the IX
♥ Oh my Husband ♥
Pt/11
1.
သက္ကက နားကြပ်ကိုရောဖုန်းကိုပါထားခဲ့သောကြောင့် ရာစု
" ဘာသီချင်းတွေနားထောင်နေတာလဲမသိဘူး "
ဟု တွေးကာ နားကြပ်တစ်ဖက်ကိုနားထဲသို့ထည့်လိုက်သည် ။ ထုံစံအတိုင်း နာမည်ကြီး ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ထဲမှ အဓိကအဆိုရှင်ဖြစ်သည့်မိန်းကလေး၏တစ်ကိုယ်တော်သီချင်းသံကို ကြားရသဖြင့် ပြုံးလိုက်ပြီး နားကြပ်ကိုမဖြုတ်သေးပဲ သီချင်းဆုံးသည်အထိ နားထောင်ရန်စိတ်ကူးလိုက်သည် ။ ထိုစဥ် မိမိလက်ထဲမှ သက္က၏ဖုန်းက တုန်ခါလာသည် ။ ညနက်မှဝင်လာသည့်ဖုန်းဖြစ်သည့်အတွက် မကိုင်ရန်စိတ်ကူးမိသော်လည်း ဖုန်းခေါ်ဆိုသူက ဂျူးလီဖြစ်နေသောကြောင့် စိတ်ထဲတွင် လေးလံသွားမိပြီး
" ဒီအချိန်ကြီး အတွင်းရေးမှုးနဲ့သူဌေးကဘာပြောစရာကိစ္စရှိနေလို့ဖုန်းဆက်ရတာလဲ "
ဟူသော အတွေးကိုလည်းတွေးလိုက်မိသည် ။ မိမိအတွေးရှည်နေသကဲ့သို့ ဂျူးလီကလည်း ဖုန်းကိုဆက်တိုက်ခေါ်နေသောကြောင့် တွေဝေမနေတော့ပဲ ဖုန်းကိုကိုင်လိုက်ကာ
" ဟယ်လို "
ဟု ထူးလိုက်သည် ။
ဂျူးလီနှင့်သက္ကနှစ်ယောက်ဖုန်းပြောလျှင် မည်သို့အစချီကာပြောကြသည်မသိ ။ ဂျူးလီက မိမိအသံကိုကြားသည်နှင့်
" အစ်ကိုနဲ့ပြောစရာရှိလို့ပါ ..... ဟို ..... အစ်ကိုမရှိဘူးလားရှင့် "
ဟု တန်းပြောသည် ။ ထို့ကြောင့် ဒေါသတို့က ထောင်းကနဲထွက်လာရပြီး
" သက္ကက ရေချိုးနေတယ် ..... အခုပြောနေတာရာစုပါ ..... မှာစရာရှိရင်မှာထားခဲ့လေ ..... သူထွက်လာရင်ပြောပြလိုက်မယ် "
ဟု ပြောလိုက်သည် ။ မိမိစကားကို ဂျူးလီက
" ရတယ် ရာစု ..... အခုကိစ္စက အစ်ကိုနဲ့တိုက်ရိုက်ပြောမှဖြစ်မှာ ..... ခဏနေမှပြန်ဆက်လိုက်ပါမယ် "
ဟု တုံ့ပြန်ပြီး ဖုန်းကိုအရင်ချသွားသဖြင့်
" မလောက်လေးမလောက်စားကများ ငါ့ကိုလာပြီးကြောချင်နေတာ "
ဟူ၍ ရေရွတ်လိုက်ကာ ဖုန်းကိုလွှင့်ပစ်ရန်ဟန်ပြင်လိုက်မိသည် ။ ပြီးမှ မိမိကိုင်ထားသည်မှာ သက္ကဖုန်းဖြစ်နေကြောင်းကိုသတိရသွားပြီး အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ။
2.
