Author's Profile Photo

Morphea

9/01/2025

What Color R U?

2 mins read
Personal Development
Fiction
Creative

ရောင်စုံခြယ်ထားတဲ့ မြို့လယ်ခေါင်ထဲမှာ ကိုယ်ဟာ အဖြူထည်လူငယ်လေးဖြစ်ခဲ့တာပေါ့။
လူတိုင်းကတော့ ဘယ်အရောင်ဆိုရင်ဖြင့် နှစ်တွေ အကြာကြီးအထိ တောက်ပနိုင်စွမ်းရှိကြောင်း၊ တချို့ကျတော့လည်း ဘယ်လောက်တာရှည်ခံကြောင်းတွေကို စာစီကုံးပြီး နေရာအနှံ့မှာ သတင်းတွေပျံ့နေတော့တာပေါ့။

အ၀ါရောင်နဲ့ အရမ်းကြည့်ကောင်းတဲ့ အစ်ကိုကိုတွေ့တော့ မေးကြည့်တာ သူက အစိမ်းကိုမှနှစ်သက်သတဲ့။ ဘာလို့လဲဆိုတော့ အေးချမ်းတယ်၊ အစိမ်းဆိုတာဟာ သစ်ပင်ပန်းမန် ကမ္ဘာကြီးကို ကိုယ်စားပြုသော color signature မို့လို့တဲ့။ သူဒီလိုပြောပြနေရင်းနဲ့ သူ့ရှိရင်းစွဲ အ၀ါရောင်ကလေးဟာ မသိမသာ မှေးမှိန် အားငယ် သွားရှာတာကို မြင်လိုက်ရတယ်။ ကျွန်တော်သူ့ပခုံးပေါ်လက်တင်ပြီး အားပေးလိုက်တယ်လေ။ "ကျွန်တော် မြင်ဖူးသမျှထဲ အစ်ကို့ရဲ့ အ၀ါရောင်လေးကအတောက်ပဆုံးပါ" လို့။

ဒီလိုနဲ့ကျွန်တော် အ၀ါရောင်ကလေးဖြစ်လာခဲ့တယ်။ လူတိုင်းကကျွန်တော့်ကိုမြင်ရင် energetic ဖြစ်တယ်ဆိုပြီး ခင်မင်ရင်းနှီးကြတယ်။ အမြဲတစေ ရယ်မောနေတတ်တဲ့ကျွန်တော့်ကို အားကျလာကြတယ်။ ကျွန်တော့်ဘ၀ကြီးကသာယာနေမယ်ဆိုတဲ့ အထင်လေးနဲ့ပေါ့။ ဒီလိုနဲ့ကျွန်တော်ဟာ မီးခိုးရောင်လူငယ်တစ်သိုက်ကြား ကျွန်တော်ချမပြဖြစ်တဲ့ မီးခိုးရောင် (dark side) လေးတွေ ချပြတော့မှ"အစ်ကိုရဲ့ မီးခိုးရောင်တွေက ပိုနက်နဲလှချည်လား" တဲ့။ အဆုံးမှာ သူတို့လေးတွေ သို၀ှက်ထားကြတဲ့ အ၀ါရောင် ကာလာလေးတွေ တစ်ချက်တစ်ချက်လင်းလက်လာတာကို ကျွန်တော်မြင်လိုက်ရတယ်။

ဒီလိုနဲ့ ကျွန်တော် လူပေါင်းစုံနဲ့တွေ့ကြုံရင်း ကာလာစုံတွေ သုံးတတ်လာတယ်။ ဘယ်သူနဲ့ဆိုရင်တော့ ဘယ်လိုကာလာလေးဟာ လိုက်ဖက်မယ်ဖြစ်ကြောင်း သိရှိလာတယ်။

တစ်နေ့ကျ လူတွေအများကြီးကြားထဲမှာ ဖွေးဖွေးတောက် ဖြူဆွတ်နေတဲ့ အဖြူရောင်နတ်မိမယ်လေးကို မြင်လိုက်ရတယ်။ "ဟာ... အခုမှမြို့လယ်ခေါင်ကို ရောက်ဖူးတဲ့သူများလား"။ ကျွန်တော့်ရဲ့ curiosity တွေကို ထိန်းချုပ်မရတဲ့အဆုံးသူမနောက်ကို အပြေးတစ်ပိုင်းနဲ့လိုက်သွားမိတယ်။

"...ညီမ... အခုမှမြို့ရောက်ဖူးတာလား"

"မဟုတ်ပါဘူးရှင်။ ဒီမှာနေတာ ကျွန်မတစ်သက်ပါပဲ"

"...ဗျာ...ဒါပေမဲ့ ညီမက အဖြူရောင်ဆိုတော့..."

"သြော်... (သွားဖုံးကလေးများပေါ်သည်အထိ တခစ်ခစ်ရယ်လျက်) ကျွန်မ ကဏဦးစစချင်းတုန်းကအနီရောင်ဖြစ်ခဲ့တာလေ ဘာကိုမှ မကြောက်မရွံ့တတ်သောဆိုတဲ့ ဆတ်ဆတ်ကြဲမလေးပေါ့"

"...ဒါဆို အခု ဘယ်လိုလုပ်ပြီး အဖြူရောင်အဖြစ် ပြောင်းလဲသွားတာလဲ"

