Author's Profile Photo

Youth’s Book Reflections

30/12/2024

တိမ်ပန်းချီ-ဟမ်စိုင်း|ဆေးမန်း|☁️

2 mins read
Book Review
တိမ်ပန်းချီ-ဟမ်စိုင်း|ဆေးမန်း|☁️'s photo


“ချစ်တယ် ဆိုတာကို လက်လွတ်စပယ် ပြောတတ်တဲ့ အထဲမှာ ကျွန်တော် မပါဘူး၊ ချစ်တယ်လို့ ပြောရင် မလေးနက်မှာ စိုးလို့ လက်ထပ်ပါရစေလို့ တစ်ခါတည်း ခွင့်တောင်းတာပါ၊ အခု ကြယ်စင့် အကြောင်း အကုန် သိရလည်း ကျွန်တော့်ရဲ့ စကားက မပြောင်းလဲပါဘူး၊ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက အပျိုစင် စစ်တာနဲ့ မဆုံးဖြတ်နိုင်ပါဘူး၊ ကျွန်တော်က လူတစ်မျိုးဗျ”

~page(62)၊တိမ်ပန်းချီ

ဟုတ်တာပေါ့ မောင်(တစ်နည်းဝေယံဦး)ကလူတစ်မျိုးပါ။ သို့သော် အဲ့ဒီလိုလူတစ်မျိုးဇာတ်လမ်းတွေကို စာအုပ်ဖတ်ပြီးနောက်မှာ ကြားဖူးမြင်ဖူးပြီးသားဖြစ်လောက်အောင် မဆန်းကြယ်ဘဲ ထပ်တလဲလဲဖြစ်ဆဲရှိဆဲပါပဲ။ အချစ်သူရဲကောင်းကြီးလုပ်ချင်တယ် ပတ်ဝန်းကျင်အမြင်တွေဘေးဖယ် နှစ်ယောက်တည်း စိတ်ကူးယဉ်ကမ္ဘာတည်ဆောက်ချင်တဲ့ ဝေယံဦးလို မိုက်ရူးရဲဆန်ပြီးအချစ်ကိုကိုးကွယ်ခဲ့တဲ့လူတွေ။ရည်ရွယ်ချက်လေးကတော့ကောင်းပါရဲ့ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ကြီးလို သဘောထားသတ်မှတ်လိုက်ခါမှ စလွဲတော့တာပါပဲ။ ငါကတော့ သူ့ကို ကယ်တင်ထားရတာ သူကငါ့ကိုနားလည်မပေးနိုင်ဘူးစသဖြင့်၊အဲ့ဒီနောက်မှာ သံသယတွေဝင်လာတယ်။ဒီပုတ်ထဲကဒီပဲ ပဲလာမှာပါလေဆိုပြီး သံသယတွေက တဖြည်းဖြည်းတိုက်စားလာလိုက်တာ အဆုံးသတ်ကတော့မရှုမလှပြိုကျရုံပေါ့။

တိမ်ပန်းချီလို ဘဝနာတဲ့ မိန်းကလေးတွေ ဒီထက်ဆိုးတဲ့ဘဝတွေတောင်ရှိနိုင်ပါတယ်။ အများက နှာခေါင်းရှုံ့တဲ့အလုပ်ကိုဘယ်သူကများလုပ်ချင်မှာလဲ။ဝါသနာပါလို့လုပ်ချင်လို့ကိုလုပ်တဲ့သူက ရှားပါလိမ့်မယ်။ အများစုကတော့ ကိုယ်စီကိုယ်စီအကြောင်းရာတွေနဲ့ပေါ့လေ။ကယ်တင်ရှင်ပေါ်လာပေမယ့်လို့ တိမ်ပန်းချီ ဆိုတဲ့နာမည်အတိုင်းပါပဲ။ အချိန်တစ်ခုရောက်ရင် လွင့်မျောကွယ်ပျောက်ပေးလိုက်ရတာပေါ့။

တိမ်ပန်းချီ တောင်ကြီးတက္ကသိုလ်က e/major queen ၊တောင်ပေါ်သူလေး၊ဆင်းရဲပြီးရိုးကုပ်တဲ့ မိဘနှစ်ပါးကို အလိုက်သိတတတ်တဲ့အပြင် တစ်မိသားစုလုံးရဲ့ အနာဂတ်လို့တောင်ပြောလို့ရတဲ့ သမီးအကြီးဆုံး။အဲ့လိုမိန်းကလေးကို ဘယ်
အရာကများ စင်တင်မယ်ဘဝရောက်အောင်တွန်းပို့လိုက်တာလို့ထင်ပါသလဲ။သူမကိုယ်တိုင်လိုလိုလားလားရွေးခဲ့လိုက်တာလား။ပတ်ဝန်းကျင်ကြောင့်လား၊အခြေအနေကဖန်တီးတာလား။တကယ်လို့များ ကိုယ့်မှာ တိမ်ပန်းချီလို အခြေအနေမျိုး ကြုံခဲ့ရင်တောင် သင်ဒီလိုပုံစံတုံ့ပြန်မှာလား။ အများစုအဖြေကတော့ ‘No’ ပဲဖြစ်ပါလိမ့်မယ်။ စံထားမှုတန်ဖိုးတွေကွာသွားကြလို့လို့ထင်ပါတယ်။ဒါဖြင့်လည်း ဒီလိုမိန်းကလေးက နွံကမရုန်းထွက်တာလဲဆိုရင်တော့ ငွေ ကိုသာ အပြစ်ဖို့လိုက်ဖို့ရှိတယ်။

