Author's Profile Photo

May Hua

24/12/2024

အထာကျကျ စာလေ့လာနည်း

1 min read
Personal Development
Education
Programming
အထာကျကျ စာလေ့လာနည်း's photo

ဒီနေ့မှာတော့ အကြောင်းအရာ တစ်ခုကို နည်းလမ်းတကျ ဘယ်လို လေ့လာရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်
အဲ့ဒီမှာ အဆင့် ၄ ဆင့်ရှိပါတယ်

What, How, Why, Apply တို့ပဲဖြစ်ပါတယ်

What - ပထမ အဆင့်ကတော့ What ပါ What ဆိုတာကတော့ ဘာလဲပေါ့နော် ကိုယ်လေ့လာနေတဲ့ အကြောင်းအရာက ဘာလဲဆိုတာ အရင်ဆုံးသိဖို့လိုပါတယ်
ဥပမာ English စာ လေ့လာနေတယ်ပဲ ဆိုကြပါစို့ How are you? ဆိုတဲ့ စကားစုကို လေ့လာမယ်ပေါ့နော် အရင်ဆုံး How are you? ကဘာလဲ ဘာအဓိပ္ပာယ်လဲ ဆိုတာသိဖို့လိုပါတယ်
ကဲ အဲ့အဆင့်သိပြီးရင်တော့
How လာပါပြီ ဘယ်လိုသုံးမလဲ ဘယ်နေရာမှာ သုံးမလဲ ဘယ်လိုအလုပ်လုပ်သလဲပေါ့နော် ဥပမာ How are you? ကို ဘယ်အခါမှာသုံးကြလဲ ဘယ်လိုသုံးတာလဲ ဘယ်လိုရေးတာလဲ စသဖြင့်ပေါ့ ပြီးရင်တော့ နောက်တစ်ဆင့်က
Why ပါ ဘာကြောင့်သုံးရသလဲပေါ့နော် ဒီအဆင့်မှာတော့ မေးခွန်းများများမေးပါ why နဲ့စတဲ့မေးခွန်းမှ မဟုတ်ဘဲ စိတ်ထဲရှိသလောက်မေးပါ ဥပမာပြောရရင် How are you? ကိုဘာလို့သုံးတာလဲ အချိန်တိုင်းမှာသုံးလို့ရလား သူ့အစားဘာတွေသုံးလို့ရလဲ သူငယ်ချင်းတွေနဲ့ဆိုရင်ရောဘယ်လိုပြောလဲ How are you? ဆိုတဲ့မေးခွန်းကို ပြန်ဖြေရင်ရော ဘယ်လိုဖြေရမလဲ စသဖြင့်ပေါ့ ခုနောက်ပိုင်း AI တွေလည်းပေါ်လာကြတော့ ဆရာကိုမမေးချင်ရင်တောင် AI သွားမေးလို့ရပါတယ် နောက်ဆုံးတစ်ခု အရေးကြီးဆုံးကတော့ Apply လုပ်တဲ့အဆင့်ပါ Knowledge without Practice is useless ဆိုတဲ့ ဆိုရိုးစကားလေးရှိပါတယ်
ကိုယ်လေ့လာထားတဲ့ အကြောင်းအရာတစ်ခုခုကို ပြန်အသုံးချရမှာပါ ပြန်အသုံးချပုံချနည်းကတော့ သင်တဲ့ပညာရပ်အပေါ် မူတည်ပြီးကွဲပြားတာတော့ ရှိမှာပေါ့နောိ ဥပမာအနေနဲ့
ဘာသာစကားဆိုရင်တော့ ကိုယ်လေ့လာထားတဲ့ အရာကို စကားပြောရင် ထည့်ပြောတာ စာရေးရင် ထည့်ရေးတာ သူများကို ပြန်သင်ပေးတာမျိုး Science ဘာသာရပ်တွေဆိုရင်တော့ အဲ့အကြောင်းအရာတွေကို အသုံးချပြီး project တွေ product တွေပြန်လုပ်တာမျိုးပေါ့ အမျိုးအမျိုးဖြစ်နိုင်ပါတယ်
ကဲ ဒီအဆင့် ၄ ဆင့်ကို အသုံးချပြီး ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာ ဘာသာရပ်တွေကို အထာကျကျလေ့လာနိုင်ပါပြီ
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် <3

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်