Author's Profile Photo

Reviews by Benevolent

10/10/2025

စာရေးဆရာနတ်နွယ်ဆိုတာ

4 mins read
Book Review
General Knowledge
History
စာရေးဆရာနတ်နွယ်ဆိုတာ's photo

၁၉၇၅ ဝန်းကျင် ရန်ကုန်စာပေလမ်းလို့ခေါ်ကြတဲ့ ၃၃ လမ်းလက်ဖက်ရည်ဆိုင်တွေမှာ ဆူညံသံတွေပြည့်နေခဲ့တယ်။ စာရေးဆရာ၊စာပေအထုံဝါသနာတူညီသူများ၊အခြေခံအတွေးအခေါ်အယူအဆတူသူများစုရုံးကြပြီး စာပေဝါကြီးသူများက လူငယ်စာသမားများကိုအားပေးစကား၊ စာကြောင်းပေကြောင်း ဝေမျှတဲ့ကာလတစ်ခုရှိခဲ့တယ်။ဆရာနတ်နွယ်က စာပေဝါကြီးသူပီပီလူငယ်တွေကို အမြဲစာပေဂိုဏ်းဂဏဝါဒမကွဲဖို့ စာပေလောကတွင် အစုအဝန်းကလေးတွေရှိဖို့၊‌ ဆွေးနွေးတိုင်ပင်ကြဖို့လိုအပ်ကြောင်း အချိန်ပေးဆုံးမလေ့ရှိတယ်။စာ‌ပေဝေဖန်ရေးကိုအားပေးတယ်၊ဒါ‌ပေမယ့် စာပေဝေဖန်သူတွေက ပင်ကိုယ်ခံစားချက်ပေါ်‌ပြောတာမဟုတ်ပဲသေချာလေ့လာအား‌ကောင်းစေချင်တယ်။ စာပေဝေဖန်ရေးဆိုတာ စာပေရဲ့မီးအိမ်ရှင်လို့တင်စားပြောဆိုခဲ့တယ်။ဆုံးမနာခံသူများထဲတွင် ဆရာဖေမြင့်လည်းပါဝင်ခဲ့တယ်။

တကယ့်တော့ဆရာနတ်နွယ်ဆိုတာ အထက်တန်းကျောင်းသားဘဝကတည်းက ဝတ္ထု၊ကဗျာ၊ဆောင်းပါးတွေ ရေးနေခဲ့တယ်။၁၉၅၀ ဝန်းကျင်အရောက်မှာတော့ ဟံသာဝတီသတင်းစာမှာ ‌"ကျောင်းသူမ" ကဗျာကို ပထမဆုံးပုံနှိပ်ခြင်းခံရပြီးစာ‌ပေလောကဆီကို ခြေလှမ်းခဲ့သူတစ်ဦးပါ။ပထမဆုံးဝတ္ထုကတော့ ၁၉၅၄ က ထုတ်ဝေခဲ့တဲ့ "မိုးထဲ လေထဲ" လုံးချင်းဝတ္ထုဖြစ်တယ်။ဆရာနတ်နွယ်ရဲ့ပထမဆုံးဝတ္ထုကတော့ ရွှေလိုရှားနေပါတယ်။ မြန်မာစာပေလောကတွင် "မြန်မာပြည်မြောက်ပိုင်း"၊ "တံခွန်တိုင်မောင်နှများ"၊ "အပြာ-အဝါ"၊"ရာမည" ၊ "တစ်ကွေ့တော့တွေ့ကြဦးမည်" ပင်ကိုယ်ရေးစာအုပ်‌တွေ၊ ဘာသာပြန်၊ ဝေဖန်ရေး စတဲ့ ကဏ္ဍမျိုးစုံကို ကလောင်ခွဲများစွာဖြင့် ထူးချွန်ခဲ့တဲ့ အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦး ဖြစ်ပါတယ်။ဆရာနတ်နွယ်ဟာ ၁၉၇၀ ဝန်းကျင်မှာ မိုးဝေစာပေမဂ္ဂဇင်းကို တည်ထောင် ထုတ်ဝေခဲ့ပြီး မြန်မာခေတ်ပေါ်ကဗျာ ပုံစံသစ်ဖြစ်တဲ့ မိုးဝေကဗျာခေတ်ကိုလည်း ထူထောင်ခဲ့သူဖြစ်ပါတယ်။မိုးဝေးမဂ္ဂဇင်းကနေတဆင့် လူငယ်စာရေးသူ ၄၂ ဦးတို့ ကို စာဖတ်သူနဲ့တွေ့ဆုံပေးခဲ့တယ်။အဲ့လူငယ်စာရေးသူတွေထဲမှာ ဆရာနိုင်ဝင်းဆွေလည်းတစ်ယောက်အပါဖြစ်တယ်။

"မြန်မာပြည်မြောက်ပိုင်း"ကို ရေးဖို့ ဆရာ အချိန် ဘယ်လောက်ကြာအောင် ကြိုးစားအားထုတ်ခဲ့ရပါသလဲ။"ဝင်းငြိမ်းနှင့်စာရေးဆရာများ စာအုပ်မှ ဆရာနတ်နွယ်ဖြေကြားချက်ကို ပြန်လည်ဖော်ပြပါရစေ။

၁၉၅၆-၅၇ လောက်တုန်းက တော်လ်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေးကို ကျွန်တော်ဖတ်ရတယ်။တက္ကသိုလ်ကျော့ရှင်းဆီက ငှါးဖတ်တာပဲ။ရက်နှစ်ဆယ်တိတိ ဖတ်ရတယ်။အဲဒီဝတ္ထုကြီးကို ဖတ်ပြီးတဲ့အခါမှာ ငါလည်း ဒီလိုဝတ္ထုကြီးမျိုး တစ်ပုဒ်လောက် ရေးကြည့်ရရင် ကောင်းမှာပဲလို့ စိတ်ကူးမိခဲ့ပါတယ်။တခါ နောက်ပိုင်းမှာ "ဒေါ့တာယက်စကီး"ရဲ့ ကာရာမာဇော့ ညီအစ်ကိုများ စတဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုကြီးတွေကို ဆက်ဖတ်ရတဲ့အခါမှာ သူတို့လိုပဲ ဇာတ်အိမ်ကြီးကြီး၊ဇာတ်ကောင်များများနဲ့ အကြောင်းအရာကြီး တစ်ခုကို ရေးချင်စိတ်တွေ ပိုပြီးဖြစ်ပေါ်လာမိတယ်။ဒါပေမယ့် ဘာအကြောင်းရေးမယ်လို့တော့ ခေါင်းထဲမှာ တိတိကျကျ မရှိသေးဘူး။အားကျမိတာပဲရှိတယ်။

ဒီလိုနဲ့ တခါ ၁၉၆၀ ပြည့်လောက်မှာ "မစ်ခေးရှိုလိုကော့" ရဲ့ တငြိမ့်ငြိမ့်ဒွန် ကို ဖတ်ရပြန်တယ်။ဒီတခါမှာတော့ ဘာအကြောင်းရေးမယ်ဆိုတာ ခေါင်းထဲမှာ တိတိကျကျ ဆုံးဖြတ်မိတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ တငြိမ့်ငြိမ့်ဒွန် ဟာ ကော့ဆက်လူမျိုးတွေအကြောင်း ရေးထားတာဖြစ်တယ်။ပထမကမ္ဘာစစ်နဲ့ အောက်တိုဘာတော်လှန်ရေးကို အခြေပြုထားတယ်။ကော့ဆက်လူမျိုးတွေဟာ သတ္တိရှိတယ်။တိကျတယ်၊ပြတ်သားတယ်၊ကြမ်းတမ်းတယ်၊ရိုးသားတယ်။သူတို့ရဲ့စရိုက်တွေကို ဖတ်ရတာ ကြက်သီး တဖိမ့်ဖိမ့်ထ ရတယ်။ဒီအခါမှာ ကျွန်တော် " ကချင်"တွေကို သတိရမိတယ်။

ကျွန်တော်က မြစ်ကြီးနားဇာတိဖြစ်ပြီး ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့ရတယ်။ကချင်လူမျိုးတွေရဲ့စရိုက်ဟာ ရုရှားပြည် ကော့ဆက်တွေလိုပဲ သတ္တိရှိတယ်၊ပြတ်သားတယ်၊ကြမ်းတမ်းတယ်၊ရိုးသားတယ်။ဒါ့ကြောင့် ကျွန်တော် "မြန်မာပြည်မြောက်ပိုင်း" ကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။အဲဒီအချိန်မှာပဲ ပုဂံစာအုပ်တိုက်က မြန်မာဝတ္ထုရှည်ကြီးတွေ ထုတ်ဖို့ အစီအစဉ်ရှိလာတယ်။ပုဂံ နှစ်လည် စာအုပ်တွေ ထွက်ဖို့ ခွဲတမ်းချကြတယ်။ကျွန်တော်လည်း ၁၉၆၆ ခုနှစ် နှစ်လည်အတွက် တာဝန်ယူလိုက်ပြီး ရေးထားဖို့ ပြင်ဆင်ရတယ်။

ကချင်ပြည်နယ်ကို သွားပြီး ကွင်းဆင်းလေ့လာတာ၊ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးတွေကို တွေ့ဆုံမေးမြန်းတာ၊နိုင်ငံရေး၊စီးပွါးရေး၊ယဉ်ကျေးမှုဓလေ့ထုံးထမ်းနဲ့ဆိုင်တဲ့ စာအုပ်တွေ စုဆောင်းရတာ၊ဖတ်ရတာ၊မှတ်စုထုတ်ရတာ၊မြေပုံကြမ်းတွေ ရေးဆွဲရတာ စုစုပေါင်း ပြင်းပြင်းထန်ထန် ပြင်ဆင်ရတဲ့အချိန် နှစ်နှစ်လောက်ရှိပါတယ်။ဒါက ပထမအတွဲအတွက်ပါ။ဒုတိယတွဲအတွက် တစ်နှစ် ပြင်ဆင်ရပါတယ်။ဒါက ၁၉၈၃ ၊ပေဖူးလွှာမဂ္ဂဇင်းမေးမြန်းခန်းမှာ ဆရာနတ်နွယ်ဖြေကြားခဲ့တာပါ။အဲ့ကာလ

ရေကန်သာကြာတိုင်းအေးVictor Hugo ဘဝအမောပြေအတ္တဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာပီကင်းလူကဲခတ်နည်း အပိုင်းနှစ်Ernest Hemingway ဘဝဟာသများ

Unlock to read this premium article with 100 points.