သုဓမ္မ
စိတ်ဒဏ်ရာသည် ကျွန်ုပ်တို့၏ထိန်းချုပ်မှုမှ ရင်ဆိုင်ရန် သို့မဟုတ် ရင်ဆိုင်ရန်ခက်ခဲသော အလွန်စိတ်ဖိစီးမှု၊ ကြောက်စရာကောင်းသော သို့မဟုတ် စိတ်ဆင်းရဲစရာဖြစ်ရပ်များကို တွေ့ကြုံရသောအခါဖြစ်သည်။ ၎င်းသည် အဖြစ်အပျက်တစ်ခု သို့မဟုတ် အချိန်ကြာမြင့်စွာ ဖြစ်ပျက်နေသည့် အဖြစ်အပျက်တစ်ခု ဖြစ်နိုင်သည်။ ကျွန်ုပ်တို့အများစုသည် စိတ်ထိခိုက်စရာဟု ယူဆနိုင်သော ကျွန်ုပ်တို့၏ဘ၀တွင် အဖြစ်အပျက်တစ်ခုကို တွေ့ကြုံခံစားရလိမ့်မည်။ ထိုအရာသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခြင်းထက် စိတ်ပိုင်းဆိုင်ရာ နာကျင်ရမှုပင် ဖြစ်သည်။ အထိခိုက်ဆုံးသော နာကျင်မှုမျိုး ဖြစ်လေ၏။
ကျွန်ုပ်သိသလောက် စိတ်ဒဏ်ရာအမျိုးအစားများကို ရေတွက်ကြည့်ရသော်
ငွေကြေးကြောင့် ဖြစ်ပေါ်သော စိတ်ဒဏ်ရာ
ဝေဖန်မှုများကြောင့် ဖြစ်ပေါ်သော စိတ်ဒဏ်ရာ
မိသားစုအတွင်း ပြဿနာများမှ ဖြစ်ပေါ်သော စိတ်ဒဏ်ရာ
အယူကွဲလွဲမှု၊ ကိုယ်ပိုင်ယူဆချက်္များမှ ဖြစ်ပေါ်သော စိတ်ဒဏ်ရာ
ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာကြီး သို့မဟုတ် အဓိပ္ပာယ်ေကာက်ဖြေရှင်းခြင်းမှ ဖြစ်ပေါ်သော စိတ်ဒဏ်ရာ၊
တစ်ဦးတည်းနေရာမှ စိတ်၊ အထင်ကွဲလွဲခြင်းကြောင့် ြဖစ်ပေါ်သော စိတ်ဒဏ်ရာ
ကိုယ်ရေးကိုယ်တာ သီးသန့်ပိတ်လှောင်လွန်းခြင်းမှ ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာ
ပစ်ပယ်ခံရခြင်းမှ ဖြစ်ပေါ်သော စိတ်ဒဏ်ရာ
ဟူ၍ ၈မျိုး ရှိပေ၏။ ထို၇မျိုးလုံးသည်က ဝေဖန်ခံရတာတွေ၊ မကောင်းပြောခံရမှာ ကြောက်ခြင်းတို့ကနေ ဖြစ်ပေါ်လာနိုင်၏။ မာနကြီး
လွန်း၍လည်း ဖြစ်နိုင်ပေသည်။
ဆွေမျိုးကြီးသော မိသားစု၊ ဆွေမျိုးနည်းသော မိသားစုများတွင် ဖြစ်လေ့ဖြစ်ထရှိသည်ကတော့ ငွေကြေးများကြောင့်လည်းကောင်း၊ မိသားစုဝင်အချင်းချင်း မတည့်ခြင်းကြောင့်လည်းကောင်း၊ စသော ကျွန်ုပ်သိသော စိတ်ဒဏ်ရာ၈မျိုးမှ ၇မျိုးကြောင့် သားသမီးတွင်လည်းကောင်း၊ သနားစရာလူများမှ ရခံရနိုင်ခြေ များပေ၏။
ကျွန်ုပ် ခင်မင်ရသော မိန်းကလေး သူငယ်ချင်းတစ်ယောက်ရှိပါ၏။ သူမကို ကျွန်ုပ် မေအးရီဟု အလွယ် ကင်းပွန်းမှည့်ပေးပါမည်။ မစိတ်ကောက်သည် ကျွန်ုပ်သိသော မိတ်ဆွေများတွင် မိသားစုနဲ့ ပတ်သက်၍ စိတ်ဒဏ်ရာများသော မိန်းကလေးတစ်ယောက်ဖြစ်ပေ၏။
