Author's Profile Photo

နှောင်းရိပ်

24/07/2025

မိသားစုနဲ့ဝေးနေချိန်

1 min read
Art
18 Again
Parenting & Family

ငယ်ငယ်လေးတည်းက တစ်ခါမှမစဥ်းစားဖူးတာက မိသားစုရဲ့အဝေးမှာ တစ်ယောက်တည်း ရပ်တည်ရမယ်ဆိုတဲ့ အတွေးပါ။လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဖြစ်ချင်တဲ့ အိမ်မက်တွေ ရည်မှန်းချက်တွေအတွက် မိသားစုနဲ့ ခဏတာခွဲနေရမယ်ဆိုတာက အရမ်းကြီးစိုးရိမ်စရာမဖြစ်ခဲ့ပါဘူး။တကယ်တမ်း မိသားစုနဲ့ခွဲနေရတဲ့ အချိန်မှာတော့ မိသားစုနဲ့ခွဲနေရတဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်လာတယ်။
မနက်မိုးလင်းရင် အမေ့ရဲ့နိုးသံ ကြားရမှထတက်တဲ့သူ၊ အဖေ့ရဲ့အော်ငေါက်သံ မကြားရရင် မနေတက်တဲ့သူ၊ မောင်နှမတွေအပေါ်မှာ အမြဲဆရာလုပ်ရမှကျေနပ်တဲ့သူ၊ တစ်ယောက်တည်းနေရတဲ့အချိန်မှာ အရာအားလုံးက လွမ်းစရာတွေဖြစ်နေတယ်။လှုပ်ရှားနေတဲ့ မြို့ကြီးထဲမှာ တစ်ယောက်တည်း စားခဲ့ရဲ့မနက်စာတွေ၊ တစ်ယောက်တည်း ဖြတ်သန်းခဲ့တဲ့ညတွေ များလာခဲ့တယ်။အရင်လို မိသားသားစုထမင်းဝိုင်း မိသားစုစကားဝိုင်းတွေကို ပြန်တမ်းတနေမိတယ်။မိသားစုနဲ့ဝေးမှမိသားစုရဲ့ နွေးထွေးမှုတွေကို ပိုပြီးတန်ဖိုးထားတက်လာတယ်။
တကယ်တော့ မိသာစုဆိုတာ တစ်ယောက်ပေါ်တစ်ယောက် နွေးထွေးပြီးကြင်နာကြတယ်။တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြတယ်။တစ်ယောက်ယောက်က အခက်အခဲကြုံရင်လည်း ကျန်တဲ့မိသားစုဝင်တွေက ကူညီဖြေရှင်းပေးကြတယ်။စည်းလုံးကြတယ်၊ချစ်ခင်ကြတယ်၊အပြန်အလှန်စောင့်ရှောက်ကြတယ်။
အတိုချုံးပြောရရင် မိသားစုဆိုတာ ချစ်မေတ္တာတွေ လွမ်းခြုံထားတဲ့ အိမ်တစ်လုံးပဲဖြစ်တယ်။အိမ်က နေပူဒဏ်၊ မိုးရွာဒဏ်မှ ကာကွယ်ပေးသလို မိသားစုကလည်း စိတ်ပျော်ရွင်မှုတွေ စိတ်လှုံခြုံမှုတွေကိုပေးတဲ့ နွေးထွေးတဲ့ ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။
အခုတော့ အိမ်ရဲအဝေးမှာ အိမ်ရဲ့အငွေ့အသက်တွေကို လွမ်းဆွတ်တမ်းတရင်း ရည်မှန်းချက်အိမ်မက်တွေအတွက် အကောင်းဆုံး ရှင်သန်နေပါတယ်။အိမ်မက်တွေကလည်း ဈေးကြီးသလို မိသားစုကလည်း တန်ဖိုးဖြတ်မရအောင် အဖိုးတန်တာမို့ ရည်မှန်းချက်အိမ်မက်တွေ ပြည့်စုံသွားလို့ အိမ်ပြန်ရောက်ရင် မိသားစုက်ို အရင်ကထက် ပိုပြီးဂရုစိုက် စောင့်ရှောက်သွားပါ့မယ်။
အားလုံးလည်း ကိုယ့်ရဲ့မိသားစုလေးနဲ့ အတူတူရှိတဲ့အချိန် တန်ဖိုးထားပြီး ချစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

#နှောင်းရိပ်

Keep Reading

မျှော်လင့်ချက်မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )အရမ်းလွမ်းတယ်အဖေမျက်နှာကို တော်တော်တည် ထားသည်မိသားစုနဲ့ဝေးနေချိန်မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )