Author's Profile Photo

မြူ

26/12/2024

“အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ”

1 min read
Business
General Knowledge
Environment & Sustainability
“အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ”'s photo


လောကကြီးမှာ မွေးကတည်းက တော်တဲ့ တတ်တဲ့သူဆိုတာမရှိပါဘူး။ အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှတိုးတက်အောင်မြင်ဖို့သင်ယူနေကြရတဲ့သူတွေချည်းပါပဲ။ 

အောင်မြင်တယ်ဆိုတာ မွေးရာပါအရည်အချင်းမဟုပါဘူး။ အောင်မြင်ဖို့ကြိုးစားနေတဲ့သူတွေချည်းပါပဲ။ အဲ့ထဲမှာ သင်ကိုယ်တိုင်လဲ ပါနေပါတယ်။ 

ကမ္ဘာပေါ်မှာ အောင်မြင်တဲ့သူတွေ အများကြီးရှိပါတယ်။ အဲ့ဒီအောင်မြင်တဲ့ သူတွေအကုန်လုံးက မွေးရာပါအရည်အချင်းကြောင့် အောင်မြင်လာတာမဟုပါဘူး။ သူတို့ရဲ့ကြိုးစားမှုကြောင့်သာ ဖြစ်တယ်။ ဒါကြောင့် သင်က အောင်မြင်တဲ့သူဖြစ်ဖို့အတွက် မွေးရာပါအရည်အချင်းရှိစရာမလိုဘူး။ ဒါပေမယ့် အရည်အချင်းရှိလာအောင်ကြိုးစားဖို့တော့လိုမယ်။ 


သူများတွေ တိုးတက်ကြီးပွါးဖို့အတွက် ကြိုးစားနေချိန်မှာ သင်က ပျင်းရိနေမယ်ဆိုရင် သူတို့ တိုးတက်သွားတဲ့အချိန်မှာ သင်က တိုးတက်ဖို့လမ်းစတောင်မရှိသေးဘူး။ သူများလိုအောင်မြင်တိုးတတက်ချင်ရင် ထိုင်ပြီးအားကျမနေနဲ့။ လုပ်စရာရှိတာကိုလုပ်။ ကြိုးစားသင့်တာကြိုးစား။ 


နောက်တစ်ချက်အနေနဲ့ “သိချင်စိတ်က အောင်မြင်မှုရဲ့ အင်ဂျင်ပါဝါ” ဆိုတဲ့အတိုင်း သင်က အရာရာကို စူးစမ်းဖို့ လိုပါတယ်။ ဒါကြောင့် စူးစမ်းလေ့လာစိတ်ရှိတယ်ဆိုရင် သင်ယူလေ့လာတဲ့နေရာမှာ အထောက်အကူဖြစ်စေတဲ့အတွက် အောင်မြင်တိုးတက်လိမ့်မယ်။ 

အောင်မြင်မှုဆိုတာ အသက်အရွယ်ထက် လုပ်နိုင်စွမ်းနဲ့ဆိုင်ပါတယ်။ ဘာလို့လဲ? ကမ္ဘာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားနေတဲ့သူတွေအများကြီးပါ။ သူတို့ကဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ရတာလဲ။ ဒါသူတို့ရဲ့ လုပ်နိုင်စွမ်းကြောင့်ပဲလေ။ လူတယောက် အောင်မြင်တာ ကျရှုံးတာဆိုတာ သူ့ရဲ့လုပ်နိုင်စွမ်းပေါ်မှာ အများကြီး မူတည်ပါတယ်။ ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက် တိုးတတက်မယ်။ ရိုးရှင်းပါတယ်။ 

ကျန်းမာခြင်းသည် အောင်မြင်ခြင်းပဲ။ ကျန်းမာမှ ကိုယ်လုပ်ချင်တာလုပ်နိုင်မယ်။ စူးစမ်းလေ့လာနိုင်မယ်။ အသစ်အသစ်တွေ သင်ယူနိုင်မယ်။ ကိုယ်က သင်ယူစိတ်တွေ ဘလောက်ပြင်းပြနေပါစေ မကျန်းမာရင် ဘာကိုမှ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာအောင်နေဖို့လဲ လိုအပ်ပါတယ်။ 


အောင်မြင်တဲ့သူတယောက်ဖြစ်ချင်ရင် စာဖတ်ပါ။ စူးစမ်းလေ့လာပါ။ အသစ်အသစ်တွေကိုသင်ယူပါ။ မိမိအရည်အချင်းကို တိုးတက်အောင်လုပ်ပါ။ သူများ တနာရီ အလုပ်လုပ်ရင် ကိုယ်က နှနာရီလောက်အလုပ်လုပ်နိုင်အောင်ကြိုးစားပါ။ သူများဘဝကို ထိုင်အားကျမနေပဲ ကိုယ်ဖြစ်ချင်ရာကို အစွမ်းကုန်ကြိုးစားပါ။ 





#မြူ

Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