ရာစု အိမ်ထဲသို့ပြန်ဝင်လာသောအခါ ဝရန်တာဘက်သို့ ခပ်သွက်သွက်လျှောက်လာသည့်သက္ကကို ထပ်တွေ့ရသည် ။ ကျန်ခဲ့သောဖုန်းကိုလာယူခြင်းဖြစ်ကြောင်း မပြောသော်လည်းသိနေသောကြောင့် မိမိကိုကျော်သွားရန်ပြင်နေသောသက္က၏လက်ကောက်ဝတ်ကို ဖြတ်ကနဲဆုပ်ကိုင်လိုက်ပြီး
" ဖုန်းလာယူတာမဟုတ်လား ..... ဖုန်းကဒီမှာ "
ဟု ပြောကာ သက္က၏ဖုန်းကိုထောင်ပြလိုက်သည် ။ သက္ကက မည်သည့်စကားမှမဆိုပဲ ဖုန်းကိုလှမ်းယူရန်လက်လှမ်းလာသောကြောင့် ခပ်ညစ်ညစ်ပြုံးလိုက်ပြီး သက္က၏ထိုလက်ကိုပါ အားနှင့်ဖမ်းကိုင်လိုက်သည် ။ မိမိ၏အပြုအမူကို သက္ကက စိတ်ရှုပ်ဟန်ဖြင့် မျက်မှောင်ကြုတ်၍
" ရာစုသစ် "
ဟု ခေါ်သည် ။ ထို့ကြောင့် ပြုံးပြလိုက်ပြီး သက္က၏နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်သည် ။ သက္ကက နှုတ်ခမ်းတို့ကို စေ့ပိတ်ထားသဖြင့်
" ငါ့အဆိုးလေးက တကယ်ကိုဆိုးနေတာပါလား "
ဟု စိတ်ထဲမှရေရွတ်လိုက်ပြီး သက္က၏အောက်နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်သည် ။ မိမိကို တစ်ကြိမ်မှအရှုံးမပေးဖူးသောသက္ကကလည်း မိမိနှုတ်ခမ်းကို မိအောင်ဖမ်းပြီးပြန်ကိုက်ပစ်သောကြောင့် သက္ကကို အလိုမတူပဲနမ်းမိသည့်ကိစ္စသည် မထင်မှတ်ပဲကြာရှည်သွားသည် ။ ဤအတိုင်းဆိုလျှင် ယနေ့ညတွင်းချင်ပင် သက္ကပေးထားသော မီးရှို့ခံရ၍ပြာဖြစ်သွားသည့်ကွာရှင်းစာချုပ်ပေါ်တွင် လက်မှတ်ထိုးပေးနေရမည်ဖြစ်သောကြောင့် အနမ်းတို့ကိုရပ်တံ့လိုက်ကာ စိတ်ဆိုးနေသဖြင့် အနည်းငယ်နီနေသောသက္က၏မျက်နှာကို ကြည့်လိုက်မိသည် ။ သက္ကက နဂါးမျက်စောင်းဖြင့်မိမိကိုကြည့်နေပြီး အချုပ်ခံထားရသောလက်နှစ်ဖက်ကိုလည်း အတင်းရုန်းနေသဖြင့်
" ချစ်တယ်နော် သက္က "
ဟု ပြောကာ သက္က၏ဘယ်ဘက်နားထင်ကို ဖွဖွနမ်းလိုက်သည် ။ ပြီးမှ သက္က၏လက်များကိုလွှတ်ပေးလိုက်ပြီး သက္က၏လက်သီးကိုမစားရသေးခင် နေရာမှပြေးထွက်လာခဲ့လိုက်သည် ။
3.
