Tawtawti
#အပိုင်း (4 )
ဂီတမှာ အံ့ဖွယ် တစ်ခုခုပါရှိသည်။
ဂီတ၏ ပင်ကိုယ်မှာပင် အံ့ဖွယ်ဂုဏ်ပါရှိသည်ဟု ဆိုချင်ပါတော့သည်။
ဂီတ၏နေရာမှာ..အတွေးနယ်ပယ်နှင့် ရုပ်ပစ္စည်းနယ်ပယ်တို့ကြားတွင်ရှိသည်။
စိတ်နှင့်ရုပ်တို့အလယ်၌ ထွန်းတောက်နေသော အရာဖြစ်၏။
စိတ်နှင့်ရုပ်နှစ်ခုလုံးဆက်စပ်လျက်ရှိသည်ဟုဆိုနိုင်သော်လည်း..တစ်ခုနှင့်မှ မသက်ဆိုင်၊ကွာခြားပေသည်။
#ဟဲနရစ်-တိုင်း
-ဂျာမန်စာရေးဆရာကြီး
...................................................................
#ဂျော့နှင့်အေဒီသက္ကရာဇ်
ကဗျာနှင့်စာရေးဆရာ အေဒီသက္ကရာဇ်သည် သူ့အိမ်ရှေ့..မြေကွက်လပ်တွင် PS-2 Game (Play Station -2)ဂိမ်းဆိုင်ဖွင့်ထားသည်။
သည်နေ့တော့ သူ့ဆိုင်တွင် Music Game လာရောက် ဆော့ကစားသော လူငယ်တစ်ဦးနှင့် ကြုံရ၏ ။မျက်နှာအကျပုံပန်းသွင်ပြင် ပေါ့ထရိတ်(Portrait)
ကြည့်ရသည်မှာ(ပါကညော) ကရင်လူမျိုးဖြစ်ပုံရသည်။
"ဘောလုံးGameကောမဆော့ဘူးလား"
Music Gameကစားရန် အခွေထည့်ခိုင်းသည်ကြောင့် စပ်စုလိုက်သည်။
ဆိုင်ရှင်နှင့်ကစားသူကြားက ပျူငှာသော ဆက်ဆံရေးတစ်ခုကို စတင်တည်ဆောက်တာလည်းပါသည်။
လူငယ်အများစုက လည်းဘောလုံးGameဝါသနာပါတတ်ကြသည်ကိုး။
"Music Game ဆော့လို့ရတယ်ဆိုလို့သာ လာကစားတာပါ၊ကျန်နော်က..ဂီတခရေဇီလေ၊အဆိုတော်လည်းသိပ်ဖြစ်ချင်တာ.."
လူငယ်လေးက ပြန်ဖြေသည်။
"ရည်ရွယ်ချက်ရှိရင် ပေါက်မြောက်အောင် လျှောက်လှမ်း ရမှာပေါ့၊ ကဗျာနဲ့ဂီတဟာ နာမ်ရဲ့စွန့်စားခြင်း တဲ့"
သည်တော့ လူငယ်လေးက သဘောကျသွားဟန်ဖြင့် ရယ်ပြသည်။
သွားလေးတွေကလည်း..နီတျာတျာ..။
"မင်း..ကွမ်းစားတတ်လို့ လား"
ရင်းနှီးအောင်ထပ်မံမေးလိုက်တော့...
"ဟုတ်ကဲ့..၊လေးဖြူကို အားကျလို့လေ၊စားတာတောင်..လေးဖြူစားတဲ့ဆေးနဲ့ယာပေးပါလို့ပြောမှာမိလို့ ဆိုင်ရှင်တောင် အူလည်လည်ဖြစ်တာ၊
ကျန်နော်က လေးဖြူနဲ့အာဇာနည်ရဲ့ fan၊အာဇာနည်ကေလည်းထားဦးမှာ"
"မင်း..ဝါသနာကလည်း မသေးပါလား၊ဒီ့ထက်မက..ရှိသေးရင် Game ဆော့ပြီးတဲ့အခါ ပြောပြဦးလေ.."
