Author's Profile Photo

Reviews by Benevolent

17/10/2025

အဖြေရှာရခက်အခန်း၁၀

3 mins read
Art
Novel
Entertainment
အဖြေရှာရခက်အခန်း၁၀'s photo

ပင်လယ်ထဲမှာဘယ်သူမှကိုယ်‌ပြောတာလက်မခံ‌တော့တဲ့အချိန်၊ ဘယ်သူမှကို မယုံရ‌တော့တဲ့အချိန်...ဘာလုပ်မိမလဲ။

လူမဆန်းတဲ့အဖြစ်အပျက်ကြားက လူဆန်တဲ့ဇာတ်လမ်းတစ်တစ်ပုဒ်အဖြစ် 2025 မှာ တွေ့လာရတဲ့ဇာတ်ကားတစ်ခုရှိတယ်။Psychological Thriller ဖြစ်တဲ့အတွက် မိနစ်တိုင်းက ကြည့်ရူသူကို စိတ်ဝင်စားစေပါတယ်။မူရင်းဇာတ်လမ်းကဗြိတိန်စာရေးဆရာမ Ruth Ware ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ mystery thriller ဇာတ်လမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။ဒါရိုက်တာ Simon Stone ရိုက်ကူးထားပြီးတော့ မင်းသမီး ကီရာနိုက်လီ (Kiera Knightly )အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "The Woman In The Cabin 10" ရုပ်ရှင်က 2025မှာ 100% နီးပါး recommend ပေးလို့ရတဲ့ ဇာတ်ကားလို့ ပြောရမယ်။100% ဆိုတာဒီနှစ်အပိုင်းအခြားမှာ ပြောရခဲလှတဲ့အရာပါ၊ ဇာတ်လမ်း ၊တင်ဆက်ပုံ၊ သရုပ်ဆောင်မှု စသဖြင့် အားနည်းချက်တစ်ခုခု ရှိနေကြပေမယ့် ဒီဇာတ်ကားကတော့ အပြစ်ရှာရ မတွေ့မိနိုင်တဲ့ဇာတ်ကားလို့ပြောရမယ်။

ဇာတ်လမ်းက အလုပ်အရမ်းများတဲ့ လော်ရာ ဘလက်လော့ခ် ဆိုတဲ့ဆုရ သတင်းထောက်တစ်ဦးရှိတယ်၊ ဖောင်ဒေးရှင်အကြောင်း၊သတင်းမှုခင်းဆောင်းပါးရေးသူအဖြစ်လည်း ကျော်ကြားတဲ့လူတစ်ယောက်၊အလုပ်နားရက်‌တွေကိုအပန်းဖြေဖို့ ဖြစ်လာခဲ့တယ်။သူမဟာ လုပ်ငန်းခွင်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာကနေ ပြန်လည်နလန်ထူနေချိန်မှာ သူမရဲ့ အယ်ဒီတာက ဇိမ်ခံသင်္ဘောတစ်စင်းပေါ်က ခရီးစဉ်တစ်ခုကို သွားရောက် သတင်းရှာဖွေဖို့ တာဝန်ပေးလိုက်ပါတယ်။အဲ့သင်္ဘောကြီးနာမည်က အော်ရိုရာဘိုရီရဲလစ်စ်။နာမည်ကြီး သတင်းထောက်မလေး လော်ရာ ဟာ ခရီးသွားဆောင်းပါးရေးရန်အတွက် လူချမ်းသာများရဲ့ဖိတ်ခေါ်မှုနှင့်အတူ ဇိမ်ခံသင်္ဘောကြီးပေါ်ကို လိုက်သွားခဲ့တယ်။

အလှူအတန်းရက်ရောတယ်ဆိုပြီးနာမည်ကြီးတဲ့သူဌေးလင်မယားဖိတ်ကြားချက်ကြောင့်ခမ်းနားလှပတဲ့ အော်ရိုရာဘိုရီရဲလစ်စ် သင်္ဘောကြီးဆီရောက်လာခဲ့တယ်။ဘုရားလည်းဖူး လိပ်ဥလည်းတူးချင်တဲ့ရည်ရွယ်ချက်နဲ့ လော်ရာတစ်ယောက် သူကြွယ်တွေစုဝေးတဲ့ သ‌င်္ဘာကြီးနဲ့နော်ဝေဆိပ်ကမ်းခရီးစဉ်ကိုလိုက်လာတယ်။ သင်္ဘောပိုင်ရှင်ဖြစ်တဲ့ရစ်ချက်ဘူးမားလ်နဲ့ မစ္စလင်းစတတ်ဒ် (အန်း) နှစ်ဦးထဲက'အန်း'ကိုတွေ့ချင်ကြလို့လိုက်လာကြသူတွေများသာဖြစ်နေတယ်။ချမ်းသာတဲ့အန်းက စကားနည်း ၊လူမြင်ကွင်းက တွေ့ရခဲတဲ့ ကင်ဆာဝေဒနာရှင်ဖြစ်တယ်။‌အန်း နဲ့ လော်ရာ စာကြည့်တိုက်ထဲမှာတွေ့ခွင့်ရခဲ့တယ်။အန်းဆိုတာ အများထင်သလိုမဟုတ်ဘဲ မာနကင်းမဲ့နေတယ်။

"တီကောင်ရဲ့အစာဖြစ်သွားပြီဆိုရင် အတ္တကြီးဖို့ခက်တယ်လေ"

လော်ရာ တစ်ယောက်သင်္ဘောပေါ်မှာ ချစ်သူဟောင်းဘန်မော်ဂန်ပြန်တွေ့တယ်၊ရန်ဖြစ်ပြီးမနက်ဘာမှမမှတ်မိဘူးဆိုတဲ့လင်မယားတစ်စုံအပါ ‌ေ/သဆုံးသွားပြီးလို့တင်ကြတဲ့နာမည်ကြီးအဆိုတော် ဒန်နီတိုင်လာပါ တွေ့မိသွားတယ်။

လော်ရာ ဟာ သူ့အတွက်လည်း အနားယူစရာပဲလို့ ယူဆပြီး လိုက်ပါသွားခဲ့တဲ့ခရီးစဉ်မှာ လော်ရာနေရမယ့်အခန်းနံပါတ်က ၈ ၊ ဘေးချင်

Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းနှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်အ‌တွေးအစအနများညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁ပညာရေးဆိုတာဘာလဲမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အဖြေရှာရခက်အခန်း၁၀လက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်အိုဖီးလီယာ

Unlock to read this premium article with 100 points.