Author's Profile Photo

Reviews by Benevolent

10/10/2025

ဟာရူကီမူရာကာမိဆိုတာ

1 min read
ဟာရူကီမူရာကာမိဆိုတာ's photo

စာအုပ်တွေက ဖတ်ကောင်းခြင်းနဲ့ နားလည်ရခက်ခြင်းဆိုတဲ့ လက္ခဏနှစ်ခုကပဲ စာဖတ်သူကို စွဲလမ်းသွားစေတယ်။ စာဖတ်သူကို သီးခြားနယ်နိမိတ်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်တယ်။

အမှောင်အတိရှိနေတဲ့ဟင်းလင်းပြင်ဆီကို သွားတဲ့ သာယာတဲ့တောအုပ်တွေအကြောင်းစိတ်အာရုံထွေးစေတာတော့ အမှန်ပဲ။ စိတ်ခံစားချက်တွေကို နားလည်စေတယ်။ ကိုယ်နဲ့စိတ်ကို တစ်ထပ်တည်းဖြစ်စေတယ်။မပြည့်စုံတဲ့ သီချင်းကမှ ပြည့်စုံတယ်လို့လဲဆိုထားသလိုမျိုး အရသာ။ရှင်းရှင်းပြောရရင် တစ်ချက်တစ်ချက် သာမန်နားလည်နိုင်စွမ်း‌ရှိယုံနဲ့ ဖတ်မရတဲ့စာအုပ်လို့ပြောလို့ရတယ်။

ဆရာကြီးမူရာကာမိဝတ္ထုရဲ့ဇာတ်ကောင်တိုင်းက စိတ်ကျန်းမာရေး၊ဖြစ်ရပ်တွေရဲ့ကျပန်းဆန်မှု ၊ အထီးကျန်ဆန်းလွန်ပုံ၊သဘာဝလွန်ဆန်းကြယ်တဲ့ ဆက်ဆံရေး၊ သေခြင်းနဲ့ လူ့ဘဝဝမ်းနည်းကြေကွဲမှုတွေအကြောင်း၊ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေအကြောင်းကို လှပတဲ့ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရိုးရှင်းစွာ ထုပ်ပိုးထားလေ့ရှိတယ်။သူ့စာအုပ်‌တွေကိုကမ္ဘာအနှံ့စာဖတ်ပရိသတ်တွေ ဘာကြောင့် အသည်းစွဲအားပေးဖတ်ရှူရသလဲဆိုရင် Kafka on the shore နဲ့ Norwegian Wood စာအုပ်တွေက သက်သေပါပဲ။

ရေးဟန်က တက်ကြွတဲ့ အရေးအသားနှင့် ကဗျာဆန်တဲ့ ဖော်ပြချက်များကြောင့် လူသိများပြီး စာဖတ်သူကို ကွက်ကွက်ကွင်းကွင်းနှင့် နစ်မြုပ်စေနိုင်တဲ့ အတွေ့အကြုံကို ဖန်တီးပေးတယ်။realism နှင့် surrealism ရောစပ်ထားတာကြောင့် စာအုပ်ထဲကအံ့သြဖွယ်ရာများနှင့် စွဲမက်ဖွယ်ခံစားမှုများက ထူးခြားပြီး အမှတ်တရစေနိုင်တယ်။စာအုပ်များထဲက အချစ်၊ ဆုံးရှုံးမှု၊ ဝိသေသလက္ခဏာနှင့် အဓိပ္ပါယ်ကို ရှာဖွေခြင်းတို့ကို စူးစမ်းလေ့လာနိုင်ပြီး တွေးခေါ်မှုကို လှုံ့ဆော်ပေးတာကြောင့် အဓိပ္ပာယ်ရှိစေတယ်။

What I talk about when I talk about running စာအုပ်မှာဆိုရင် စာရေးသူ ခရီးဝေးပြေးခြင်းအတွက်

Unlock to read this premium article with 100 points.