ပြောဆိုကြရင်းကစာရေးဆရာပီပီ စိတ်ဝင်စားလာမိသဖြင့် စူးစမ်းမိသည်။Gameဆိုင်အတွင်းကနေလည်း ဝတ္တုရေးစရာကုန်ကြမ်းရနိုင်သည်ပဲ။
"ဟုတ်ကဲ့...၊ဝါသနာပါဆို မွေးရာပါ ဗီဇပါပဲ..."
"ဒါနဲ့..ညီငယ်..၊မင်း နာမည်က ကောကွ "
"မိုင်နိမ်းအစ်(စ်) ဂျော့ "
"အိုက်စ်..၊နာမည်ကတော့ အလန်းစားပါလား"
သည်လိုနှင့်..အခွေယူ ထည့်အပေး။
ဂျော့လည်း ကစားနေတော့သည်။
ကစားပြီးနောင်မှာတော့ လူရှင်းနေသည့် နေ့လယ်ခင်းဆိုင်အခင်းအကျင်းတွင် နှစ်ဦးသားစကားထိုင်ပြောဖြစ်ကြသည်။
"ဆိုပါဦး..မွေးရာပါဗီဇလို့ ပြောခဲ့တာက.."
"အဆိုတော်လေးဖြူက ပင်လယ်အော် စီးရီးနာမည်နဲ့ အခွေထွက်ဖူးတယ်မှတ်လား၊ကျန်တော့်ကျတော့
မွေးခန်းအော်သံဆို မွေးကတည်းက ထွက်လာတာ..အခွေတော့မဟုတ်ဘူး..အသံဗြဲလေ၊မွေးကတည်းက အဆိုတော်ဖြစ်လာမယ့်နမိတ်လိုနဲ့ အသံအကျယ်ကြီးအော်မွေးခဲ့လို့ ပြောတာပါ၊မွေးခန်းအော်သံပေါ့"
"မိုက်လှူခဲ့လို့နေမယ် "
"အဲ့ဒီ့..မွေးခန်းအော်သံကနေ..ဝါသနာက စလိုက်တာဗျာ....."
ထိုမှ...ဂျော့ပြောပြခဲ့သည်များကို အလျဥ်းသင့်ရာများအကြောင်းစာပြန်စီ၍ အပိုင်း ( 1-2-3)ဟူ၍ ခွဲကာ ရှေ့တွင် ရေးပြခဲ့ပြီး ဖြစ်ပါသည်။
...........................................................................
အကယ်၍
ခံစားတတ်လျှင်ဖြင့်
အရာရာတိုင်းတွင် ဂီတရှိသည်။
#ဘိုင်ရွန်
-အင်္ဂလိပ်လူမျိုးကဗျာဆရာ
..................................................
#ဂျော့နှင့် မျှော်လင့်ခြင်းအတောင်ပံများနှင့်...
"မွေးကတည်းက အသံအောင်တယ်လို့
မိဘတွေက ပြောခဲ့သလို..ရှေ့ဆက်လည်း ကျန်နော် စိတ်ကူးထားတဲ့အတိုင်း..သဲသောင်ပြင် ဆိုတဲ့ title နဲ့ စီးရီးခွေကို ဖြစ်အောင်ထုတ်မှာ ကိုကြီး၊တိုင်ကီထဲခေါင်းထည့်မအော်ဘဲ ICနဲ့ကို သွင်းချင်တာပါ၊အခုလည်း သီချင်းတချို့စမ်းရေးကြည့်နေပါတယ်၊
ဆယ်တန်းကလည်း ပြီးပြီဆိုတော့ ပိုအားစိုက်တော့မလို့၊အိမ်က အားပေးသလိုမအားပေးသလိုဆိုပေမယ့် ကျန်နော့်စီးရီးအတွက် ရှိတဲ့မြေကွက်လေးမျက်စောင်းထိုးမိထားတာပဲ၊ရောင်းဖို့ပြောကြည့်ရဦးမယ်"
"ဒန်တွေဝယ်တယ်..ကြေးတယ်ဝယ်တယ်...သတ္တုများလည်း..ကုလားဝယ်တယ်နော်..ဗျို့.."
