Author's Profile Photo

Maru

1/01/2025

ဝါဒမှိုင်းမှကင်းလွတ်ရေးဖတ်သင့်သောစာအုပ်လေး

1 min read
Book Review
18 Again
ဝါဒမှိုင်းမှကင်းလွတ်ရေးဖတ်သင့်သောစာအုပ်လေး's photo

ရှေးခေတ်မြန်မာမှုမှာဆို မိန်းမသားတွေဟာ သေစာရှင်စာဖတ်တတ်ရင် ရပြီ။ အိမ်မှုကိစ္စနိုင်နင်းမှသာ မိန်မသားပီသတာ။ မိန်းမတွေဟာ ငွေရှာတတ်စရာမလိုဘူး အချိန်တန်အရွယ်ရောက်ရင် သူ့လင်ယောကျာ်းကရှာဖွေကျွေးမွေးလိုက်မယ် စသဖြင့်..... မိရိုးဖလာအစဥ်အလာလိုပုံစံမျိုးနဲ့ ဝါဒမှိုင်းတွေမိခဲ့ကြတယ်။

ခေတ်စနစ်နဲ့အတူ အတွေးအခေါ်တွေတိုးတက်လာတဲ့ခေတ်မှာ ယောကျာ်း မိန်းမဟာတသားတည်း။ ယောကျာ်းသားတွေနဲ့အတူ မိန်းမသားတွေ ရင်ဘောင်တန်းလာနိုင်တဲ့ခေတ်

ဒါပေမဲ့ ဝါဒမှိုင်းတွေဟာတွေပျောက်ပျက်မသွား ဆက်လက်စီးဆင်းစမြဲ။ ကိုယ်ဆုံးမနေထိုင်ခဲ့ရသလို ကိုယ့်သာသမီး၊ မြေးမြစ်တွေကို ဆုံးမတဲ့သဖွယ် Brain washတွေလုပ်ခံရမှန်းမသိ လုပ်ခံရ

ဒီဝါဒမှိုင်းတွေကို သတိပြုမိဖို့လိုအပ်လာပါပြီ။

အမျိုးသမီးလေးတို့ရေ ကိုယ်ရဲ့တန်ဖိုး ကိုယ့်ရဲ့အားသာချက်တွေကို နှစ်သစ်နဲ့အတူ ပြန်လည်ရှာဖွေ သတိပြုမိလိုအပ်လာပါပြီ။ ဒီလိုပြန်လည် ရှာဖွေသတိပြုမိစေဖို့ အထောက်အကူဖြစ်စေမဲ့ စာအုပ်လေးကို မာရုကနေ အကြံပြုပေးလိုက်ပါတယ်။

ဆရာမ အက်ရှာ(Asher)ရေးသားတဲ့ ထက်မြက်တဲ့မိန်းမဆိုတဲ့ စာအုပ်လေးကို ဖတ်ရှုဖို့အကြံပြုလိုက်ပါတယ်။
စာအုပ်ထဲမှာဆိုရင်

  1. သင်ဟာဘယ်လိုမိန်းမသားမျိုးလဲ?
  2. ဝါဒမှိုင်းမိခံနေရတဲ့အသိုင်းအဝိုင်းထဲကလား?
  3. မိန်းမသားပေမဲ့ ကိုယ့်ရဲ့အားသာချက်တွေကိုမေ့နေတတ်တဲ့သူလား?
  4. ကြက်မတွန်လို့ မိုးမလင်းဆိုတဲ့စကားကိုယုံကြည်လက်ခံထားသူလား?


ထက်မြက်တဲ့မိန်းမဆိုတဲ့စာအုပ်အမည်အတိုင်း ထက်မြက်ပြီးသားအမျိုးသမီးလေးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးစိတ်နေသဘောထားတွေကို အသိသတိပေးဖို့ရေးသားထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်

အမျိုးသမီးလေးတို့ရေ နှစ်သစ်နဲ့အတူ ကိုယ်ရောစိတ်ပါပြောင်းလဲချိန်တန်ပါပြီ

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

စာချစ်သူလေးများအား အစဥ်‌ချစ်ခင်လေးစားကျေးဇူးတင်လျက်........


January.1.2025.Wed(7:14)
Maru(မာရု)

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း