the IX
♥ Oh my Husband ♥
Pt/10
1.
ရာစု သက္ကနှင့်အတူ မနက်စာသွားစားရန်ခြံထဲသို့ဆင်းလာသောအခါ သက္က၏ဒရိုင်ဘာ(Driver)မောင်မင်းက သက္က၏ကားဘေးတွင် အဆင်သင့်ရပ်စောင့်နေသည် ။ ထို့ကြောင့် သက္ကကို
" သက္က ..... ငါနဲ့လိုက်ခဲ့လိုက်လေ "
ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် သက္ကက လက်တွင်ပတ်ထားသောနာရီကိုကြည့်သဖြင့်
" အစည်းအဝေးအမှီပြန်ပို့ပေးမယ် ..... စိတ်မပူနဲ့ "
ဟု ထပ်ပြောလိုက်သည် ။ ပြီးမှ မောင်မင်းကို
" မောင်မင်း ..... မင်းအစ်ကိုလေးကိုငါကုမ္ပဏီအထိပြန်ပို့ပေးမှာမို့လို့ ပြီးမှကုမ္ပဏီမှာသွားစောင့်နေလိုက် "
ဟု ပြောလိုက်သည် ။ ပြောရင်းကလည်း သက္ကအတွက် ကားတံခါးကိုဖွင့်ပေးလိုက်သည် ။ သက္ကက အင်တင်တင်လုပ်နေပြီးမှ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ကားပေါ်သို့တက်သောကြောင့် မိမိသည်လည်း ကားပေါ်သို့တက်လိုက်သည် ။
2.
ရာစုက အင်းယားလမ်းရှိ နာမည်ကြီးရှမ်းစားသောက်ဆီသို့ခေါ်လာသဖြင့် လင်း ကားရပ်လိုက်သည်နှင့် ကားပေါ်မှဆင်းရန်ဟန်ပြင်လိုက်သည် ။
သို့သော် ..... ရာစုကအဆင်းမခံ ။
" ငါဖွင့်ပေးမယ် ..... ခဏလေး "
ဟု ပြောကာ မိမိထက်အရင် ကားပေါ်မှဆင်းသွားသည် ။ ထို့ကြောင့် မိမိလည်း ရာစု၏စကားအတိုင်း ကားပေါ်တွင်ထိုင်ကာ ရာစုတံခါးလာဖွင့်ပေးမည်ကို စောင့်နေလိုက်သည် ။ အချိန်အနည်းငယ်အတွင်းမှာပင် ရာစုကတံခါးလာဖွင့်ပေးသဖြင့် ကားပေါ်မှဆင်းကာ ဆိုင်ထဲသို့ဝေ့ဝဲကြည့်လိုက်သည် ။
မနက်စောစောဖြစ်သော်လည်း ဆိုင်ထဲတွင်စားသုံးသူများရှိနေသောကြောင့် ရာစုကိုကြည့်လိုက်မိသည် ။ ရာစုကပြုံးပြပြီး
" သွားရအောင် "
ဟု ပြောသဖြင့် ဆိုင်ထဲသို့ ရာစုနှင့်အတူဝင်လာခဲ့လိုက်သည် ။
ဆိုင်ထဲသို့ရောက်သည်နှင့်
" အဲ့ဒါ ..... ရုပ်ရှင်မင်းသားရာစုမဟုတ်လား "
" ချောလိုက်တာ ..... အပြင်မှာအရပ်ပိုရှည်တယ်နော် "
" သူ့ဘေးကတစ်ယောက်ကရောဘယ်သူလဲမသိဘူးနော် ..... သူလည်းချောလိုက်တာဟယ် ..... အရပ်အရှည်ကြီးပဲ "
ဟု တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြသည့် တီးတိုးစကားသံများကိုကြားရသည် ။ ထို့အပြင်
" သူတို့ကအတွဲတွေလားမသိဘူး ..... အဝတ်အစားဆင်တူနဲ့ဟ "
" မဟုတ်လောက်ပါဘူး ..... ရာစုသစ်က Miss Grand နဲ့ တွဲနေတာမဟုတ်ဘူးလား "
ဟူသော စကားများကိုပါကြားရသဖြင့် မျက်နှာတစ်ခုလုံး ပူထူလာရသည် ။ ထို့ကြောင့် ရာစုကိုမစောင့်တော့ပဲ ဆိုင်ထဲသို့အရင်ဝင်လာခဲ့လိုက်သည် ။
3.