"...ကာလာစုံတွေ သုံးတတ်လာတဲ့နောက်ပိုင်း ညီမ မောဟိုက်လာခဲ့တယ်လေ။ ဘယ်ဟာက ညီမရဲ့ အစစ်အမှန် ပုံရိပ်ရောင်လဲဆိုတာ ပြန်လည်အဖြေရှာချင်ခဲ့တယ်။ ဒီလိုနဲ့ သိထားသမျှတွေကို သိမ်းဆည်းထားလိုက်တယ်။ လိုအပ်တဲ့အချိန်ပဲ ထုတ်သုံး၊ မလိုအပ်သရွေ့ စစ်မှန်စွာနဲ့ ဖြူဖြူစင်စင် ရှင်သန်ပစ်မယ်ပေါ့ရှင်"

"...ကျွန်တော်က အဖြူရောင်ဖြစ်ခဲ့တာပါ"

"ဒါပေမဲ့ အခုကြည့်ရတာတော့ အစ်ကိုက အနက်ရောင်ပဲ"

"...ဒီအရောင်မှာ အသားကျလာတာပါ။ အရင်ကတော့ လူတွေနဲ့နှီးနှောပြောဆိုရတာ အရမ်းသဘောကျခဲ့တာ။ များများထိတွေ့ရသလောက် လူတွေရဲ့ယုတ်မာမှုတွေကိုများများသိလာရတယ်။ အဲလိုနဲ့ ကျွန်တော့်ရဲ့ကာလာတွေ ညစ်ညမ်းသွားတာပဲ"

"ပြန်လည်ဖြူစင်ဖို့ဆိုတာ အစ်ကိုနဲ့ပဲဆိုင်တာပါ။ အခုလက်ရှိကာလာကို သိမ်းထားလိုက်ပြီး အသစ်တစ်ခုကို မြင်ယောင်လိုက်လေ။ အစ်ကို ပုံဖော်ထားတဲ့ perfect version မျိုးပေါ့ရှင်"

"...ချက်ချင်းရနိုင်မလားဟင်(မျှော်လင့်ချက်တွေအပြည့်နဲ့မျက်၀န်းတစ်စုံ)"

"(ပြုံးလျက်) အချိန်တစ်ခုတော့ပေးရမှာပေါ့ အစ်ကိုရယ်။ ပုံမှန်လေ့ကျင့်သွားရင်တော့ သိပ်မကြာပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာဟာ original color ကို ပြန်ရချင်လည်း ရနိုင်တယ် (သို့မဟုတ်) အဲတာထက်ပိုကောင်းတဲ့ ကာလာတောင်ရသွားနိုင်တယ်ရှင့်"

*နှစ်အတော်ကြာသော်*

"...အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ လူကြီးမင်းတို့ ဘ၀တစ်သက်တာရဲ့ happy memories တွေကို သိမ်းဆည်းရာမှာ ကူညီလမ်းပြပေးသွားမဲ့ purple ခရမ်းရောင် ပဲဖြစ်ပါတယ်"

"...ဘာလို့ purple ဖြစ်ချင်ခဲ့တာလဲသိပါရစေ"

"...ကျွန်တော်က ဘ၀ရဲ့အချိန်အခိုက်အတန့်စက္ကန့်တိုင်းဟာ တန်ဖိုးရှိတယ်။ ချစ်ရတဲ့သူတွေနဲ့ကုန်ဆုံးခဲ့မျှ အမှတ်တရတွေကပဲ ကျွန်တော်တို့ကို ဆက်လက်ရှင်သန်စေတာဖြစ်တယ်။ကျွန်တော် အရမ်းအားငယ်ပြီး အရာရာကိုလက်လျှော့ချင်တုန်းက ဒီ memories တွေကပဲ ကျွန်တော့်ကို ရှေ့ဆက်စေခဲ့တာ။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ ဘ၀ထဲမှာ တွေ့ကြုံခဲ့သမျှ happy memories လေးတွေကို reminder တစ်ယောက်အဖြစ်နဲ့ နွေးထွေးစွာ ကူညီနှိုးဆွ သတိရစေရင်း ရှင်သန်သွားချင်တာမို့လို့ purple ဖြစ်လာခဲ့တာပါ။ အတူတူရုန်းကန်ရှင်သန်ရခြင်းဟာ တစ်ယောက်တည်းထက်စာရင် ပိုပြီး memorable ဖြစ်တယ်လေ"

ဦးနှောက်နဲ့ နှလုံးသားမှတစ်ဆင့် စွဲမြဲစွာ မှတ်ယူထားတဲ့ happy memories တွေရှိနေသရွေ့ ကိုယ်ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘယ်သူတွေ ကိုယ့်အပေါ်ဘယ်လိုပဲဆက်ဆံပါစေ၊ ကမ္ဘာကြီးရဲ့ချမှတ်ထားတဲ့ အကောင်းတကာ့အကောင်းဆုံးဆိုသော life စံချိန်စံညွှန်းတွေ ဘယ်လိုပဲဖြစ်နေပါစေ၊ ချစ်ရတဲ့သူတွေအတွက်သာ ရှင်သန်ကြိုးစားပါ။ အများသူငှာကိုလည်း ကိုယ်ရရှိခံစားခဲ့ရတဲ့ နွေးထွေးမှုမျိုး ပြန်လည်၀ေမျှပါ။ စိတ်နှလုံးထဲမှာ အချင်းချင်းသတိရတမ်းတ ချစ်ခင်ပေးနေကြမယ်ဆိုရင် မိုင်ထောင်ချီတဲ့ distance တွေဟာလည်း လူတွေကို ၀ေးကွာစေဖို့ရာ ဗလာနတ္ထိအကျိုးမရှိပါပဲ။

မြတ်နိုးရာ Eden?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်