Author's Profile Photo

B4; You WATCH

24/06/2025

Elio (2025) Spoiler Free Movie Review

1 min read
Art
Startup
Entertainment
Elio (2025)
Spoiler Free Movie Review's photo

အာကာသကြီးဆီ ခရီးနှင်ကြရအောင်။

ဒီတစ်ခါ review လုပ်ပေးမဲ့ရုပ်ရှင်ကတော့ Disney ကနေဖြန့်ချီခဲ့တဲ့ Pixer ရဲ့ လက်ရာ animated ရုပ်ရှင်ဖြစ်တဲ့ Elio.

Elio ကိုတော့ ဇာတ်ညွှန်းအနေနဲ့ Julia Cho, Mark Hammer နဲ့  Mike Jones တို့က ရေးသားပေးထားတာဖြစ်ပြီးတော့ ဒါရိုက်တာတွေအနေနဲ့ Madeline Sharabian, Domee Shi နဲ့ Adrian Molina တို့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ကတော့ Yonas Kibreab, Zoe Saldaña, Remy Edgerly, Brandon Moon, Brad Garrett နဲ့ Jameela Jamil တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံကတော့ မိဘတွေမရှိတော့လို့ အဒေါ်နဲ့နေနေရပြီး အထီးကျန်နေတဲ့ ‌၁၁နှစ်အရွယ်ကောင်လေးတစ်ယောက် အာကာသထဲက ဂြိုဟ်သားတွေအကြောင်း သိရှိသွားချိန်မှာ ကမ္ဘာမြေကြီးကိုစွန့်ခွာပြီး သူ့ရဲ့အထီးကျန်ဘဝကြီးကို အဆုံးသတ်ဖို့ ကြိုးပမ်းပုံကိုကြည့်ရမှာပါ။

‎ Elio ရုပ်ရှင်ကအခြားသော Pixer ရဲ့ လက်ရာတွေနဲ့ ယှဉ်ရင်အနည်းငယ် လျော့တယ်လို့တော့ခံစားရပါတယ်။ရိုးရှင်းလွန်းတဲ့ ဇာတ်လမ်းပုံစံဖြစ်တဲ့အပြင် ဇာတ်လမ်းတစ်ခုလုံးကိုလဲ tempo အတက်အကျဖြစ်အောင်သိပ်ကစားထားတာမျိုးလဲ မတွေ့ရပါဘူး။ Emotion ဖြစ်လောက်စေမဲ့ ဇာတ်ဝင်ခန်းမျိုးတွေကလဲအမှန်တကယ်ဇာတ်လမ်းနဲ့ ထပ်တူနီးပါးခံစားဖူးသူတွေလောက်သာခံစားမှုကောင်းကောင်းနဲ့ Heart Touching ဖြစ်စေမှာပါ။

အားရတဲ့အချက်တွေကတော့ ဇာတ်ကောင်တွေဖန်တီးတဲ့နေရာမှာ အသေးစိတ်ကျတာတွေ၊ မီးအလင်းအမှောင်သုံးထားတဲ့အပိုင်းတွေ ဂြိုဟ်သားတွေကိုကြည့်ရင် ပုံစံဆန်းဆန်းလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ ခံစားမှုမျိုးရတာတွေကတော့ ဒီရုပ်ရှင်ရဲ့ အားသာချက်တွေပါ။ အားနည်းချက်တွေဆိုရင်တော့ Narrative ထည့်ထားတာတွေက မလိုအပ်သလိုခံစားရတာ၊ နောက်ခံ music score တွေက အရမ်း calm ဖြစ်လွန်းတာကြောင့် တချက်တချက် bore ဖြစ်စေတာ၊ အချို့ scene တွေက ကလေးတွေအတွက် အနည်းငယ် ကြောက်
‎ဖို့ကောင်းတဲ့ဘက် ရောက်နေတာမျိုးတွေတော့ ရှိပါတယ်။

ဒီကားကြည့်ပြီးရင်တော့ကိုယိ့အနီးအနားကလူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုနားလည်လာနိုင်မှာ ဖြစ်သလို အနွေးထွေးဆုံးနေရာရဲ့တန်ဖိုးနဲ့ အပေါ်ယံဟန်ဆောင်မှုတွေမလိုပဲ လောကကြီးကို ရင်ဆိုင်နိုင်ဖို့ဆိုတဲ့အရာတွေကိုတော့ သင်ခန်းစာအနေနဲ့ ယူလို့ရပါတယ်။

Overall ခြုံပြောရရင် Elio ရုပ်ရှင်က ခပ်အေးအေးရုပ်ရှင်ကိုမှ relax လုပ်တဲ့အနေနဲ့ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက်ကတော့ အချိန်ဖြုန်းလို့ကောင်းမဲ့ ရုပ်ရှင်ဖြစ်ပေမဲ့ စိတ်ပျော်ချင်ရုံသက်သက်နဲ့ animated ရုပ်ရှင်တွေအပေါ် serious ထားတတ်တဲ့သူတွေအတွက်ကတော့ အနည်းငယ်ပေါ့ရွှတ်ရွှတ် ဖြစ်နေပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီရုပ်ရှင်အကြည်ထွက်လာခဲ့ရင်တော့ အလယ်တန်းကျောင်းသားအရွယ်လေးတွေနဲ့ အချို့တစ်ဝက်သော ဆယ်ကျော်သက်လောက်သာ အကြိုက်တွေ့ကြမယ်လို့ မြင်မိပါတယ်။ အဲ့ဒီ့အတွက် ကျွန်တော့်အနေနဲ့ Elio ရုပ်ရှင်ကို recommend လုပ်မလုပ်ဆိုရင်တော့ ကိုယ့်အကြိုက်နဲ့ကိုယ်လို့ပဲ ပြောပါရစေ။

Budget အနေနဲ့ $150 million အသုံးပြုထားတဲ့ ဒီရုပ်ရှင်ကို June လ ၂၀ရက်နေ့ကမှ US မှာ စရုံတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ $35 million အထိပြန်လည်ရရှိထားပါတယ်။

Elio ရုပ်ရှင်ဟာ လက်ရှိမှာတော့ IMDb 7.1, Rotten Tomatoes 84% နဲ့ Letterboxd Score 3.6 ဆိုတဲ့ Score တွေအသီးသီး ရရှိထားပါတယ်။ကျွန်တော့်ရဲ့ rating ကိုတော့ 6.7 အဖြစ် သတ်မှတ်ပေးချင်ပါတယ်။

Keep Reading

Elio (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်