ရာစု သက္ကကို လုအနည်းငယ်ရှင်းသည့်နေရာဆီသို့ခေါ်လာခဲ့လိုက်ပြီး သက္ကထိုင်ရန်ခုံတစ်လုံးကိုဆွဲထုတ်ပေးလိုက်သည် ။ သက္ကက မည်သည့်စကားမှမဆိုပဲ ခုံတွင်ဝင်ထိုင်သဖြင့် မိမိလည်းနေရာတွင်ထိုင်လိုက်ပြီး သက္ကကို မီနူး(Menu)စာအုပ်ကမ်းပေးလိုက်သည် ။ ပြီးမှ
" ဘာစားမလဲ သက္က ..... ရှမ်းခေါက်ဆွဲပဲစားမလား ..... မင်းရှမ်းပြည်လည်းမပြန်ဖြစ်တာကြာပြီဆိုတော့ ရှမ်းစာတွေကိုလွမ်းနေမယ်ထင်တယ် "
ဟု မေးလိုက်သည် ။ မိမိစကားအဆုံးတွင် သက္ကကမျက်လုံးလှန်ကြည့်လာသဖြင့် ပါးစပ်ကိုချက်ချင်းပိတ်လိုက်ပြီး ဝန်ထမ်းကောင်မလေးအား သက္ကကြိုက်သော ဝက်မြီးရှည်တစ်ပွဲ ၊ တို့ဟူးကြော်တစ်ပွဲ ၊ သားသတ်လွတ်ဟင်းထုတ်တစ်ပွဲနှင့် ဖရဲသီးဖျော်ရည်တစ်ခွက်မှာလိုက်သည် ။ မိမိမှာပြီးသောအခါမှ သက္ကက
" ကျွန်တော့်ကိုရှမ်းခေါက်ဆွဲပဲပေးပါ ဝက်သားနဲ့ "
ဟု မှာသဖြင့် ပြုံး၍သက္ကကိုကြည့်လိုက်သည် ။ သက္ကက မျက်စောင်းထိုးပြီး မိမိကိုပြန်ကြည့်လာသဖြင့် အကြည့်လွှဲလိုက်ပြီး လက်ထဲမှဖုန်းကိုသာကြည့်နေလိုက်သည် ။ ဤသို့ကြည့်နေရင်း အချိန်အတော်ကြာသောအခါမှ သက္ကက
" ဘာလိုချင်တာရှိလို့လဲ "
ဟု မေးလာသည် ။ ထို့ကြောင့် သက္ကကိုပြုံး၍ခေါင်းခါပြလိုက်ပြီး
" မရှိပါဘူး ..... ဒီအတိုင်းပဲ မင်းကိုကျေးဇူးတင်လို့ "
ဟု အဖြေပေးလိုက်သည် ။ သက္ကက ဤအဖြေကိုမကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သောကြောင့်
" မင်းမွေးဖွားလာတဲ့အတွက် ၊ ငါ့သူငယ်ချင်းဖြစ်ပေးတဲ့အတွက် ၊ ငါ့အနားမှာရှိပေးတဲ့အတွက်ကျေးဇူးတင်လို့ဒီအတိုင်းပဲဝယ်ကျွေးတာ "
ဟု ပြာပြာသလဲရှင်းပြလိုက်သည် ။ ထိုစဥ်မှာပင် မိမိမှာထားသောတို့ဟူးကြော်ကို ဝန်ထမ်းလေးကလာပို့သဖြင့် စကားစပြတ်သွားပြီး
" စားကြည့် ..... မင်းတို့ရှမ်းပြည်ကလောက်မကောင်းပေမဲ့ တော်တော်တော့ကောင်းတယ် "
ဟု စကားပြန်ဆက်လိုက်သည် ။
4.
