ဆိုင်မွန်

ယနေ့ခေတ်မှာ လူတိုင်းက ချမ်းသာချင်ကြပါတယ်။ကျွန်တော်လည်းချမ်းသာချင်ပါတယ်။ဒါပေမဲ့ ဘယ်လို ချမ်းသာအောင် လုပ်ရမယ်ဆိုတဲ့နည်းလမ်းကိုသေချာ မသိပါဘူး။လူတချို့က ပြောကြတယ် ချမ်းသာချင်ရင် လွယ်လွယ်လေး အလုပ်ကိုကြိုးစားလုပ်တဲ့။သူတို့ပြောတာလည်း မှန်ပါတယ်။ဒါပေမဲ့ အလုပ်ကရတဲ့ကိုယ့်ရဲ့ဝင်ငွေကို ဘယ်လိုစီမံမလဲ၊ဘယ်လိုသုံးစွဲမလဲဆိုတာကိုတော့ သေချာမလုပ်တတ်ကြပါဘူး။ဒါကြောင့် ကျွန်တော်က ကိုယ်ရတဲ့ဝင်ငွေကို သေချာစီမံခန့်ခွဲတတ်အောင် သေချာသုံးစွဲတတ်အောင် ပြောပြပေးတဲ့ စာအုပ်ေလးတစ်အုပ်ကို ပြောပြပေးချင်ပါတယ်။အဲ့ဒီစာအုပ်ကတော့ ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။
ဒီစာအုပ်ကို ကျွန်တော့်အမေက မင်းအားနေရင်ဖတ်ဆိုပြီး ပေးခဲ့လို့ ကျွန်တော်ဖတ်ဖြစ်ခဲ့ပါတယ်။ကျွန်တော်အဲ့စာအုပ်ကိုဖတ်ပြီးနောက် ကျွန်တော့အတွက် အသိအမြင်တွေ အခွင့်အရေးတွေကို တွေ့ရှိခဲ့ပါတယ်။ဒီစာအုပ်မှာပါတဲ့အဓိက "ဓနဥပဒေသငါးရပ်" အကြောင်းကို ကျွန်တောိကစာဖတ်သူလေးတွေကိုပြန်လည်ဝေမျှပေးသွားပါမယ်။
၁။ ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသောငွေကို မိမိနှင့်မိသားစု၏ အနာဂတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူထံသို့သာ ဝမ်းမြောက်ပျူငှာစွာ ရောက်ရှိလာတတ်မြဲဖြစ်သည်။
၂။ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူတွေအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးစမြဲဖြစ်၍၊ထိုသူလက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွား များပြားလာတတ်သောသဘော ရှိပေသည်။
၃။ဓနဥစ္စာဟူသည် ယင်းအား ဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြသူ၊ကျွမ်းကျင်လိမ္မာသောသောသူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည်။
၄။ဓနဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင်၊ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံသောသူတို့ထံမှ လျှောကျပျောက်ကွယ်သွားတတ်စမြဲ ဖြစ်သည်။
၅။ဓနဥစ္စာဟူသည် ယင်းမှ လွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါ နားယောင်တတ်သူများ၊အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေးသွားတတ်စမြဲ ဖြစ်သည်။
ဒီ ဓနဥပဒေသအချက်ငါးချက်ကို သေချာဖတ်ရှုပြီး မိမိတို့ရဲ့နေ့စဉ်လုပ်ငန်းဘဝမှာ သေချာလေးအကျိုးရှိရှိအသုံးချမယ်ဆိုရင် စာဖတ်သူတို့အဖို့ အကျိုးကျေးဇူးကောင်းတွေ ဧကန်မုချမလွဲ ရရှိလာမှာပါ။စာဖတ်သူလေးတို့ ကြီးပွားချမ်းသာချင်ရင် ဒီဓနဥပဒေသအချက်ငါးချက်ကို သေချာလိုက်နာကြဖို့ ကျွန်တော်တိုက်တွန်းလိုက်ပါတယ်။
စာကိုပြီးဆုံးအောင်ထိဖတ်ပေးတဲ့တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။❤️
##ခိုင်ခန့်(3.1.2025)
Keep Reading