ထိုစဥှ
လမ်းမထက်ဆီမှ ဘော်တယ်ကုလားတစ်ယောက်၏ စျေးကွက်အော်သံကို ဂီတပိုးများရှိရာ နှလုံးသားထဲကနေ လှမ်းကြားလိုက်ရလေသည်။
...................................................
ဒဿနအတွေးအမြင်ဆိုတာ
အမြင့်မားဆုံးတေးဂီတပါပဲ။
-ပလေတို
အတွေးအခေါ်ပညာရှင်
................................................
#ဂျော့နှင့် သူ၏ ဖီလော်ဆော်ဖီ(Philosophy)
ဂျော့သွင်ပြင်က ခေါင်းတွင် နီညိုရောင် သက္ကလပ်ဦးထုပ်ကိုဆောင်းထား၏။
အနက်ရောင် ကန်းထရီးရှပ်အကွက်အပေါ် ခဲသားရောင်ကုတ်အင်္ကျီကိုထပ်ပြီး ဝတ်ဆင်ထားသည်။
ဘောင်းဘီဂျင်းပြာရောင်အကြပ်အောက် စီးထားသည့်ဖိနပ်က ငရုတ်သီးခြောက်အနီတောင့် အရှည်ထိပ်အကောက်လို အဖျားကော့နေသည့် ကန်ထရီးဒေါက်လည်ရှည်ကို ဆင်ယင်ထား၏။
MP3 Player မှ ear phone ကိုလည်း နားတွင်ထိုးထားသေး၏။
စမတ်ကျနေသော ဒီဇိုင်းက
ကြာပွတ်၊ခြောက်လုံးပြူး၊မြင်းတစ်ကောင်သာပါလျှင် ပကတိကောင်းဘွိုင်ပုံစံဖြစ်တော့မည်။
"ကိုကြီးက တေးရေးဆရာတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုလို့ အပီရွှိုင်းလာခဲ့တာ "
ဂျော့က အေဒီသက္ကရာဇ်ကိုပြောသည်။
နံနက်ခင်းရောင်နီနှင့်အတူ
ဂျော့ ရောက်ရှိလာသည်နှင့် Gameဆိုင်ကိုမဖွင့်တော့ဘဲ အေဒီသက္ကရာဇ်က အပြင်သွားရန် တာဆူသည်။
"အေး..သူ့အိမ်ကိုသွားရမှာကွ၊သူက.. ဟိုဘက်မြို့မှာဆိုတာ ပြောထားတယ်မှတ်လား၊စတူဒီယိုအသေးစားလေးလည်း ဖွင့်ထားတော့ မင်းသီချင်းအကြမ်း ဒီမိုလေးတွေသွင်းချင်ရင်လည်း အဆင်ပြေအောင်ပေါ့ "
သို့နှင့် နေအိမ်မှ ထွက်ခွာလာခဲ့ကြရင်း
လိုင်းကားစီးကြသည်။
ကားပေါ်ရှိ နှစ်ယောက်ထိုင်ခုံတွင် အတူ
နေရာယူကြရင်း အလ္လာပသလ္လာပ ဆိုဖြစ်ကြသည်။
"စကားမစပ်..စားဖိုမှူးသင်တန်းကော
ဘယ်နားမှာ တက်လို့ရမလဲ.. ကိုကြီး၊အာဇာနည်က အဆိုအပြင် ဟင်းချက်ပါတော်တယ်လို့ ဂီတဂျာနယ် အင်တာဗျူးမှာ ဖတ်ရလို့ပါ၊အဲ့ဒါအားကျလို့လေ၊ကျန်နော်လည်း ဟင်းကောင်းကောင်း ချက်တတ်ချင်တယ်၊အမိုးနဲ့အပါးကို ချက်ကျွေးရအောင် တက်ဖို့မေးကြည့်ထားတာ"
"ဟေ.."
"အောင်မြင်လာရင်..သူတို့ကို တိုက်နဲ့ကားနဲ့ ရေကူးကန်နဲ့ ထားမှာပါ ၊ကျန်နော့်ကို နာမ်နှိမ်ထားတဲ့ ဘော်ဒါတွေနဲ့အစ်ကိုတော်တဲ့ကောင်ကိုတော့
ရေကူးကန်ထဲကျအောင်ကားနဲ့တိုက် မှာ"
"ဟ..မင်းက ဘာမှမဘာရသေးခင်ကတည်းက လေထဲ တိုက်အိမ်ဆောက်တာမကဘူး..ကားရော ရေကူးကန်ပါ ဆောက်ထားတာပါလား..၊အစ်ကို့ကို သည်လိုသဘောမထားရဘူးလေ"
ဂျော့က စပ်ဖြဲဖြဲနှင့်..