လင်း ယနေ့အတွက်ရာစုနှင့်ရန်မဖြစ်ရသေး၍ စိတ်ကြည်ကြည်လင်လင်လင်နှင့်ကုမ္ပဏီသို့ရောက်လာသော်လည်း အစည်းအဝေးတွင် ဘုတ်အဖွဲ့ဝင်များက တက်သစ်စမော်ဒယ် ၊ မင်းသမီးများနှင့် မကြာခဏဆိုသလိုသတင်းထွက်နေသောရာစုကြောင့် ရှယ်ယာစျေးကွက်မတည်မငြိမ်ဖြစ်ရသည်ဟူသောအကြောင်းပြချက်ကိုကိုင်ကာ ရာစုနှင့်ချုပ်ထားသည့် စာချုပ်သက်တမ်းကုန်သည်အထိမစောင့်တော့ပဲ ယခုချက်ချင်း စာချုပ်ကိုပယ်ဖျက်ကာ မိမိတို့၏ကတိအတိုင်း နစ်နာကြေးပေး၍ ကုမ္ပဏီမှထုတ်ပယ်ပစ်ရန် တောင်းဆိုလာကြသောကြောင့် စိတ်ရှုပ်ရပြန်သည် ။ ထို့ကြောင့် မိမိ၏ဆုံးဖြတ်ချက်ကို စောင့်နေကြသောဘုတ်အဖွဲ့ဝင်များကို စိတ်ကုန်စွာကြည့်လိုက်ပြီး
" ရာစုသစ်က ဒီကုမ္ပဏီမှာဒုတိယရှယ်ယာအများဆုံးလူဆိုတာကို မေ့နေကြတာတော့မဟုတ်ဘူးမဟုတ်လား "
ဟု မေးလိုက်သည် ။ ထိုအခါမှ တီးတိုးစကားသံများက ထွက်ပေါ်လာကြသည် ။
မိမိထိပါးရန်စိတ်ကူးထားသည့်လူ၏အကြောင်းကို သေချာစွာမလေ့လာပဲ ပေါ့ပေါ့တန်တန်သဘောထားနေကြသောလူများအကြောင်း ရာစုသိသွားပါက ယနေ့ပင် ထိုလူများ၏ဘဝများသည်ပြောင်းလဲသွားနိုင်သောကြောင့် အကုန်လုံးကိုဝေ့ကြည့်လိုက်ပြီး
" ရာစုသစ်ကြောင့် ကုမ္ပဏီဒေဝါလီခံရမှာမဟုတ်လို့ ကျေးဇူးပြုပြီး သူ့ကိုစိတ်ထဲကနေထုတ်ထားပေးကြပါ ..... အဲ့ဒီအစား ကျွန်တော်တို့နဲ့လက်တွဲချင်တဲ့မိတ်ဖက်ကုမ္ပဏီတွေနဲ့စကားပြောကြည့်တာက ပိုအကျိုးရှိမယ်ထင်ပါတယ် "
ဟု မိမိသဘောထားကို အသိပေးလိုက်သည် ။ ထိုအခါမှ ဆူညံနေသောတီးတိုးစကားသံများက တိတ်ဆိတ်သွားသည် ။ တိတ်ဆိတ်သွားသော်လည်း ကျေနပ်ကြသည့်ဟန်မပေါ်သောကြောင့်
" အကယ်၍ ..... ခင်ဗျားတို့အကုန်လုံးအခုလိုအေးအေးဆေးဆေးအစည်းအဝေးတက်ရတာကိုပျင်းနေကြတာဆိုရင်တော့ အပျင်းပြေ ရာစုသစ်ကိုဒီကုမ္ပဏီကနေရအောင်မောင်းထုတ်ကြည့်ကြပေါ့ "
ဟု စကားကို ယတိပြတ်ပြောလိုက်သည် ။
5.
