Author's Profile Photo

မောရိသျှ

17/01/2025

စာစောင်ခြောက်-ကြောက်စိတ်ကို ဘယ်လိုကုစားကြမလဲ

3 mins read
General Knowledge
စာစောင်ခြောက်-ကြောက်စိတ်ကို ဘယ်လိုကုစားကြမလဲ's photo

“မျှော်စိတ်ကို ရပ်လိုက်တာနဲ့ ကြောက်စိတ်လည်း ရပ်သွားလိမ့်မယ်” လို့ ဆေဏိကက သူ့မိတ်ဆွေကြီး လူစီးယုစ်ဆီပို့ထားခဲ့တဲ့ စာတစောင်ထဲမှာပြောထားဖူးတယ်။ မျှော်လင့်ခြင်းကပဲ လူတွေရဲ့စိတ်ခွန်အားကို တိုးတက်စေတာ မဟုတ်ဘူးလား-စောဒကတက်ချင်စရာကြီး။ မျှော်စိတ်ကို ရပ်တန်းက ရပ်လိုက်ဆိုတာမျိုးက မသိရင် လက်လျှော့လွယ်စိတ်ကို တမင် လှုံ့ဆော်နေသလိုနဲ့တူတယ်။ ကျွန်တော့် အမြင်မှာတော့ မျှော်စိတ်က သူ့ဟာနဲ့သူ အသုံးကျပါတယ်။

ဒလိုင်လာမား ပြောခဲ့ဖူးသလိုပေါ့၊ “အမှောင်ဆုံးသော နေ့ရက်တွေမှာ အလင်းရောင်ရဖို့ အမြဲမျှော်လင့်ရင်း စိတ်အာရုံကို စုစည်းဖြစ်တယ်”။ ဘယ်နေရာကြည့်ကြည့် မျှော်လင့်ခြင်းဆိုတဲ့ အကြောင်းအရာက မိုတီဘိတ်နဲ့အတူ တွဲပြီး ရှိတတ်တယ်၊ ဆိုရှယ်မီဒီယာတွေမှာ တက်လာတဲ့ အဆိုအမိန့်တွေကစလို့ စိတ်ခွန်အားဖြည့်စာတွေ အဆုံး မျှော်လင့်ခြင်းနဲ့ကင်းတာ မရှိဘူး။

မျှော်လင့်ခြင်းနဲ့ ပတ်သက်လာရင် လူတွေပြောတာ မှန်သလောက်တော့ မှန်ပါတယ်။ ဘာပဲပြောပြော နက်ဖြန်တော့ အခုထက် ပိုမဆိုးနိုင်တော့ပါဘူးဆိုတဲ့ အသိမျိုး လိုတယ်လေ။ မျှော်လင့်ချက်ရှိတာက လူတွေရဲ့ စိတ်ခံယူချက်ကို အကောင်းမြင်တတ်အောင် စေ့ဆော်နိုင်တာကိုး။ ဒါပေမဲ့ လူတွေထင်ထားသလိုမျိုး နက်ဖြန်က ဘယ်လိုမှ ကောင်းမလာဘူးဆိုရင်ကော။ ထင်ထားမျှော်ထားသလို ဖြစ်မလာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ အားလုံးလိုလို တခုမဟုတ် တခုမျှော်တတ်ကြတယ်ဗျ၊

“ကိုဗစ်လို ကပ်ရောဂါတွေ ထပ်မဖြစ်ရင်ကောင်းမယ်”
“နားရက်ရှည်ရရင် ကောင်းမှာပဲ”
“သူပြန်ကြိုက်ရင် မိုက်မှာ”
“အလုပ်ရရင် ကောင်းမှာပဲ” စသဖြင့် စသဖြင့်ပေါ့။

အကောင်းမြင်မယ့်အစား အကြောင်းမြင်တဲ့အနေနဲ့ လက်တွေ့ကျတာကိုပဲ တွေးကြည့်ရအောင်လားဗျာ။ တကယ်တမ်း ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ ကြုံတွေသမျှကို အရင်းစစ်ကြည့်ရင် မျှော်လင့်ထားသမျှ အများစုက ဘယ်တုန်းကမှ အမှန်ဖြစ်မလာဘူးဗျ။ ဒီအချက်ကို ဆေဏိကပြောတာ။

“အကြောက်တရားက မျှော်စိတ်ရှိနေသရွေ့ တောက်လျှောက် တွယ်ကပ်နေမှာပဲ၊ ပူပန်သောကနဲ့ မရောရာမှုကို မျှော်စိတ်က လှုံ့ဆော်နေသရွေ့ ကြောက်စိတ်ကြောင့် စိတ်ပင်ပန်းဆင်းရဲမှုတွေကနေ လွန်မြောက်နိုင်မှာ မဟုတ်ဘူး။ မရေရာတဲ့ အနာဂတ်နဲ့ မသေချာခဲ့တဲ့ အတိတ်က အကြောင်းအရင်းတွေအပေါ် စွဲလမ်းနေမိပြီး မဟုတ်တန်းလျား တွေးမိတွေးရာ တွေးအောင် မျှော်စိတ်က အကြောင်းအရင်းပြုနေတော့ ကြောက်စိတ်ဖြစ်လာပြီး စိတ်ပင်ပန်းဆင်းရဲရရော။”

ဒီထက် နားကြားကောင်းအောင် ကျွန်တော်ပြောလို့ မရတော့ဘူးဗျ။ မျှော်လင့်ချက်နဲ့ အကြောက်တရားက အတူတူပဲ။ ထူးမခြားနားဘူး။ ကြောက်နေတယ်ဆိုကတည်းကိုက တခုခု ဖြစ်လာလေမလားဆိုပြီး ပူပန်နေတာလေ။ သေချာတွေးကြည့်ရင် အဲတာကလည်း မျှော်လင့်နေမိတာ တမျိုးပဲ မဟုတ်လား။

“ထင်ထားသလိုမျိုး မဖြစ်ရင်ကောင်းမှာပဲ” - ဆိုတဲ့ အဲဒီ “ကောင်းမှာပဲ” ကြောင့် လူတွေရဲ့ ကြောက်စိတ် မပျောက်နိုင်ဘဲ သောကတွေကနေ ရုန်းမထွက်နိုင်တာဗျ။ လူတိုင်းလိုလို အဲဒီလို တွေးမိတယ်။ တွေးဖြစ်တယ်။ ယုံကြည်မှု၊ သက်ဝင်မှု၊ မျှော်လင့်မှု စသဖြင့်

ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (2)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (၁)ခေတ်သစ်အပြေးပြိုင်ပွဲLeonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့...ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။

Unlock to read this premium article with 100 points.