"ဒါကတော့..ကျန်နော့်ရဲ့ဖြစ်လိုစိတ်ကို ဦးချိုးကြလို့ပါ ကိုကြီး၊ဒါဆို..သူ့ကို သူမကြိုက်တဲ့တွင်းအောင်းသားတွေချည်း သီးသန့်ချက်ပြီး ထမင်းဖိတ်ကျွေးမယ်လေ၊သူထိုင်မယ့်ခုံမှာ ခွေးလျားသီးမှုန့်ဖြူးထားမယ်၊ခက်တာက ကျန်နော် အခုထိ ခွေးလျားသီးမှုန့်တော့ မမြင်ဖူးသေးဘူး"
"ဟေ.."
ဂျော့က အာရွှင်လာသည်။
"စားရချည်ရဲ့ဆို..သူကထိုင်..ပြီးရင်ရှုံ့မဲ့သွားမှာ၊ကားနားတော့မကပ်ခိုင်းဘူး..မီးလုံးဖိုးတင်နည်းမှာမဟုတ်ဘူးမှတ်လား..ဘတ်သွားမှာစိုးရတယ်"
"ဟေ.."
ထို့ပြင်..
"ခုချိန် အိသလိုရိသလိုပြောထားတဲ့ကောင်တွေလည်း အဲ့ကျ..လာကပ်ရင်
မတ်မတ်ထ တောင်ပန်းခံ..အဲ..
ပြားပြားဝပ်တောင်းပန်ခိုင်း ခံရပြီမှတ်၊
ဂျော့ အမှန်တရားက ဂျော့ကို နားမလည်ပေးနိုင်သူတွေအတွက် ကြက်ခြေကတ်ပေါ့ "
စကားကြိမ်း..တေးကြိမ်းလိုက်သေး၏။
"ဒါက ဂျော့ ဖီလော်ဆော်ဖီပေါ့၊သီချင်းရေးတဲ့အခါ ဒဿနလေးတွေပါအောင်ထည့်ရေးဖို့ကြိုးစား..ဂျော့"
"ဟုတ်ကဲ့..ကိုကြီး"
"ကလောင်ဆိုတာ စိတ်ရဲ့လျှာ လို့ စပိန်လူမျိုး စာရေးဆရာနဲ့ကဗျာဆရာ ဆာဗန်တီက ပြောတယ်၊အချစ်အကြောင်းရေးလည်း ကိုယ့်စိတ်က ခံစားချက်ကိုမူတည်ပြီး နိမိတ်ပုံနဲ့အတွေးအခေါ်လေးထည့်ပြီး ပြန်ပြောပြနိုင်အောင်ရေး၊လျှာကနေဆိုနိုင်အောင် စိတ်နှလုံးသားနဲ့နှစ်ရေး"
"ဟုတ်ကဲ့..ကိုကြီး..၊အချစ်ကတော့
အခု ကျန်နော်သဘောကျနေတဲ့ ကောင်မလေးတော့ရှိတယ်ဗျ၊အခြားမဟုတ်ပါဘူး..၊ကျန်နော့်ငယ်သူငယ်ချင်း ကရင်မလေးပါပဲ၊နော်ခက်ခက်မောင်လေ..၊ဒါပေမယ့် ခက်ခက်ကလည်း ဂီတကို ကျန်နော်အကောင်အထည်ဖော်မပြနိုင်သေးတော့..ချစ်သယောင်ယောင်နဲ့ အဖြေမပေးပါဘူး၊ကျန်နော် အများကြီး ကြိုးစားရဦးမယ်၊သူ့ကိုလည်း တင့်တောင်းတင့်တယ် ထားချင်တယ်လေ.."
ဂျော့က..ကားပြတင်းကနေ..ဟိုး
Unlock to read this premium article with 10 points.