" ရာစု ဒီနေ့အစ်ကိုလေးနဲ့ရာသီဥတုကောင်းတယ်ထင်တယ် ..... အကုန်လုံးကိုတစ်ခေါက်ထဲနဲ့အပြီးရိုက်နိုင်တယ် "
ဟူသော စကားကိုပြောရင်း အနားသို့လျှောက်လာသောဧကကို ရာစု ပြုံးပြလိုက်ပြီး
" အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပေမဲ့ ဒီနေ့ သူနဲ့ရန်မဖြစ်ရသေးဘူးဆိုတော့ မဆိုးဘူးလို့ပဲပြောရမှာပေါ့ "
ဟု အဖြေပေးလိုက်သည် ။ မိမိစကားအဆုံးတွင် ဧက,က
" အဲ့ဒါပြောတာပေါ့ ရာစုရဲ့ ..... ရာစုဘက်ကနည်းနည်းလောက်လျှော့ပေးလိုက်ရင်အဆင်ပြေသွားမှာပါလို့ "
ဟု ပြောသည် ။ ဧကပြောသည်မှာ မှန်သော်လည်း သက္ကနှင့်မိမိကြားထဲတွင် ထိုကဲ့သို့သောဆက်ဆံရေးအခြေအနေမျိုးရောက်ရန် မလွယ်ကူသောကြောင့် ပြုံးရုံသာပြုံးလိုက်ပြီး
" ဒါနဲ့ ..... အခုရိုက်ကွင်းပြီးရင်ဘာထပ်ရိုက်စရာရှိသေးလဲ "
ဟု စကားလမ်းကြောင်းလွှဲလိုက်သည် ။
" Music MV တစ်ပုဒ်ရိုက်စရာရှိတယ် ..... ပြီးရင် ကုမ္ပဏီကိုပြန်ရမယ် ..... နောက်ရိုက်မယ့် Series အတွက် ရာစုနဲ့ဆွေးနွေးဖို့တဲ့ ..... ညနေပိုင်းကျရင် The Time က အင်တာဗျူးဖြေစရာရှိတယ် "
ဟု ဧက,က တစ်နေ့တာအစီအစဥ်များကို ပြောပြသဖြင့် စိတ်ညစ်သွားပြီး
" ဒါဆို ..... ဒီနေ့အိမ်ပြန်နောက်ကျရအုံးမှာပေါ့ "
ဟူ၍ ညည်းလိုက်သည် ။ ဧက,က ဤစကားကို
" ရာစုက Super Star ပဲဟာကို ဒီလောက်တော့ပင်ပန်းရတာပေါ့ "
ဟု တုံ့ပြန်ကာနားချသဖြင့် ဧကကိုပြုံး၍မျက်စောင်းထိုးလိုက်ပြီး
" မင်းငါ့မန်နေဂျာမလုပ်ပဲ ဘုန်းကြီးဝတ်ပါလား ဧက "
ဟူသော စကားကိုပြောလိုက်သည် ။
6.
လင်း မနက်ပိုင်းကအစည်းအဝေးတစ်ခုတက်ပြီးပြီဖြစ်သောကြောင့် ဆောက်လုပ်ရေးကုမ္ပဏီဘက်သို့ကူးရန်စိတ်ကူးမိသော်လည်း ရာစုနောက်ရိုက်ရမည်ရုပ်ရှင်စီးရီးအသစ်အတွက် ရိုက်ကူးရေးအဖွဲ့သားများနှင့် အစည်းအဝေးတစ်ခုတက်ရအုံးမည်ဖြစ်သောကြောင့် မကူးတော့ပဲ ယခုကုမ္ပဏီမှပင် ခန့်ညားကိုကွန်ပြူတာ(Computer)နှင့်ဆက်သွယ်ကာ ယနေ့လုပ်ရမည့်ကိစ္စများအကြောင်းမေးလိုက်သည် ။
မိမိစီစဥ်ထားသည့်အတိုင်း မည်သည့်ပြသနာမှမရှိပဲ လုပ်ငန်းများကလည်ပတ်နေကြောင်း ခန့်ညားကပြောပြလာသဖြင့် ခေါင်းညိတ်လိုက်ပြီး
" အင်း ..... ခန့်ညား ..... ငါဒီဘက်မှာအလုပ်နည်းနည်းရှုပ်နေလို့အဲ့ဒီဘက်ကိုသိပ်ဂရုမစိုက်နိုင်သေးဘူးမို့လို့ မင်းကပဲငါ့ကိုယ်စား
Unlock to read this premium article with 10 points.