Author's Profile Photo

Toe Paing Lin

26/12/2024

မမမြင့်-လင်းယုန်နီ(Book Review)

3 mins read
Book Review
Novel

ချစ်မမ(ပထမတွဲ) ၁၉၄၈

ချစ်မမဆိုတဲ့ ပထမဆုံးအတွဲက ဇာတ်ကောင်မိတ်ဆက်သဘောမျိုးလောက်သာဖြစ်နိုင်ပေမဲ့ ပြည့်စုံတယ်လို့ဆိုရပါမယ်။လူလတ်တန်းစားအလွှာကဖြစ်ပေမဲ့ ပစ္စည်းမဲ့အလွှာကိုဆင်းပြီး လှုပ်ရှားရုန်းကန်ခဲ့ပေမဲ့ အဖွဲ့အစည်းရဲ့ ပြင်းထန်လွန်းတဲ့ သံမဏိစည်းမျဥ်းကြောင့် အဖွဲ့အစည်းကနေ ပစ်ပယ်ခံထားရတဲ့ မောင်စောလွင်။အတွင်းဝန်ရုံးရဲ့ အထက်တန်းစာရေးမဖြစ်ပြီး မျိုးရိုးကိုက အင်မတန်ချော အင်မတန်လှတဲ့ မြင့်မြင့်။သူတို့က အမှတ်တမဲ့ကနေ အမှတ်တရတွေ့ဆုံခဲ့တယ်။မြင့်မြင့်က သကြ်န်ပိတ်ရက်ကြောင့် မော်လမြိုင်က အဒေါ်ဆီသွားနေတာဖြစ်ပြီး မောင်စောလွင်ကတော့ ဝရမ်းကြောင့်ထွက်ပြေးလာတာဖြစ်ပါတယ်။သူတို့နှစ်ယောက် ရထားပေါ်မှာ တွေ့ဆုံခဲ့ကြတယ်။

မြင့်မြင့်တို့မျိုးရိုးက အင်မတန်ချော အင်မတန်လှတာကြောင့် ယောကျာ်းဖြစ်စေ၊မိန်းမဖြစ်စေ လူချစ်လူခင်များပါတယ်။မြင့်မြင့်ကတော့ သူ့ကိုချဥ်းကပ်သမျှထဲမှာမှ ဇွဲအရှိဆုံး ကိုမြသွင်ကိုသနားပြီးချစ်ကြိုက်ခဲ့တယ်။ကိုမြသွင်နဲ့ မြင့်မြင့်က လက်ထပ်ဖို့စီစဥ်ခဲ့ပေမဲ့ ကိုမြသွင်က နိုင်ငံခြားမှာပညာသွားသင်ပြီးမှ လက်ထပ်ကြမယ်ဆိုပြီးပြောခဲ့တယ်။ဒီလိုဖြစ်ရပ်ကြောင့် ကောလဟာလတွေထွက်ပေါ်ခဲ့ပါတယ်။ဆွေမျိုးများရဲ့မျက်မုန်းကျိုးခြင်းကိုလဲခံရတယ်။သူ့အပေါ်နားလည်ပေးခဲ့တာကတော့ မော်လမြိုင်က အဒေါ်တို့မိသားစုပဲရှိပါတယ်။အဒေါ်ရဲ့သမီး မြင့်မြင့်ရဲ့ ညီမဝမ်းကွဲ အသွယ်ကတော့ ငယ်တုန်းက အရမ်းချစ်ပေမဲ့ ကောလဟာလတွေကြောင့် မြင့်မြင့်ကို မျက်မုန်းကြိုးနေခဲ့တယ်။အကြောင်းတိုက်ဆိုင်တဲ့အခါ အသွယ်ကမေးကြည့်လိုက်ပါတယ်။မြင့်မြင့်ပြောဆိုရှင်းပြတာတွေကြောင့် နှစ်ယောက်သားအဆင်ပြေသွားခဲ့တယ်။

