Nway Oo Maung
ငယ်ငယ်က ဒေါက်တာမတင်ဝင်းရေးတဲ့ "ငါးရာငါးဆယ် ပုံပြင်များ "စာအုပ်ထဲမှာ (စာအုပ်အမည် သေချာမမှတ်မိတော့) "သူခိုးဓားရိုးကမ်း"ဆိုသောခေါင်စဉ်နှင့် ပုံပြင်တစ်ပုဒ်ဖတ်ခဲ့တာတော့မှတ်မိနေ၏။ ဇာတ်လမ်းအကျဉ်းက " ရှေးတုန်းက တက္ကသိုလ်မှာ အဋ္ဌာရသအတတ်သင်ယူခဲ့ပြီး လေးအတတ်မှာထူးချွန်သော ကျောင်းသားတစ်ယောက်ကို ဆရာကသမီးနှင့်ပေးစားလိုက်၏။ ဆရာပေးစားလိုက်သော မိန်းမကိုခေါ်၍ မောင်ကျောင်းသားလဲ မြှားငါးဆယ်နှင့်ဓားတစ်ချောင်းကို ယူဆောင်လျက် မွေးရပ်မြေသို့ ပြန်ခဲ့၏။ လမ်းခရီး တောအုပ်တစ်ခုမှာ ဆင်ရိုင်းကြီးတစ်ကောင်နှင့် ရင်ဆိုင်ရ၏၊ လေးအတတ်မှာ ထူးချွန်သူဖြစ်သောကြောင့် ဆင်ကိုမြှားတစ်ချောင်းနှင့် သတ်နိုင်ခဲ့၏။ ဆင်ရိုင်းကိုနှိမ်နင်းပြီး ဆက်၍ ခရီးသွားခဲ့ရာ တစ်နေရာအရောက်မှာ ခိုးသားငါးဆယ်နှင့်တွေ့လေ၏။ ခိုးသားငါးဆယ်၌ ခေါင်းဆောင်လုပ်သူသည် လူကဲခတ်တဲ့နေရာမှာ ကျွမ်းကျင်၏၊ထိုသို့ကျွမ်းကျင်
သောကြောင့် ကျောင်းသားစုံတွဲကို မတိုက်ခိုက်ရန် အောက်လက်ငယ်သားတို့ကို သတိပေးထား၏။ သို့ပါသော်လည်း မောင်ကျောင်းသားကား ကိုယ့်လမ်းကိုမသွားချေ၊ ပညာမာန်တက်နေသောကြောင့် ခိုးသားငါးဆယ်၏ မနီးမဝေးသောနေရာတစ်ခု၌ ထိုင်၍ နားနေလေ၏။ နားနေရင်းကလည်း မိန်းမအားခိုးသားငါးဆယ်ဆီသို့ အသားကင်တောင်းရန်
စေလွှတ်၏။ ခိုးသားငါးဆယ်က မကျက်သော အသားတုံးကိုပေးလိုက်၏။ ကျောင်းသာသည် မကျက်သောအသားပေးသောကြောင့် အမျက်ထွက်၏၊ ခိုးသာငါးဆယ်လည်း တပြိုင်နက်ထကြလေ၏၊ ကျောင်းသားသည် လျင်မြန်စွာ မြှာလေးဆယ်ကိုးချောင်းဖြင့် ခိုးသားလေးဆယ့်ကိုးရောက်ကိုသေစေ၏။ ကျန်သောခိုးသားခေါင်းဆောင့်နှင့်သတ်ပုတ်၏။ ထိုသို့သတ်ပုတ်ရာတွင်လည်း ကျောင်းသားသည်ပင် အပေါ်စီးကရ၏။ အပေါ်ကနေရင်းမိန်းမဖြစ်သူအား ဓားလှမ်းတောင်းလိုက်၏။ မိန်းမဖြစ်သူက ခိုးသားခေါင်းဆောင်ကို မြင်ကတည်းကကြွေနေပြီဖြစ်ရကား ၊ယောကျာ်းဖြစ်သူဘက်ကို ဓားအသွား ခိုးသားခေါင်းဆောင်ဘက်ကို ဓားရိုးကမ်းပေးလိုက်၏။ ထိုအခြင်အရာကိုမြင်သော ခိုးသားခေါင်ဆောင်က လျင်မြန်စွာ ဓားကိုဆွဲယူပြီး ကျောင်းသားကိုထိုးသတ်လိုက်၏။ မယားဖြစ်သူသည် ယောကျာ်သေပြီးနောက် ခိုးသားခေါင်းဆောင်၏ရင်ခွင်သို့ပြေးကပ်လေ၏၊ ထိုအခြင်းအရာကိုမြင်သော သူခိုးခေါင်းဆောင်က "အဘယ်ကြောင့် ထိုသို့ပြုသနည်း"ဟု မေးမြန်းစုံစမ်း၏၊ ကျောင်းသား၏ မိန်းမဖြစ်သူက "ဤယောကျာ်သည်း မိဘပေးစား၍ ယူရသူဖြစ်ပါ၏၊ ချစ်ခင်နှစ်သက်ခြင်းမရှိပါ ၊ ခေါင်းဆောင်ဖြစ်သူကို ချစ်မိ၏၊ထိုအတွက်ကြောင့် ဤသို့ဤပုံ ပြုလုပ်ရပါသည်"ဟုဆိုလေ၏။ သူခိုးခေါင်းဆောင်သည် ထိုအဖြေကိုကြားပြီးနောက် ထိတ်လန့်သွား၏။ "မိဘပေးစားသောသူကိုပင် ထိုသို့ပြုနိုင်လျင် တောမှာတွေ့သောမိမိမှာဆိုဖွယ်ရာမရှိ"ဟုတွေးလျက် ထိုအမျိုးသမီးကိုခေါ်ဆောင်၍ ခရီးဆက်ခဲ့၏။ ရှေ့ခရီး၌ ရေတိမ်သောမြစ်တစ်ခုတွေ့လေ၏ ၊ သူခိုးခေါင်းဆောင်လည်း မိန်းမဖြစ်သူကို "အထုပ်အပိုတွေကိုတစ်ဖက်ကမ်းသို့ အရင်ပို့မယ်၊ပြီးမှမိန်းမကိုလာခေါ်မယ်"ဟုဆိုကာကူးသွားလေ၏။တစ်ဖက်ကမ်းသို့ရောက်သည်နှင့် "မိဘပေးစားသော ယောကျာ်းကိုပင်သတ်၍ ငါ့လိုသူခိုးခေါင်ဆောင်နောက်လိုက်၏၊ ငါ့ထက်သာသူတွေ့ရင် ထိုသို့လုပ်လိမ့်မည်မှာသေချာ၏၊ မိန်းမယုတ်နေခဲ့တော့"ဟုဆိုကာထွက်သွားလေ၏။ ထိုအမျိုးသမီးလည်း လင်ကြီးကောလင်ငယ်ပါ ဆုံးရှုံးရသောကြောင့် မြစ်ကမ်းနဘေးဝယ် ငိုယိုလျက်ကျန်ခဲ့၏။ပုံပြင်ကိုဒီလောက်ပဲ မှတ်မိ၏၊ ဇာတ်တော်ကို ဟောရသော ပစ္စုပ္ပန်အကြောင်းအတိတ်အကြောင်းနှင့် နာမည်တို့ကိုမမှတ်မိတော့။ ကလေးခံစားမှုဖြင့်သာ မှတ်ခဲ့ရင်းနှီးခဲ့၏။ ပုံပြင်အပေါ်မှာ ဘာမှတွေးခေါ်စဉ်းစားခဲ့ခြင်းမရှိခဲ့။ အရင်လက ဆရာအောင်သင်း၏ "သူတို့နှင့်ကျွန်တော်"စာအုပ်မှ ဆရာမြို့မမောင်နှင့်ကျွန်တော်အခန်း၌ ဆရာမြို့မမောင်က ဆရာအောင်သင်းအား စာဖတ်တာနှင့်ပတ်သက်ပြီး အကြံဉာဏ်ပေးတဲ့နေရာကိုရောက်တော့ စာအုပ်ကိုချပြီး တွေဝေသွား၏။ စာဖတ်ခြင်းနှင့်ပတ်သက်၍ ဗဟုသုတအလို့ငှါ မူရင်းအတိုင်းပြန်ရေးထည့်လိုက်ပါ၏။"စာကိုသိပ်မဖတ်တော့နဲ့ဗျ၊ စဉ်းစားတော့ ခင်ဗျားမှာ ဘွဲ့တစ်ခုတောင်ရပြီးပြီပဲ၊ နည်းနည်းဖတ်ပြီး များများစဉ်းစားဖို့အချိန်ရောက်ပြီ။အများကြီးဖတ်ပြီး နည်းနည်းမှမစဉ်းစားရင် ဗဟုသုတများတဲ့ လူညံ့တစ်ယောက်ဖြစ်နေမှာပေါ့။အများကြီးစဉ်းစားပြီးရေးတဲ့စာအုပ်ကောင်း နည်းနည်းလောက်ကိုဖတ်ပြီး ကိုယ်တိုင်က များများစဉ်းစားနိုင်ရင် ပိုကောင်းတယ်ဗျ"။
