Author's Profile Photo

Reviews by Benevolent

16/10/2025

ပညာရေးဆိုတာဘာလဲ

3 mins read
General Knowledge
Art
Entertainment
ပညာရေးဆိုတာဘာလဲ's photo

သားသမီးအုပ်ထိန်းသူတွေကကိုယ့်အလိုအတိုင်းခေါ်ဆွဲဖို့မဟုတ်ဘူး၊ပညာရေးဆိုတာဘာလဲဆိုတာကို ပြသပေးတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားရှိတယ်။ကဗျာတွေကို မကြိုက်တဲ့သူတောင် ဒီဇာတ်ကားကြောင့် ကဗျာတွေကို ကြိုက်လာလိမ့်မယ်။ဇာတ်လမ်းထက် ဇာတ်ကားရဲ့ Dialogue တွေက အသက်လို့ပြောရင်ပိုမှန်လိမ့်မယ်။

"Dead Poets Society" ဆိုတဲ့ ရုပ်ရှင်ကို ၁၉၈၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ အမေရိကန်ဒရာမာဇာတ်ကားကောင်းတစ်ကား ဖြစ်တယ်။ဒါရိုက်တာ Peter Weir ရဲ့ ရိုက်ကူးတင်ပြမှု နဲ့ မင်းသားကြီး Robin Williams က ခေါင်းဆောင်သရုပ်ဆောင်ထားမှုတွေက ဒီဇာတ်ကားပုံရိပ်ကို ပိုတန်ဖိုးကြီးသွားစေတယ်။

ဂုဏ်သက္ခာ ၊ စည်းကမ်း နှင့် ထူးချွန်ခြင်း ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတဲ့ဝယ်တန် အကယ်ဒမီပညာရေး‌ကျောင်း (Welton Academy )ကြီးရဲ့ အခမ်းအနားတစ်ခုနဲ့အစပြုထားတယ်။ နာမည်ကြီး ၁၉၅၉ ခုနှစ်ကအထက်တန်းပညာသင်ကျောင်းတစ်ကျောင်း ဇာတ်လမ်းကို အခြေခံထားတယ်။အရင်က Welton Academy ဆိုတဲ့‌ကျောင်းကစည်းကမ်းကြီးတဲ့ ဘော်ဒါကျောင်းတစ်ကျောင်းလို့ပြောရမယ်။အောင်ချက်ကောင်းတာမလို့ ကျောင်းသားမိဘတွေရဲ့ မျက်စိကျတဲ့ ကျောင်းတစ်ခုလည်းဖြစ်ပါတယ်။အောင်ချက်ကောင်းတဲ့ကျောင်းဆိုတဲ့အတိုင်း စည်းကမ်းကြီးတာကတော့ ထိပ်ဆုံးဖြစ်‌နေတယ်။ကျောင်းသားတွေရင်ထဲမှာတော့ ကြောက်စိတ်၊ လေးလံတဲ့တာဝန်တွေ ရှိနေကြတယ်။

ဒါပေမယ့်ထုံးတမ်းစဉ်လာ၊ ဂုဏ်သိက္ခာ၊ စည်းကမ်းနဲ့ ထူးချွန်မှုဆိုတဲ့ ကျောင်းရဲ့ အခြေခံမူတွေကို ဆန့်ကျင်မှုတွေရှိလာခဲ့တယ်။အဲ့ဒါက လွတ်လပ်ပြီး အတွေးအခေါ်ရှိသူ ဆရာအသစ် John Keating ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းက turning point ဖြစ်လာတယ်။အဓိကသရုပ်ဆောင် Robin Williams (John Keating အဖြစ်) ရုပ်ရှင်ဇာတ်လမ်းထဲက ကျောင်းဆရာဖြစ်တယ်။
ဆရာ John Keating ဆိုတာ ကျောင်းသားတွေကို စာအုပ်ထဲကအတိုင်းသာ မသင်ပေးဘဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားနိုင်စေဖို့ လမ်းပြပေးတဲ့ ဆရာတစ်ဦးအဖြစ်သရုပ်ဖော်ထားပါတယ်။သင်ရိုးအတိုင်းသင်တာထက် ကျောင်းသားတွေ ကိုယ်တိုင် တွေးတတ်အောင်သင်ပေးတဲ့ ဆရာ အကြောင်းကို ရိုက်ပြထားတယ်။