ရာစုက လုပ်ချင်ရာလုပ် ၊ ပြောချင်ရာပြော၍နေရာမှထွက်ပြေးသွားသော်လည်း လင်းခမြာ ယခုအချိန်အထိ အသက်ရှုမဝသေးသလို ပြင်းထန်စွာခုန်နေသောနှလုံးကလည်း ပုံမှန်မဖြစ်သေး ။ ထို့ကြောင့် ရာစုပြန်ပေးသွားသောမိမိ၏ဖုန်းကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည် ။ ထိုစဥ်မှာပင် လက်ထဲမှဖုန်းက တုန်ခါလာသည် ။ ခေါ်ဆိုသူက ဂျူးလီဖြစ်နေသောကြောင့် ချက်ချင်းပင်ကိုင်လိုက်ပြီး
" အင်း လီလီ ..... ဘာထူးသေးလဲ "
ဟု မေးလိုက်သည် ။ ဂျူးလီက
" တရားခံကိုဖမ်းမိပြီ အလင်းရေ "
ဟု ပြောလာသောကြောင့် မတ်တပ်ထရပ်လိုက်ပြီး
" ဟုတ်လား ..... အခုဘယ်မှာလဲ "
ဟူ၍ မေးလိုက်သည် ။ ဂျူးလီက
" ကြည့်မြင်တိုင်ရဲစခန်းမှာ အလင်း "
ဟု ပြန်ဖြေပြီးမှ
" အလင်းအသံကသိပ်မကောင်းသလိုပဲ ..... နေမကောင်းဘူးလား ..... ပြီးတော့ အလင်း ..... အခုကညနက်နေပြီဆိုတော့ မလာရင်မလာနဲ့တော့ ..... ညီမနဲ့အစ်ကို့ရှေ့နေနဲ့ပဲကြည့်စီစဥ်လိုက်မယ်လေ "
ဟူ၍ ပြောသည် ။
ဂျူးလီထင်နေသလို နေမကောင်းဖြစ်နေခြင်းမဟုတ်ကြောင်းကိုရှင်းပြလိုသော်လည်း စကားလုံးများကို မြိုသာမြိုချလိုက်ပြီး
" မလာလို့ဘယ်ဖြစ်မလဲ ..... ရာစုကိစ္စကကိုယ့်ကိစ္စပဲမို့လို့ လီလီ့ကိုအလကားအပင်ပန်းခံခိုင်းလို့ဖြစ်မလား ..... ပြီးတော့ လီလီကမိန်းကလေးလေ ..... မိန်းကလေးနဲ့ရဲစခန်းကမအပ်မစပ်တွေကို ..... အခုလိုခိုင်းရတာတောင်အားနာလှပြီ "
ဟု မိမိစိတ်ကို အသိပေးလိုက်သည် ။ ဤစကားကို ဂျူးလီက
" အားနာရအောင် သူစိမ်းတွေမှမဟုတ်တာကို အလင်းရယ် "
ဟု ရယ်၍တုံ့ပြန်သည် ။ တုံ့ပြန်ရင်းကလည်း တစ်ဖက်ကိုစကားပြောနေသဖြင့်
" အဲ့ဒီမှာလက်စသတ်စရာတွေရှိနေသေးတာလား ..... ရှိသေးရင်လည်း ဦးသီဟကိုလွှဲပေးလိုက်ပြီးပြန်နားတော့ ..... ကိုယ်အခုလာပြီးကျန်တာဆက်လုပ်လိုက်မယ် "
ဟု ပြောလိုက်သည် ။ ပြီးသည်နှင့် ဖုန်းကိုချလိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။
4.
