Author's Profile Photo

Reviews by Benevolent

10/10/2025

ဆရာမောင်ထွန်းသူဆိုတာ

3 mins read
Book Review
History
Fiction
ဆရာမောင်ထွန်းသူဆိုတာ's photo

ဘာသာပြန်စာအုပ် ကြိုက်နှစ်သက်သူ၊ မှီဝဲနေရတဲ့သူဆို ဆရာမောင်ထွန်းသူ စာအုပ်တွေနဲ့ ကင်းနိုင်မည့်သူ မရှိသလောက်ရှားပါလိမ့်မယ်။ဘာသာပြန်စာအုပ်ကြိုက်တဲ့ ကျွန်‌တော်အပါအဝင် စာပေမိတ်ဆွေအများစုက ဆရာမောင်ထွန်းသူ သာသာပြန်စာအုပ်တွေကိုက ရတနာသိုက်သဖွယ် လက်စွဲထားလေ့ရှိတယ်။၁၉၆၂ ခုနှစ်မှ စတင်ပြီး ဒေသန္တရ ခရီးသွားဆောင်းပါးရှည်ကြီးများ ရေးခဲ့တဲ့ ဆရာမောင်ထွန်းသူ တစ်ယောက် ရောဂါတစ်ခု စွဲကပ်လာတယ်၊ "စာ မရေးဘဲ မနေနိုင်တော့သည့် စိတ်ရောဂါ " သာဖြစ်တယ်။ တက္ကသိုလ်ကျောင်းသား ဘဝ တတိယနှစ်က အလွန်နှစ်သက်ခဲ့တဲ့ ဆရာဝန်စာရေးဆရာ အေ၊ ဂျေ ကရိုနင် (A.J Cronin)၏ The Citadal ဝတ္ထုကြီးကို 'ရဲတိုက်' အမည်ဖြင့် ပထမဆုံးဘာသာပြန်ခဲ့ရာက ဘာသာပြန်လောကထဲကို စွဲစွဲလမ်းလမ်း စတင်ခြေလှမ်းခဲ့တယ်ဆိုရမယ်။ ၁၉၈၃ ခုနှစ် အမျိုးသားစာပေ ဘာသာပြန်(ရသ) ဆုရပြီးနောက် စာရေးတဲ့ အလုပ်ကို ကွယ်လွန်တဲ့အထိ အဆက်မပြတ် အားထုတ်ခဲ့တယ်။

ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး မစ်ဟေး-ရိုကိုခေါ့ဇ် ရေးသားတဲ့ Quite Flow The Don ကို တငြိမ့်ငြိမ့်ဒွန်အမည်ပေးပြီး ၁၉၈၉ ခုနှစ် မေလတွင် စတင်ပြန်ဆိုခဲ့တယ်။စာအုပ်ကောင်းကြီးတစ်အုပ်ဖြစ်တာကြောင့် စာဖတ်ပရိသတ်ထံ ပို့ပေးချင်တဲ့စေတနာအရ လုပ်မိခဲ့တယ်။စာအုပ်က အထူစားကြီးဖြစ်တယ်။နောက်ဆုံး ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်နှစ်အုပ်တွဲရှိသည့်အနက် ပထမအတွဲ က စာမျက်နှာ ၇၅၂ ရှိပြီး ဒုတိယအတွဲက ၈၆၁ ရှိတယ်။ နှစ်တွဲပေါင်း စာမျက်နှာ ၁၆၁၃ တိတိရှိခဲ့တယ်။ဒီစာအုပ်ကြီးကို မသေခင် ပြီးပြတ်အောင်လုပ်သွားချင်တာကြောင့် စိတ်ကလည်း ပြင်းထန်ခဲ့တယ်။ဒါ‌ပေမယ့်ပြည့်စုံလုံလောက်တဲ့ ဘဝတစ်ခုကို ဦးဆောင်သူမဟုတ်တာကြောင့် မိသားစုစားဝတ်နေရေးကိုလည်း စဉ်းစားရတယ်။နောက်ဆုံး ဇနီးဖြစ်သူနှင့် ညှိနှိုင်းပြီး ညစဉ် ခုနှစ်နာရီမှ ဆယ်နာရီအထိ တငြိမ့်ငြိမ်ဒွန် ကို ကိုင်ခဲ့တယ်။နေ့စဉ် မနက်မှ ညနေအထိ စာရေးတဲ့အတွက် သင့်တော်ရာစာအုပ်ကို လုပ်တယ်။အလုပ်ကို ဇောက်ချပြီး လုပ်ခဲ့ပေးမယ့် အားကြိုးမာန်တတ်လုပ်နေသော်လည်း အိမ်တွင် လျှပ်စစ်မီးနောက်ဆုံးအချိန်ထိ မပိုင်ဆိုင်ခဲ့ဘူး။ နေထိုင်ရာ ရပ်ကွက်အတွင်းရှိ အိမ်နီးချင်းများကလည်း မီးမပေးကြပါ။ဘာလို့ဆို မီးပေးရင် အရေးယူခံရတာကြောင့်ဖြစ်တယ်။ ကရင်လူမျိုးရပ်ကွက်ဖြစ်တာကြောင့် အလွန်ရိုးသားကြတယ်၊ ဆရာမောင်ထွန်းသူကလည်း သူပယောဂကြောင့် တစ်ဖက်သား မီးအသိမ်းခံရမှာကို မလိုလားခဲ့ဘူး။ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုတော့ မဖြစ်ဖြစ်အောင် ဖယောင်းတိုင်မီးတစ်လှည့် ၊ အငှား ဘက်ထရီမီးတစ်လှည့် သုံးပြီး လုပ်ရခြင်းကြောင့် ပင်ပန်းခဲ့ကြောင်း‌ဖွင့်ဟခဲ့တယ်။၁၉၉၅ ခုနှစ် ၊ဘာသာပြန်လက်စ Quite Flow The Don ဝတ္ထုကြီးကို သူ့အရှိရင်းအတိုင်း ဘာသာပြန်လျက်ရှိခဲ့တယ်။နောက်ဆုံးထုတ်ဝေသူတွေနဲ့ စာရေး‌သူဆရာကြားမှာ ဒီခမ်းနားတဲ့ဘာသာပြန်မူတွေပျောက်ဆုံးနေခဲ့တာအခုထိလို့ပြောရမယ်။

ဆရာမောင်ထွန်းသူ နှစ်သက်တဲ့ အင်္ဂလိပ်အမျိုးသား စာရေးဆရာ အန်သိုနီဂရေး စာအုပ်ရှစ်အုပ်တွင် ပီကင်း က အကောင်းဆုံးနှစ်ပုဒ် ထဲက တစ်အုပ်အဖြစ် သတ်မှတ်ထားကြတယ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.