Author's Profile Photo

Thuta Sharing

17/01/2025

အချိန်ဆွဲခြင်း

1 min read
Personal Development
အချိန်ဆွဲခြင်း's photo

အချိန်ဆွဲခြင်းဟာ မကြာခဏဆိုသလို ကျွန်တော်တို့ရဲ့ Productivity စွမ်းအားကို ဟန့်တားပြီးစိတ်ဖိစီးမှုကို တိုးစေတဲ့အရာဖြစ်ပါတယ်. အချိန်ဆွဲခြင်းကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ကျွန်တော်တို့ရဲ့စိတ်ကသာ အရေးကြီးဆုံးဖြစ်ပါတယ်.

သင်ကိုပင်ပန်း‌စေတဲ့အလုပ်တွေကို မလုပ်ချင်စိတ်ကြောင့် အချိန်ဆွဲမိနေတယ်ဆိုရင် ကြီးမားတဲ့လုပ်ငန်းဆောင်တာများကို သေးငယ်ပြီး စီမံခန့်ခွဲနိုင်သော အဆင့်များအဖြစ် ခွဲလိုက်ခြင်းဖြင့် ခက်ခဲ‌သောပရောဂျက်များကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူစေပါတယ်. ထို့အပြင် Pomodoro Technique ကို အသုံးပြုခြင်းဖြင့် အာရုံစူးစိုက်မှုကို ထိန်းသိမ်းနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုကို တားဆီးနိုင်ပါတယ်.

ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိဖို့က အဓိကကျတာကြောင့် social media များပေါ်မှာအချိန်ကုန်မနေပဲ ရှင်းလင်းပြတ်သားသော၊ SMART ဖြစ်သောပန်းတိုင်များ သတ်မှတ်ခြင်းနှင့် တသမတ်တည်းနေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုကို ထူထောင်ခြင်းဖြင့် အချိန်ဆွဲခြင်းကို လျော့ချနိုင်ပါတယ်.

ထိုနည်းဗျူဟာများကို လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ခြင်းဖြင့် အခြေခံအကြောင်းတရားများကိုနားလည်ခြင်း၊ အလုပ်များကိုခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ အချိန်စီမံခန့်ခွဲမှုနည်းပညာများကိုအသုံးပြုခြင်းဖြင့် အလုပ်ဖြစ်ထွန်းသောပတ်ဝန်းကျင်ကိုဖန်တီးကာ အချိန်ဆွဲခြင်းကိုကျော်လွှားနိုင်ပြီး အာရုံစူးစိုက်မှုကိုမြှင့်တင်နိုင်ပါတယ်.

အချိန်ဆွဲခြင်းကို ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေကတော့

၁။ နေ့စဉ် Highlight တစ်ခု သတ်မှတ်ခြင်း - နေ့စဉ်အရေးအကြီးဆုံး လုပ်ငန်းတစ်ခုကို ရွေးချယ်သတ်မှတ်ပြီး ထိုအရာကို ဦးစားပေးအနေဖြင့် အာရုံစိုက်ဆောင်ရွက်ခြင်းဖြင့် ထိရောက်မှုကို တိုးမြှင့်နိုင်ပါသည်။

၂။ To-do list အသုံးပြုခြင်း - လုပ်ငန်းတာဝန်များကို စာရင်းပြုစုထားခြင်းဖြင့် စိတ်ထဲတွင် မှတ်ထားရန်မလိုဘဲ စနစ်တကျ စီမံခန့်ခွဲနိုင်ပါသည်။

၃။ အချိန်ဇယား ရေးဆွဲခြင်း - အရေးကြီးလုပ်ငန်းများအတွက် အချိန်သတ်မှတ်ပြီး calendar တွင် မှတ်သားထားခြင်းဖြင့် အချိန်မှန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါသည်။

၄။ အလုပ်များကို လွှဲပြောင်းတာဝန်ပေးခြင်း - မိမိကိုယ်တိုင် မလုပ်လည်းရသော လုပ်ငန်းများကို အခြားသူများအား တာဝန်ပေးခြင်းဖြင့် အရေးကြီးသော လုပ်ငန်းများအတွက် အချိန်ပိုရနိုင်ပါသည်။

၅။ Protected Time သတ်မှတ်ခြင်း - နေ့စဉ် အနှောင့်အယှက်ကင်းသော အချိန်တစ်ခုကို သတ်မှတ်ထားခြင်းဖြင့် အရေးကြီးလုပ်ငန်းများကို အာရုံစူးစိုက်၍ ဆောင်ရွက်နိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် အချိန်စီမံခန့်ခွဲမှုကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် နေ့စဉ်လုပ်ငန်းများကို စနစ်တကျစီစဉ်ခြင်း၊ ဦးစားပေးအဆင့်သတ်မှတ်ခြင်းနှင့် သင့်တော်သော နည်းလမ်းများကို အသုံးပြုခြင်းတို့ဖြင့် အချိန်ဆွဲခြင်းကို ကျော်လွှားနိုင်မည်ဖြစ်ပါသည်။

ကျွန်တော့်ရဲ့ telegram channel မှာ အခမဲ့စာအုပ်တွေအပြင် productivity အတွက် အလွန်အသုံး၀င်တဲ့ toolsတစ်ခုဖြစ်တဲ့ Notionအသုံးပြုပုံတွေ Notiom template တွေကိုအခမဲ့ တင်ပေးမှာဖြစ်လို့ အခုထဲက joinထားဖို့ပြောချင်ပါတယ်
Channel link👇
https://t.me/thutasharing

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်