လင်း ကြည့်မြင်တိုင်ရဲစခန်းသို့ရောက်သည့်အချိန်သည် ညဆယ်နာရီကျော်နေပြီဖြစ်သည် ။ ပုံမှန်ဆိုလျှင် မည်သည့်ရဲအရာရှိကမှ ညခြောက်နာရီနောက်ပိုင်းတွင် အမှုကိစ္စကိုမကိုင်တော့သော်လည်း ယခုကိစ္စက ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့် မိမိ၏ကိစ္စဖြစ်သည့်အပြင် မိမိအမှုဖွင့်ထားသောလူက ရာစုကိုနာမည်ပျက်အောင်နောက်ကွယ်မှကြိုးကိုင်သူဖြစ်နေသောကြောင့် ညနက်နေသော်လည်း ရဲစခန်းထဲတွင် စခန်းမှုးမှစ၍ အောက်ခြေရဲတပ်သားလေးအထိရှိနေသည် ။
စခန်းမှုးက ရဲစခန်းထဲသို့ဝင်လာသောမိမိကိုတွေ့သည်နှင့် မတ်တပ်ထရပ်ပြီး
" ဟာ ဆရာကိုယ်တိုင်ဘာဖြစ်လို့လာရတာလဲ ..... ကျွန်တော့်ဆီဖုန်းဆက်လိုက်ရောပေါ့ ဆရာရယ် "
ဟု စကားစသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး ယခုအချိန်အထိမပြန်သေးသော ဂျူးလီ၏ဘေးတွင်ဝင်ထိုင်လိုက်ကာ
" အထွေအထူးတော့မဟုတ်ပါဘူး ..... ဘယ်လိုလူကကျွန်တော့်လူကိုရာရာစစထိပါးဖို့စိတ်ကူးရဲတာလဲဆိုတာကိုသိချင်လို့လာကြည့်ရင်း စခန်းမှုးနဲ့လည်းမတွေ့ဖြစ်တာကြာလို့လာတွေ့တာ "
ဟူ၍ ပြောလိုက်သည် ။ ပြီးမှ
" ကျွန်တော့်ကြောင့်နဲ့စခန်းမှုးတို့လည်းအခုထိမနားရသေးဘူးဆိုတော့ တောင်းပန်တဲ့အနေနဲ့အဆာပြေစားစရာလေးနည်းနည်းဝယ်လာတယ် ..... စားရင်းနဲ့အေးအေးဆေးဆေးစကားပြောကြတာပေါ့ "
ဟု ဆက်ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် မိမိ၏အခြားဒရိုင်ဘာ(Driver)က လက်နှစ်ဖက်နှင့်အပြည့် စားစရာများကို သယ်လာသဖြင့် စခန်းမှုးကို ပြုံးပြလိုက်သည် ။
5.
ရာစု ယနေ့ညတွင် သက္ကနှင့်ကြီးကြီးကျယ်ကျယ်ရန်မဖြစ်သော်လည်း သက္ကက ညအချိန်မတော်မှ အပြင်သို့ထွက်သွားသဖြင့် လွတ်နေသော မိမိဘေးမှသက္က၏နေရာကိုကြည့်လိုက်ပြီး
" ဂျူးလီနဲ့ဖုန်းပြောပြီးပြီထင်တယ် ..... ငါနဲ့ရန်ဖြစ်လို့အပြင်ထွက်တာကလွဲရင် တစ်ခါမှညဘက်အပြင်မထွက်တတ်တဲ့လူက အခုညနက်မှအပြင်ထွက်သွားတယ်ဆိုတော့ မင်းသူ့ကိုအဲ့ဒီလောက်တောင်သံယောဇဥ်ရှိတာလား အလင်းရယ် "
" ချစ်ခြင်းမေတ္တာက မပိုင်ဆိုင်ရလည်းဖြစ်တယ်လို့ခံယူထားပေမဲ့ မင်းငါ့ကိုအဲ့ဒီလောက်တောင်မုန်းမှန်းသိနေတာတောင် ဘာဖြစ်လို့မင်းကိုလက်မလွှတ်ပေးနိုင်တာပါလိမ့် သက္ကရယ် ..... ငါအရမ်းအတ္တကြီးနေမိတာလား "
ဟု ဝမ်းနည်းစွာ ရေရွတ်လိုက်သည် ။
သို့သော် ..... ထိုစိတ်သည် မိနစ်ပိုင်းပင်မခံ ။ ချက်ချင်းပင်
" အတ္တကြီးလည်းဘာဖြစ်လဲ ..... မင်းကိုငါ့အနားမှာတစ်သက်လုံးခေါ်ထားနိုင်ဖို့ဆိုရင် လကမ္ဘာဆီသွားရလည်းဖြစ်တယ် "
ဟု တွေးမိပြန်ကာ ဝမ်းနည်းစိတ်တို့ကပျောက်ဆုံးသွားရတော့သည် ။
6.
လင်း မေးသမျှကိုမဖြေပဲ
" ဒီကိ
Unlock to read this premium article with 10 points.