ကျွန်တော်တွေဝေသွားတဲ့စာပိုဒ်က "ဗဟုသုတများတဲ့ လူညံ့"ဆိုတဲ့အပိုဒ်ပဲ။ ဆိုလိုတာကတော့စာဖတ်ပြီး စဉ်းစားတဲ့အကျင့်မရှိရင် ကိုယ်ပိုင်အတွေးအခေါ်မရှိဘူးလို့ပြောရမည်
ထင်တယ်။ အပေါ်က ပုံပြင်ကိုပြန်ဆက်ကြည့်
ရအောင် "မိန်းမဖြစ်သူက ယောကျာ်းကို ဓားသွားပါတဲ့ဘက်၊ သူခိုးဖြစ်သူကို ဓားရိုးပါတဲ့ဘက်ပေးတဲ့အတွက်ကြောင့် ယောကျာ်ဖြစ်
သူသေရ၏" ထိုအခြင်းအရာကို အကြောင်းအပြုပြီး ပုံပြင်ကို ဒေါက်တာမတင်ဝင်းက "သူခိုးဓားရိုးကမ်း" လို့ပေးခဲ့ဟန်ရှိ၏။ "သူခိုးဓားရိုးကမ်း"ဆိုတဲ့ မြန်မာစကားပုံကို ကလေးကတည်းက ရင်းနှီးနေခဲ့တာပါပဲ၊ ကြားဖူးတယ်ဆိုရုံထက်မပိုခဲ့ပါဘူး၊ အကြောင်းအရာတစ်ခုကို ဆက်စပ်တွေးခေါ်မှုနည်းတဲ့ အကျင့်မရှိတာလဲ ပါမှာပေါ့လေ၊ ပုံပြင်ကို ဖတ်ခဲ့တဲ့
အချိန်က ထိုစကားပုံက ဤပုံပြင်(ဇာတ်တော်
က)ဆင်းသက်ခဲ့တာလားလို့မတွေးတတ်ခဲ့ဘူး။
ဆရာအောင်သင်၏ "သူတို့နှင့်ကျွန်တော် "စာအုပ်ထဲမှ ဆရာမြို့မမောင်၏ ဆုံးမစကားကိုဖတ်ပြီး "သူခိုးဓာရိုးကမ်း"ဟူသောစကားပုံသည် ခေါင်းထဲမှာစွဲနှင့်နေပြီးသော ထိုပုံပြင်မှ "ဆင်သက်ခဲ့ခြင်း" ဖြစ်နိုင်၏ဟူသော တွေးခန်းဝင်ရ၏။ နည်းနည်းတွေးပြီးတော့ ဒေါက်တာမတင်ဝင်း၏ စာအုပ်ကိုပြန်ဖတ်
ချင်သောကြောင့် အွန်းလိုင်းစာကြည့်တိုက်များမှာ ရှာကြည့်၏၊ ဆရာမ၏ တခြားသောစာအုပ်တို့သာတွေ့ရ၏၊ ထိုစာအုပ်ကားရှာမရ၊ ထိုသို့ဤနယ် စဉ်းစားရင်း မူရင်းမြန်မာပြန် ငါးရားငါဆယ်ဇာတ်နိပါတ် မြန်မာပြန် စာအုပ်များကို သွားသတိရမိ၏။ ထို့အတွက်ကြောင့် အွန်လိုင်းစာကြည့်တိုက်မှာ တစ်ခါရှာပြန်၏။ "ရှာဖွေလေ တွေ့ရှိလေ"ဆိုသလိုပါပဲ ပဉ္စကနိပါတ် ၃၇၄-စူဠဓနုဂ္ဂဟဇာတ်မှာ ထိုဇာတ်လမ်းကိုတွေ့ရ၏။ "သူခိုးဓားရိုးကမ်း" ဆိုသောစကားပုံသည် ထိုပုံပြင်မှဆင်းသက်လာဟန်ရှိ၏ဟူသော ကျွန်တော်အတွေးမှာ နီးစပ်မှုရှိ၏။ ဘာကြောင့်နီးစပ်မှုရှိ၏ဟု ပြောရလဲဆိုလျင် ထိုဇာတ်တော်ကိုမြန်မာပြန်သူက "သူခိုးဓားရိုးကမ်းသည့် မိန်းမဝတ္ထု"ဟုအမည်ပေးထားသောကြောင့်ဖြစ်၏။
ဆက်ရန်
Keep Reading