Author's Profile Photo

Hnin

30/12/2024

လူကြီးတစ်ယောက်ဆီက ရလိုက်တဲ့သင်ခန်းစာတစ်ခု

1 min read
Personal Development
General Knowledge
Psychology

ကိုယ့်ထက်အသက်ကြီးတဲ့သူတွေနှင့်နေတဲ့အခါ
စိတ်မရှည်တာလေးကလွှဲရင် ပညာတွေယူတတ်ရင် အများကြီးပါဘဲ။ ငါတို့အသက်ကြီးလာရင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာကို သူတို့တွေက သင်ပေးလိုက်တာပါဘဲ။

ဒီနေ့ကျွန်မရလိုက်တဲ့ သင်ခန်းစာလေးတစ်ခုကို ပြောပြချင်လို့ပါ။ကျွန်မ အသက်အရွယ်ကြီးတဲ့ လူကြီးတစ်ယောက်နှင့် အတူနေပါတယ်။ အဲဒိလူကြီးကို မကောင်းပြောချင်တာမဟုတ်ဘဲ ကိုယ်အသက်ကြီးလာရင် အဲလိုမလုပ်ဖူး ဆိုတဲ့သင်ခန်းစာလေးရလိုက်တာပါ။

လွန်ခဲ့တဲ့ ၁၀ လလောက်တုန်းက အဲဒိလူကြီးဆီက စာအုပ်လေးတစ်အုပ်ငှားဖူးတယ်။ တစ်ခန်းထဲ အတူတူအိပ်ကြတော့ ကိုယ့်အိပ်ယာဘေးလေးမှာ စာအုပ်လေးကိုထားလိုက်တယ်။ နောက်ရက်တွေမတွေ့လို့ မေးကြည့်လိုက်တော့ ''ငါမယူဘူးနော၊ ဘယ်ရောက်သွားပါလိမ့်လို့'' ပြန်ဖြေခဲ့တယ်။ အဲဒိနေရာမှာ ကိုယ်တွေးလိုက်တာက 'အော်၊ အသက်ကြီးပြီဘဲ.. သူမေ့သွားပြီး သူ့စာအုပ်ကို ပြန်ယူသွားတာဘဲနေမှာဆိုပြီး နောက်ထပ်မမေးဖြစ်တော့ပါဘူး။

ဒါပေမဲ့ ဒီနေ့မထင်မှတ်ဘဲ သူကိုယ်တိုင် သော့ခတ်ထားတဲ့အိတ်လေးကို အကြောင်းတစ်ခုကြောင့် ဖွင့်ဖို့ဖြစ်လာတယ်။ သော့ကိုဖွင့်ပြီး ပစ္စည်းတွေထုတ်လိုက်တဲ့အချိန်မှာ အဲဒိစာအုပ်လေးတွေ့လိုက်ရတယ်။ တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်ခေါင်းထဲ အတွေးများစွာဝင်ခဲ့ပြီ။
... စာအုပ်ကို နှမြောတာလား၊
... စာအုပ်က အကြောင်းတွေကို မျှဝေမပေးချင်တာလား၊
... စာအုပ်ကို အပိုင်ယူသွားမှာစိုးလို့လား။..အများကြီးတွေးမိခဲ့တယ်။

ဘယ်လိုအကြောင်းတွေကြောင့်ဘဲ ဒီစာအုပ်လေးကို ယူပြီး သိမ်းထားပါစေ ကျွန်မအမြင်ဆိုရင် လူကြီးတစ်ယောက်အနေနှင့် အဲလိုတော့မလုပ်သင့်ဘူးလို့ မြင်မိတာပေါ့နော။အဲဒါဆိုတော့ ''ငါသာ အသက်ကြီးတဲ့အချိန်အထိ နေခွင့်ရမယ်ဆိုရင် ငါအဲလိုမလုပ်ဖူးဆိုတဲ့ သင်ခန်းစာတစ်ခု ရရှိလိုက်တာပါဘဲ''။

စိတ်ထဲမှာတော့ စိတ်တိုသလိုလို၊ အမြင်ကပ်သလိုလို ဖြစ်နေပေမဲ့ တကယ်တော့ ကျေးဇူးတင်ပါတယ်။အတူတူနေရတဲ့ အချိန်လေးမှာ သင်ခန်းစာတွေ ပေးတဲ့အတွက်ပေါ့။

Hnin (9:39Pm)30.12.24

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးCambridge English Examအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း