" မင်းစာဖတ်တဲ့အခါ စာရေးသူဘာစဉ်းစားလဲဆိုတာ မတွေးနဲ့ ၊ မင်းဘာစဉ်းစားမိလဲဆိုတာကိုပဲတွေးပါ "

ကျောင်းပြတိုက်ထဲက ဓာတ်ပုံတွေရှေ့မှာ "ဒီလူတွေကလည်း ငါတို့လိုပဲ သူတို့ဘဝကို အပြည့်အဝ မနေရသေးဘူးဆိုတာ သိကြလား" လို့ မေးခွန်းထုတ်တယ်။စာသင်ခန်းထဲက သင်ကြားမှုတွေက "ကဗျာဆိုတာ အလှ၊ ချစ်ခြင်းမေတ္တာ၊ ဘဝပျော်ရွှင်မှုအတွက် ရေးသားထားတာဖြစ်တယ်" လို့ ရှင်းပြထားတယ်။တစ်ဦးတစ်ယောက်စီမှာ ကိုယ်ပိုင်အသံနဲ့ အရည်အချင်းတွေရှိနေကြပြီး အဲဒီအရာတွေကို ထွက်ပေါ်လာစေဖို့ ဆရာတစ်ယောက်ရဲ့တာဝန်တွေကိုစတင်ထုတ်ပြတယ်။

"ဆေးပညာ၊ ဥပဒေပညာ၊
စီးပွားရေးပညာ၊ အင်ဂျင်နီယာပညာရပ်တွေ၊
ဒါတွေက မွန်မြတ်တဲ့လေ့လာစရာတွေ၊
လူသားတွေကိုအကျိုးပြုဖို့ ဒါတွေလိုအပ်တယ်။

ဒါပေမယ့် ကဗျာတွေ၊ အလှတရားတွေ၊
အချစ်ဇာတ်လမ်းတွေ၊ မေတ္တာတွေ၊
ဒါတွေက ငါတို့လူသားတွေ
ရှင်သန်နေရတဲ့အကြောင်းအရင်းတွေပါပဲ။"

ဆရာJohn Keating ဟာ ကျောင်းသားတွေကို "Carpe Diem" ဆိုတဲ့ စကားစုကို သင်ကြားပေးပြီး ဘဝကို ပြည့်ပြည့်ဝဝ ခံစားရန်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ်တည်ရန် သွန်သင်ပေးပါတယ် ။ သူ့ရဲ့ သင်ကြားနည်းဟာ စာသင်ခန်းထဲမှာ စားပွဲပေါ်တက်ရပ်ကြည့်ခိုင်းတာ၊ ကဗျာစာအုပ်ရဲ့ နိဒါန်းစာမျက်နှာတွေကို ဆုတ်ဖြဲပစ်ခိုင်းတာမျိုးတွေ ပါဝင်လို့ ကျောင်းအာဏာပိုင်တွေရဲ့ မကျေနပ်မှုကို ဖြစ်စေခဲ့တယ် ။

ဆရာရဲ့ သွန်သင်မှုတွေကြောင့် ကျောင်းသားတစ်စုဟာ "Dead Poets Society" လို့ခ

မုန်းခိုင်းတိုင်း မုန်းမှာလား ရွာရိုးကိုးပေါက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာရေးဆရာနတ်နွယ်ဆိုတာဟာရူကီမူရာကာမိဆိုတာThe Fall Of SpartacusVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအဆန့်အဖျက်

Unlock to read this premium article with 100 points.