Reviews by Benevolent
ပညာရေးကို တန်ဖိုးထားတဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ပါ။စိတ်ဓာတ်မြှင့်တင်ပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်လို့ အထူးသဖြင့် လူငယ် များ ဖတ်ရှူသင့်ပါတယ်။
ဒီစာအုပ်လေးကို ဖတ်ရတာ သဘောကျမိတဲ့အချက်က စာမျက်နှာ ၇၀၀ နီးပါးရှိသော်လည်း သွက်သွက် လက်လက်နဲ့ဖတ်ရတာလွယ်ကူတယ်၊အရေးအသားကြောင့် ဖတ်ရတာ ထိထိမိမိနဲ့ချော မွေ့တယ်။
စာရေးသူ 'လစ်ဇ်မာရီ' က သူအကြောင်းကို ပြန်ပြောနိုင်ဖို့ အသက်ရှင်နေခဲ့တာက သူအတွက်သာမက စာဖတ်သူတွေအတွက်ပါ အကျိုးသက်ရောက်မှု ဖြစ်စေတယ်။စာအုပ်က စာအုပ်ကောင်းဖြစ်တဲ့အပြင် ဆရာဗန်းမော်သိန်းဖေရဲ့ ဘာသာပြန်စွမ်းရည်က အင်မတန်မှ ထိမိအောင်ရေးသားထားသောကြောင့် ဇာတ်ကောင်တွေရဲ့အကြောင်းကို လာပြောပြနေသလို ခံစားရစေတယ်။
မူရင်းစာရေးဆရာမက သူ့ဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်း ဓာတ်ပုံနှင့်တကွ ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ရေးပြထားတဲ့ သူမဘဝ အဖြစ်မှန်ဇာတ်လမ်း တစ်ခု ဖြစ်တယ်။
မူးယစ်ဆေးသားကောင်ဖြစ်နေတဲ့ မိဘနှစ်ပါးအကြောင်းကို ပညာပေးတဲ့ ဇာတ်လမ်းထက် 'လစ်ဇ်မာရီ' ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ ကိုယ်တွေ့စွန့်စားမှုဇာတ်လမ်းလို့ ဆိုနိုင်တယ်။
အိုးမဲ့အိမ်မဲ့ မိသားစုလေးတစ်စုမှာ မား ဂျင်းမာရီ၊ ဒယ်ဒီ ပီတာ၊ အစ်မ လီဆာ နဲ့ စာရေးသူ လစ်ဇ်မာရီ တို့ဟာ စနေ့ နေ့တိုင်းသူများတွေ စွန့်ပစ်တဲ့ပစ္စည်းတွေကို လိုက်ကောက်ရတယ်။ရသမျှပစ္စည်းတွေကို ... ရောင်းပြီး ထမင်းမစားပဲ တောင်းတတဲ့ဆန္ဒတစ်ခုအတွက် အသုံးချတယ်။အစိုးရ ထောက်ပံ့ငွေကို အကုန်သုံးတယ်၊ ၂ ရက်၊၃ရက်လောက် မား နဲ့ ဒယ်ဒီ တို့ ထမင်းမစားပဲ နေကြတယ်၊ ဗိုက်ဆာတဲ့ ကလေးတွေက ပတ်ဝန်းကျင်မှာ တောင်းစားကြတယ်၊ ပတ်ဝန်းကျင်က မကျွေးရင် ရေ နဲ့ နှုတ်ခမ်းဆိုးဆေးတောင့်ကိုတောင် ရောပြီးစားခဲ့ကြရတယ်။
ဆင်းရဲချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာကြတဲ့ မောင်နှမတွေမှာ ပြိုင်ဘက်တွေအဖြစ်ပြောင်းလဲတတ်ကြောင်းကိုလည်း အလင်းပြထားတယ်။ အစားအသောက်၊ အဝတ်အစား၊ ကစားစရာ၊ မိဘရဲ့မေတ္တာ စသဖြင့်ပေါ့။
အသက် ၆နှစ်အရွယ်မှာတည်းက မျက်စိရှေ့မှာ သွေးကြောထဲ မူးယစ်ဆေးရည်ကို ဆေးထိုးအပ်နဲ့ ဘယ်လိုထိုးသွင
Unlock to read this premium article with 100 points.