မောင်စောလွင်က မြင့်မြင့်ကို မမမြင့်လို့ခေါ်ပါတယ်။သနားတက်တဲ့ မမမြင့်က မောင်စောလွင်ကိုသနားမိပြန်တယ်။မောင်စောလွင်နဲ့ မမမြင့်တို့ရဲ့ 'မမမြင့်ရယ်' 'အို..မောင်လေးရယ်' ဆိုတာတွေကိုရင်ခုန်စွာနဲ့ဖတ်ရပါလိမ့်မယ်။မမမြင့်ရဲ့ မိန်းမတစ်ယောက်အပေါ်ခံယူထားတဲ့အတွေးအခေါ်အယူအဆတွေကလည်း ဒီခေတ်ရှုထောင့်နဲ့ကြည့်ရင်တောင် ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်လို့ဆိုရမယ်။မမမြင့်လို အမျိုးသမီးမျိုးကို တမ်းတရှာဖွေကြတဲ့လူတွေရှိခဲ့တယ်။ဒီလိုပဲ ခေါင်းမာတက်ပြီး လက်ဝဲအယူအဆရှိတဲ့မောင်စောလွင့်ရဲ့စရိုက်သဘာဝကလည်း အဲ့ဒီ့ခေတ်လူငယ်တွေပေါ်သက်ရောက်မှုရှိတယ်လို့သိရပါတယ်။

မမမြင့်(ဒုတိယတွဲ) ၁၉၅၀

စာရေးဆရာ လင်းယုန်နီက နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ကျခဲ့ပြီး ၁၉၅၀မှာပြန်လည်လွတ်မြောက်လာတယ်။လွတ်မြောက်ပြီးချင်းမှာပဲ မမမြင့်ကို ပုံနှိပ်ထုတ်ဝေတယ်။

မောင်စောလွင်ကော မြင့်မြင့်ကော နှစ်ယောက်လုံးက ရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပြီ။ မြင့်မြင့်က သူ့ရဲ့အလုပ်မှာ အကြွေဆိုတဲ့အမျိုးသမီးနဲ့ အတော့်ကိုရင်းနှီးတယ်။ဒါပေမဲ့ အကြွေကတော့မြင့်မြင့်ထက်ရာထူးနိမ့်တဲ့သာမန်စာရေးမလေးတစ်ယောက်ပေါ့။မောင်စောလွင်က မော်လမြိုင်မှာမရခဲ့တဲ့ အချစ်ကို မြင့်မြင့်ဆီကရဖို့ထပ်မံကြိုးစားပါတော့တယ်။ဒီဒုတိယအတွဲကတော့ နိုင်ငံရေးကိုအသားပေးပြီး လက်ဝဲအယူအဆကိုတော်တော်လေးချဲ့ကားပြောထားပါတယ်။စာရေးဆရာကလည်း သူပြောချင်တဲ့ အကြောင်းအရာတွေကို ကိုမြင့်ဦးဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ဖန်တီးပြီးပြောသလား အောက်မေ့ရပါတယ်။ကိုမြင့်ဦးပြောတဲ့ အချို့အယူအဆတွေကိုတော့ လက်ခံမိတယ်။အရင်းရှင်အချစ်နဲ့ တော်လှန်ရေးအချစ်တို့ရဲ့ ကွာခြားမှုကိုထင်းခနဲမြင်မိတယ်။

'သောင်ပြင်ပေါ် ဂဏန်းတွေတက်လို့ ဒီရေတက်လာတာမဟုတ်ဘဲ ဒီရေတက်လို့သာ သောင်ပြင်ပေါ် ဂဏန်းတွေရောက်လာတယ်'

'ဓနရှင်ဟာ လူစွမ်းကောင်းတွေအတွက် ကျောက်တိုင်တွေစိုက်ပြီး ပန်းခွေကိုချပေးပေမယ်

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 10 points.