Author's Profile Photo

Reviews by Benevolent

4/09/2025

Victor Hugo ပေးတဲ့သင်ခန်းစာ

2 mins read
Book Review
General Knowledge
History
Victor Hugo ပေးတဲ့သင်ခန်းစာ's photo

အချိန်အလွန်ဆွဲတတ်တဲ့ ပြင်သစ်စာရေးဆရာတစ်ယောက်ရှိတယ်။သူကတော့ ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂို(Victor Hugo)သာဖြစ်တယ်။ ၁၈၀၂ ခုနှစ်၊ ဆွစ်ဇာလန်နိုင်ငံ နယ်စပ် ၊ပြင်သစ်ပိုင် Besancon မြို့မှာ
မွေးဖွားခဲ့တယ်။အဖေက လူဝီနပိုလီယံ လက်အောက်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခဲ့ပြီး အမေက ကက်သလစ်ဘာသာယုံကြည်သူ (Catholic Royalist)ဖြစ်တယ်။ဘုရင့်သစ္စာတော်ခံ အနွယ်ဝင်တစ်ယောက်သာဖြစ်တယ်။ အဖေနဲ့အတူ ငယ်စဉ်က နိုင်ငံအသီးသီးကို ခရီးထွက်ရတဲ့အတွက် ရေမြေ သဘာဝအလှတွေကို ကြိုက်နှစ်သက်ခဲ့တယ်။ခရီးသွားရတာများတော့ မိခင်က နေမကောင်းဖြစ်ပြီး ပါရီကို ပြန်ခဲ့တယ်၊ အဖေကတော့ အီတလီကို ခရီးဆက်ခဲ့ရတယ်။ဟူးဂိုး ရဲ့ပညာရေးအတွက် အဓိက ထိန်းကျောင်းပေးခဲ့သူက သူ့အမေလို့ ပြောလို့ရမယ်။

ဗစ်တာဟူးဂိုး ဟာ ရုရှားစာ‌ရေးဆရာ လီယိုတော်လ်စတွိုင်း(LeoTolstoy)ထက် ၂၆ နှစ်ကြီးတယ်။ဒါအပြင် ဟူးဂိုက ဒေါ့စတာယက်စကီး (Dostoevsky)ထက် လည်း ၁၉ နှစ်ကြီးပါတယ်။ပြင်သစ်စာပေဆိုတာ ရုရှားတို့အပေါ် အရိပ်ထိုးနိုင်ခဲ့တယ်။၁၈၂၂ခုနှစ် အသက်၂၀ အရွယ်မှာ ပထမဆုံး ကဗျာဖြစ်တဲ့ 'Odes et Poesies Diverses 'ကို ရေးသားခဲ့ပြီး ပြင်သစ်စာပေလောကထဲ ဝင်လာခဲ့တယ်။ကဗျာဆရာဘဝနဲ့ ရပ်တည်နေရင်း ၁၈၂၃ ခုနှစ် မှာ ဟူးဂိုး၏ ပထမဆုံး ဝတ္ထုဖြစ်လာမည့် ' Han d'lsande' ကို ထုတ်ဝေနိုင်ခဲ့တယ်။၁၈၃၁ ခုနှစ်မှာတော့ ကလေးတွေအတွက် 'The Hunchback of Notre Dame ' ဇာတ်လမ်းရှည် စာအုပ်တစ်အုပ် ထုတ်ပေးနိုင်ခဲ့တယ်။အဲ့စာအုပ်ကြောင့် ကလေး ၊ လူကြီး အကြိုက်တွေ့ပြီး နာမည်ပိုကြီးလာခဲ့တယ်။

၁၈၃၀ မှာ ဇူလိုင် တော်လှန်ရေး (The July Revolution) ကြီးပေါ်ပေါက်ခဲ့တယ်။၁၈၃၀ ဇူလိုင်တော်လှန်ရေးဆိုတာက ပြန်လည်ထူထောင်ထားတဲ့လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင်စနစ်မှ အခြားဘုရင်စနစ်သို့ ပြောင်းသွားတဲ့သဘောဖြစ်တယ်။အာဏာလွန်ဆွဲမှုကြား ပြင်သစ်လွှတ်တော်တွင် Louis Philippe ကိုထောက်ခံသူများ( Orléanists )၊နပိုလီယံ မျိုးဆက်များကို ပြန်လည် အားပေးထောက်ခံလာကြတဲ့ (Bonapartists )များလည်း ပေါ်လာတယ်။ဗစ်တာ ဟူးဂို (Victor Hugo )ဟာ အလွန်စိတ်ရှုပ်ပြီး ပုံမှန်အလုပ်တွေကို မလုပ်တော့ဘဲ အပျော်ရှာဖို့သာ ကြိုးစားလာခဲ့တယ်။သူကလူမှုရေးကိစ္စတွေနဲ့ အမြဲ အပြင်ထွက်တာကို ကြိုက်သူတစ်ယောက်ဖြစ်လာတယ်။နောက်ပိုင်း စာမရေးတော့ဘဲ အပြင်မှာ အချိန်ကုန် ပျော်ပါးနေခဲ့တယ်။စာရေးတဲ့အလုပ်ကို အနားယူတော့မယ့် အခြေနေထိရောက်ခဲ့တယ်။တစ်ရက်စ

စာရေးဆရာနတ်နွယ်ဆိုတာThe Fall Of Spartacusအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများပီကင်း

Unlock to read this premium article with 100 points.