပြိုင်စာရေးဆရာ‌တွေကိုရော အစဉ်အလာစာရေးဆရာများနဲ့စာပေသမားတွေကိုကြီးမားတဲ့အံ့အားသင့်မိဖြစ်စေပါတယ် ကြည်အေးလိုရဲရင့်တဲ့စာရေးဆရာမမျိုးကို မြန်မာလူအဖွဲ့အစည်းကအချိန်အတော်အတန်ကြာကြာ မေ့လျော့ထားခဲ့ပါတယ် ကြည်အေးဟာကျတော်တို့လက်ရှိဂုဏ်ပြုမှုထပ်များစွားသောဂုဏ်ပြုမှုနဲ့ထိုက်တန်ပါတယ် ဒါကြောင့် ဒီဆောင်းပါးမှာ ကြည်အေးရဲ့စာပေကိုပဲ‌ဖော်ပြမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီ‌ကနေ့ ကျွန်တော့်တင်ပြချက်မှာ ကြည်အေးကိုအလုံးစုံနားလည်နိုင်မှာမဟုတ်သလိုကြည်အေး၀တ္ထုနဲ့ကဗျာတွေကိုလည်းအပြည့်အ၀နားလို့ဖို့ခက်ခဲနေအုန်းမှာပါပဲ။ ဆက်ပြီးအချက်တွေနဲ့တင်ပြပါမယ်။

ကြည်အေး၀တ္ထု ၊ ၀တ္ထုတို နဲ့ ကဗျာတွေအများကြီးရှိတဲ့ကြားက တင်ပြသူရဲ့ ရသခံစားမှုဆိုင်ရာ အမြင်နဲ့တစ်ခုချင်းဖော်ပြပါမယ်




ကြည်အေးကို ဖြစ်တည်မှုပဓာနဝါဒလို့ဆိုကြပါတယ်။( ဖြစ်တည်မှုပဓာနဝါဒအကြောင်းကိုဆောင်းပါးသပ်သပ်ဖော်ပြနိုင်အောင်ကြိုးစားပါမယ်ခင်ဗျာ)
ကြည်အေးရဲ့ထင်ရှား၀တ္ထုတစ်ပုဒ်ဖြစ်တဲ့"မီ"၀တ္ထုဟာ မြန်မာစာဖတ်ပရိတ်သတ်ကို အတော်လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်။ ဒီ၀တ္ထုမှာ မီဟာ ပျက်တက်တက်မိန်းကလေးပုံဖော်ခံထားရပြီး ယောင်္ကျားတွေကိုလှည့်စားပြီးမာယာများတဲ့ အဆိပ်ရှိတဲ့မြွေမလေးတစ်ကောင်လိုဇာတ်လမ်းကဖန်တီးထားပါတယ်။မီ့ကြောင့်လူတစ်ယောက်လုံးသေတာကိုတောင်ဘာမှမခံစားရပဲနေနိုင်လောက်အောင်အသည်းအေးတဲ့မီ၊ နှိပ်စက်ရတာကိုအရသာရှိတယ်လို့ပြောခံရတဲ့မီ၊ မီဟာဂြိုလ်ကောင်၊ မီဟာကျားနာ စသဖြင့် မီဇာတ်ကောင်ဟာပုံဖော်ခံရတာပါ ဒီနေရာမှာ ကျွန်တော်တို့သတိထားရမှာက ဇာတ်လမ်းမှာ ဇာတ်ပြောဟာ မီဟုတ်မနေတာပါပဲ မီမဟုတ်တဲ့"ဦးသော်ဆွေ"ဖြစ်နေတာပါပဲ။ ဦးသော်ဆွေဟာ"မီ"မဟုတ်ဘူး "ဦးသော်ဆွေ"ရဲ့အမြင်နဲ့ပြောတဲ့ဇာတ်ပြောဟာအလုံးစုံမမှန်နိုင်ပါဘူး သက်သေအနေနဲ့မီ၀တ္ထုပြန်ဖတ်ကြည့်တဲ့အခါဂရုစိုက်မိရင်တွေ့ပါလိမ့်မယ်။ ဦးသော်ဆွေဟာ သူ့ရဲ့မိန်းမ‌တွေပေါ်အမြင် နဲ့ မီ့ပေါ်ဆုံးဖြတ်နေတာပါ ဒီ၀တ္ထုမှာ မီဟာပျောက်ဆုံးနေတယ်၊ တကယ့်မီလို့ထင်ယောင်ထင်မှားဖြစ်စေလောက်တဲ့ဇာတ်ပြောရဲ့အတ္တတွေပါနေတဲ့ မီရိပ်ယောင်ကိုပဲတွေ့ခဲ့ရတာပါ။ဦးသော်ဆွေဟာ မသိစိတ်ထဲမှာ မိန်းမတွေကိုမုန်းနေတတ်တဲ့သူတစ်ဦးလည်းဖြစ်နိုင်ပါသေးတယ် သူ့ရဲ့မီ့အပေါ်အမြင်တွေကို စာဖတ်သူတွေစိတ်ထဲကို တကယ့်မီလို့မြင်လာအောင်ရိုက်သွင်းနေတာဟာ အတော့်ကိုသတိထားစရာပါပဲ။ ဒီနေရာမှာစာဖတ်သူတွေ ကြည်အေးရဲ့ ယောင်္ကျားအဇ္ဈတတွေကိုလှစ်ပြလိုက်တာကိုမြင်ရနိုင်ပါတယ် ဒါဟာကြည်အေးရဲ့ပညာရပ်ပါပဲခင်ဗျာ။

ဒီ၀တ္ထုစစထွက်ခါစက ဝေဖန်မှုတွေမြိုင်ဆိုင်ခဲ့တာပါ ၊ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး၊ မြန်မာအမျိုးသမီးကောင်းတွေကိုသရုပ်ပျက်ပုံဖော်တယ် စသဖြင့် စသဖြင့် ဒီဝေဖန်ချက်တွေကိုကြံ့ကြံခံပြီး ကြည်အေးရဲ့ ကလောင်စွမ်းနဲ့ ယောင်္ကျားကြီးစိုးတဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့အတွေးအခေါ်လွှမ်းမိုးမှု ချုပ်ကိုင်မှုနဲ့ ဖိနှိပ်မှုကို ဖော်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ။
ဒီနေ့မှာကျွန်တော်ကြည်အေးရဲ့စာပေလက်ရာတွေထဲကမှ "မီ"ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ် နောက်ရက်တွေမှာလည်း အခြား၀တ္ထုတွေ ၊ ၀တ္ထုတွေပြီးတဲ့နောက်၀တ္ထုတိုများ၊ ကဗျာများလည်း တင်ပြနိုင်အောင်ကြိုးစားပါအုန်းမယ်ခင်ဗျာ။


၃၁.၁.၂၀၂၅(သောကြာနေ့)

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