သူရုန်းထွက်နိုင်မယ့်အခွင့်အရေးရချိန်မှာ အမိအရရုန်းထွက်နိုင်ခဲ့တယ်။လုံးဝစိတ်ပြတ်သားခဲ့တယ်။ဒီလောကကို အပြီးရွံရှာမုန်းတီးစွာ ကျောခိုင်းလိုက်တော့တယ်။သူ့ဘဝဟာ မသန့်ရှင်းတော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကို နှိမ့်ချလိုက်တယ်။အကျိုးဆက်ကတော့ လက်တွဲဖော်က စိတ်ကြီးဝင်သွားတော့တာပဲ။သူ့ဘက်ကအကျိုးနွံဆုံး ရိုသေပြီးချစ်မြတ်နိုးခဲ့ပေမယ့်လို့ တစ်ဖက်က ကျွန်သဖွယ် ထားရာနေ၊စေရာသွား ဆက်ဆံလာတဲ့အခါ ပန်းချီလက်ကျန်မာနက တင်းခံထားနေသေးတာတွေ့လိုက်ရတယ်။သူ့ခမျာမှာတော့ သူ့ချစ်သူကို အားကိုးတကြီး သူ့အတွက် သူ့ချစ်သူက ဟီးရိုးတစ်ယောက်လိုဖြစ်ခဲ့တာ။သူကြိုးစားခဲ့သမျှက သဲထဲရေသွန်ဖြစ်ပြီ။သို့သော် လုပ်ရက်လိုက်လေခြင်းလို့နောင်တရရုံမှတပါး စိတ်လည်းမဆိုးရက်ခဲ့ဘူး။ကျေးဇူးသိတတ်တဲ့စိတ်ကလည်း မင်္ဂလာတစ်ပါးပဲမလား။

အပြစ်လျော့ပေါ့ပေးဖို့ တောင်းဆိုခဲ့သည်အထိ ပန်းချီဟာ ဝေယံဦးအပေါ် မေတ္တာမပျက်ခဲ့ဘူး။
“တိမ်ပန်းချီ အမျိုးမျိုးကို တွေ့ရတယ်။ ကောင်းကင်ကြီးမှာ မောင်နဲ့ အတူ ပျော်ခဲ့ဖူးတဲ့ အရိပ်ပန်းချီတွေ ထင်ဟပ်လာတယ်။ ဒါပေမဲ့ လေတွေလာရင် တိမ်ပန်းချီတွေက ပျောက်ကွယ်သွားတော့မှာ။ တိမ်တွေက ကောင်းကင် မှာ အကြာကြီး လှပပြီး မနေနိုင်ပါဘူး။ ပန်းချီ ကြည့်နေတုန်း လှပတဲ့ အတိတ်တိမ်တွေက လေနှင်ရာ မျောပါသွားကြတယ်။

ပန်းချီကရော..။

ပန်းချီကတော့ ပျောက်ကွယ်သွားလို့ မဖြစ်ပါဘူး။”လို့အားတင်းထားရင်းပေါ့…။

ရုပ်ရှင်ခံစားမှုရသနဲ့ စာပေရသ ကွဲပြားမှုလေးတွေရှိတယ်။နှစ်နာရီစာ တစ်ကားရိုက်နိုင်ဖို့ တစ်အုပ်လုံးကိုမူရင်းအရသာမပျက်ဖို့ တော်တော်ပညာပါမယ့်အလုပ်ပါပဲ။ဘယ်ဟာပိုကောင်းလဲဆိုတဲ့မေးခွန်းအတွက်တော့ ကိုယ်အားသန်ရာသာ ဇာတ်လမ်းကို ခံစားကြည့်ကြပါ။ကျွန်တော်ကတော့ စာအုပ်ဖတ်ပြီး ရုပ်ရှင်ကြည့်ရတာ စာအုပ်ထဲကဇာတ်လမ်းကို 2x နဲ့ကြည့်နေရတဲ့ခံစားချက်မျိုး ဝင်မိပါတယ်..။

Reading & reviewing! Join me. ?
https://www.facebook.com/share/18c6Noq96b/?mibextid=wwXIfr

#bookreview
#Youths_book_reflections
#တိမ်ပန်းချီ
#ဟမ်စိုင်း|ဆေးမန်း|

Keep Reading

အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း