Author's Profile Photo

Reviews by Benevolent

6/10/2025

ည

2 mins read
Book Review
History
Fiction
ည's photo

စာအုပ်ကိုဖတ်နေရင်း သက်ပြင်းတွေ ချပြီးရင် ချမိ နေလိမ့်မယ်။အလောင်းညှော်နံ့တို့ကို စာအုပ်ထဲကတဆင့်ခံစားမိလာလိမ့်မယ်။တချို့ ဖြစ်ရပ်မှန်တွေက ဘဝနဲ့ ရင်းခဲ့ရတဲ့ ကြောက်စရာမှတ်တမ်းကြီး(memoir)၊ ဖျက်စီးခံလိုက်ရလို့ ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့ မှန်တစ်ချပ်လိုပါပဲ။တစ်အုပ်လုံးက စာရေးသူငယ်ဘဝကြုံတွေ့ရပုံများကို ဖော်ပြထားတဲ့အတွက် ဖြစ်ရပ်မှန် တွေကိုစိတ်ဝင်စားရင်တော့ အကြိုက်တွေ့စေမည့် စာအုပ်ပါ။ဟန်ဂေရီပြည်ဖွား ဂျူးလူမျိုးစာရေးဆရာ အယ်လီဝီ ဆယ်လ်၏ဖြစ်ရပ်မှန်ဝတ္ထု၊ အပိုင်းသုံးပိုင်းဖြစ်တဲ့ နေ့ ၊ ည ၊ မိုး‌သောက် ဆိုတဲ့ Trilogy ထဲက ည ကအဓိက ရေသောက်မြစ်ပါပဲ၊ ည စာအုပ်ဖတ်ထားမှ ကျန်တဲ့ အပိုင်းနှစ်ပိုင်းကို ဆက်လို့ရမယ်။ အိပ်ဇိုးဒပ်(Exodus) နဲ့ အကြီးအကဲ (The Haj )စာအုပ်တွေကို ဖတ်မိတုန်းက ဂျူးတွေက သိပ်တော်လိုက်တာ၊ ရဲရင့်လိုက်တာလို့ပဲ ထင်ခဲ့မိလိမ့်မယ်။ဒီစာအုပ်မှာတော့ ဉရောပဂျူးတွေရဲ့ အားမလိုအားမရသနားစရာ၊ တနည်းအားဖြင့် အနည်းငယ် ပိန်းပုံတွေကို လည်း တွေ့မြင် ခံစားရမယ်။ သေတွင်းထဲ တွန်းချတဲ့ Positive Vibes အယောင်ဆောင်တွေမြင်ရမယ်။အန္တရာယ် သတင်းကြားတယ်၊ ကြိုတင်ပြင်ဆင်မှုမလုပ်၊ အရာရာကို အကောင်းမြင်လွန်တာကလည်း သေမင်းက ကိုယ်ဆီမလာသေးဘဲ၊ ကိုယ်က သူ့ဆီ တံခါးသွားခေါက်သလို ပါပဲ။ ဘယ်ဂျီယံကို နာဇီ‌ တွေသိမ်းလိုက်ပြီး၊ အော် ဟန်ဂေရီကိုရောက်သေးတာမှ မဟုတ်တာ၊ ဟန်ဂေရီကို ဖက်ဆစ်စနစ်အောက် သွင်းလိုက်ပြီ၊ အသက်အရွယ်ကြီးပြီး ဘယ်မှမ‌ပြောင်းချင်တော့ဘူး၊ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးသွားတာမှ မဟုတ်တာ၊ အမိန့် ဂျူးတွေ အပြင်မထွက်ရတဲ့၊ အော် အိမ်ထဲမှာ အနားယူလို့ရပါတယ်၊ လက်ပတ်အဝါ ဝတ်ရမယ်တဲ့၊ သေမင်းဆီသွားရတာမှ မဟုတ်တာ၊ ဂျူးအကုန် အော့စ်ခ်ျဝစ်သွားရမယ်၊ ငါတို့ တစ်စုတစည်းတည်းနေရတာပေါ့၊ အဲ့လိုတွေးသူဖြစ်တဲ့ အဓိကဇာတ်ကောင်စာရေးသူရဲ့ ဖခင်ဟာ အကောင်းမြင်သမား၊ ရိုးဖြောင့်သယောင်ရှိပင်မယ့် ထက်မြတ်သူတော့မဟုတ်ခဲ့၊ အကျိုးဆက်က အဆိပ်ငွေ့၊ မီးလောင်တိုက်သွင်းမှုကြောင့် ဂျူး ၆ သန်း ကျော်သေဆုံးသွားတယ်။အခက်အခဲပေါင်းများစွာ၊ ဆင်းရဲခြင်းများစွာကို ကျော်ဖြတ်ပြီးလို့ လွတ်လပ်မှုရခါနီးခါမှ အတူရှိခဲ့တဲ့ အဖေဟာ ဂျာမန်တွေရဲ့ သေမင်းဆီသွားရာအခန်းထဲသို့ ပို့ဆောင်ခြင်းခံလိုက်ရတယ်။

အကြမ်းဖက်ဝါဒဟာ အန္တရာယ်အများဆုံး နဲ့ အဖြေရှာဖို့ အခက်ဆုံးဝါဒ ဖြစ်ပါတယ်။အကြမ်းဆုံးနှိပ်စက်ခံရပုံတွေကို ဒီစာအုပ်မှာ ဖတ်ရတော့ သနားစရာကောင်းတဲ့လူတွေပါလားလို့ ဖတ်နေရင်းသ

စာရေးဆရာနတ်နွယ်ဆိုတာဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚အဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများ

Unlock to read this premium article with 100 points.