ကျွန်ုပ်နှင့် စခင်စအချိန်က သူမသည် ပျော်ပျော်နေတက်သည်ဟု ပထမအစ ကျွန်ုပ် ထင်မြင်မိလိုက်သည်။ မအေးရီသည် မန်းလေးမြို့သူဖြစ်သည့်အပြင် ကျွန်ုပ်အပေါ်လည်း အတော်ကိုခင်မင်ရှာပေသည်။ ခင်မင်၍ပင် သူ့အတွက် အချိန်ခဏတာ ကျွန်ုပ်သည် ရင်ဖွင့်ဖော် သူငယ်ချင်းတစ်ယောက်အဖြစ် ရှိခဲ့ပါသည်။ တစ်ခါတစ်ခါကြလျှင်ဖြင့် မအေးရီသည် အတော်ကို ခံစားရရှာသည်။
သူ့မိသားစုက သူမကို သားသမီးတစ်ယောက်လို တစ်ခါတစ်ရံသဘောမထားတာတွေ၊ မခံစားနိုင်၍ ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်တော့တာတွေ အစရှိသဖြင့် ရင်ဖွင့်ရှာသည်။ ကျွန်ုပ်လည်း သူ့အတွက် အကောင်းဆုံးဖြစ်မည်ထင်သော စကားများဖြင့် ရှင်းပြ ၊ ကိုယ့်ကိုယ်ကို နှိပ်စက်တာမျိုး မလုပ်အောင် တားကြည့်ခဲ့သည်။ စာဖတ်ဝါသနာပါသူဖြစ်တဲ့အတွက်လည်း သူမ အခုတော့ အဆင်ပြေလာပါသည်။
( ယခု ပြန်တွေးကြည့်လေမှ သူမသည် ကျွန်ုပ်ထင်ထားသည်ထက် စိတ်ဓာတ်မာကြောသူဖြစ်ပေမဲ့ စိတ်ကျလွယ်သော အခြေအနေရှိနေသည့်အတွက် စိတ်ဒဏ်ရာများ ပေါ်ပေါက်လာသည်ဟု မြင်မိပါတော့သည်။ သူမ၏ ပတ်ဝန်းကျင်နှင့် လူများသည်လည်း သူမကို ပစ်ပယ်ထားခြင်းကြောင့်လည်း စိတ်ဒဏ်ရာရှိနေခဲ့မည်။
မောင်နှမများသည့်အတွက်ကြောင့်လည်း တစ်ဦးတည်းသော သားသမီးများကဲ့သို့ အချစ်မခံရသည်ကြောင့် လည်းကောင်း၊ မိသားစုတွင်း ငွေကြေး အဆင်မပြေမှု၊ ကတောက်ကဆများသည်ကြောင့်လည်းကောင်း၊ ရင်ဖွင့်ဖော် နည်းသည်က တစ်ကြောင်း သူမအတွက် စိတ်ဒဏ်ရာရလွယ်တဲ့ အခြေအနေဖြစ်နေပြီး၊ ကိုယ့်ကိုယ်ကို ညှင်းပန်းတက်သည့် အကျင့်ဆိုး ပေါ်လာခြင်းဟု ကျွန်ုပ် ယူဆမိသည်။
သို့ပေမဲ့လို့ သူမတွင် ကျွန်ုပ်ထက် သာပါသော အခင်မင်ဆုံးသူငယ်ချင်းများ ရှိနေပါက ကျွန်ုပ် ဝမ်းသာ ကျေနပ်မိပါမည်။ )
သူမသည် အထက်တွင် ကျွန်ုပ် သိတဲ့အထဲမှ
ဝေဖန်မှု၊ ပြစ်တင်မှုတို့ကြောင့်
ကိုယ်ပိုင်သီးသန့်ကမ္ဘာဖန်တီးရာတွင် လူများနှင့် အလှမ်းဝေးတာကြောင့်လည်းကောင်း
ပစ်ပယ်ခံရခြင်းတို့ကြောင့်
ဆိုးဝါးသော စိတ်ဒဏ်ရာများ ရရှိခဲ့ပါသည်။
ကျွန်ုပ်တို့ မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများတွင် စိတ်ဖိအားတိုးစေနိုင်သည့် အခြေအနေများစွာ ပေါ်ပေါက်လာနေပါ၏။ စိတ်ဆင်းရဲခြင်း၊ ကြောက်စရာကောင်းပါသော ဖြစ်ပျက်မှုများကြောင့် များစွာသော စိတ်ဒဏ်ရာရရှိသူတွေလည်း မသိမသာ တိုး၍ လာသလို စိတ်ဒဏ်ရာရ ရနိုင်သော အခြေအနေများ တိုးပွားလာပါလိမ့်မည်။
ခေတ်ပျက်္မှာ ကျွန်ုပ်တို့ လူငယ်များသည် စိတ်ဒဏ်ရာရလွယ်သော လူအမျိုးအစား တစ်ခု ဖြစ်လာနေသည်သု ထင်မိ၏။ လူငယ်များသည် ရှေးကတချို့သော ထုံးတမ်းစဉ်လာကို ဖောက်ဖျက်ကြသလို၊ တချို့က အကြောင်းအကျိုး စဉ်းစားချင့်ချိန်၍ ပယ်သင့်သည်ပယ် ကောင်းသည်ထင်တာကို တိုး၍ လုပ်လာကြသည်။ တချို့မှာ မိဘက နည်းလမ်းမှန်ဖြင့် ညွှန်ကြားသော်၊ ကောင်းစားစေချင်၍ သူထက်ကိုယ်ထူး ဆင်ယင်ပေးကြသည်။ သားသမီးများသည်လည်း ငယ်စဉ်က မိဘစကား မလွဲဧကန် နားထောင်ကြလိမ့်မည်။ သို့သော် နားလည်မှု မတွေ့သည့် အခြေအနေတွေမှာ သားသမီးဘက်က ထင်ရာလုပ်ကာ ပြီးမှ နောင်တရတာမျိုးလည်း ရှိ၏။ မိဘဘက်က နောင်တရသည်လည်း ရှိတက်၏။
ကျွန်ုပ် တွေးမိသည့်အချက်တစ်ခု ရှိပါသည်။ ထိုအရာသည်က မိဘတွေကို စိတ်ချမ်းသာစေချင်လျှင် ကျွန်ုပ်တို့သည် ခဏတာအချိန်တစ်ခုတော့ စိတ်ဒဏ်ရာရသည် ( သို့မဟုတ် ) စိတ်ဆင်းရဲရပါလိမ့်မည်။ စိတ်ဆင်းရဲရခြင်းဟု ပြောရခြင်း၊ စိတ်ဒဏ်ရာရနိုင်ခြင်းဟု ပြောရခြင်းမှာ မိဘနှစ်ပါးက ကျွန်ုပ်တို့ကို အရာတစ်ခု( ကျွန်ုပ်တို့ ရင်မဆိုင်နိုင်သေးဟုထင်ကာ ရှောင်ပြေးထားသော) ကို ခိုင်းလျှင် ကြောက်စိတ်ပိုကာ စိတ်ဆင်းရဲမှာ ကြောက်တက်သည့်အကျင့်တစ်ခု ယောက်ျားလေးတော်တော်များမှာ ကျွန်ုပ်ကဲ့သို့ ရှိကောင်းရှိပါမည်။
ကျွန်ုပ်ယူဆချက်အတော်များများကို အနှစ်ချုပ်ရသည်ရှိသော် စိတ်ဒဏ်ရာများ၊ စိတ်ဆင်းရဲမှုများသည် ပတ်ဝန်းကျင်နှင့် လောကဓံရဲ့ ပြစ်ပေးဒဏ်ပေးစနစ်မှာ ခံနေကြရခြင်းကြောင့် ကျွန်ုပ်တို့မှာ ပင်ပန်းအားကြီးလွန်းခဲ့ကြသည်။ စိတ္တဇဝေဒနာရှင်အများအပြားကို ကျွန်ုပ်ကြည့်လိုက်သော်လည်း သူတို့သည် ပတ်ဝန်းကျင်၊ ဝေဖန်ခြင်း၊ ပစ်ပယ်ခံရခြင်းတို့ကြောင့် ဖြစ်လာဟန်တူသည်။
လူတို့သည် ကောင်းတာလေးကြ မချီးမွမ်းချင်ကြပါ။ မကောင်းတာလေး တစ်ခု၊ သတိပေါ့လျော့ရာမှ အမှားတစ်ခု ၊ မသင့်တော်သော အရာတစ်ခုပြုလုပ်မိလျှင်ဖြင့် အားရပါးရထိုးနှက်ကြသည့် ဤအချိန်မျိုးမှာ စိတ်ဆိုသောအရာကို သတိနှင့်ဂရုပြုလို့ အယူမလွဲစေဘဲ သန်မာသော ပိုင်ရှင်များ ဖြစ်ကြပါစေလို့ ကျွန်ုပ် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
ကြိုးစားနေပါသော
သုဓမ္မ
Keep Reading