လက်ယျာ (Don't Care)
ဘယ်တော့မှ ကိုယ် ထိန်းချုပ်လို့လို့မရတဲ့၊ ပြုပြင်လို့မရတဲ့ ကိစ္စရပ်တစ်ခုအပေါ် လိုက် ခံစားမနေပါနဲ့။
မချစ်တော့လို့မှ ထွက်သွားချင်နေတဲ့သူတစ်ယောက်ကို ဆွဲထားနေလည်း ကိုယ်ပဲ ပိုနာကျင်ရမှာပါ။ သူ့စိတ်ကို ကိုယ်မှ ထိန်းချုပ်လို့မရပဲလေနော်။ ဒီအတွက် နာကျင် ၊ဝမ်းနည်း၊ ခံစားနေမယ့်အစား ကိုယ့်အတွက် ပျော်ရွှင်မှုကို ရှာပါ၊ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပါ။ ဒီကိစ္စကနေ သင်ခန်းစာယူသင့်တာယူပါ။
စစ်ဘေး၊ ရေဘေးတွေလိုမျိုး ကိုယ် ထိန်းချုပ်မရတဲ့ ကိစ္စတွေအပေါ်မှာ စိတ်ညစ် ဝမ်းနည်းနေမယ့်အစား ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲတွေးပါ။ ဒီလိုအဖြစ်တွေကနေ သင်ခန်းစာယူပြီး ပြင်ဆင်သင့်တာပြင်ဆင်ပါ။ ကာကွယ်သင့်တာ ကာကွယ်ပါ။
အတိတ်က ကိစ္စရပ်တွေဆိုတာလည်း ကိုယ်ပြန်ပြုပြင် လို့မရတာကြောင့် စိတ်ထဲ ပြန်တွေးမိနေတယ်ဆိုရင်တောင် ဘာမှားသလဲ၊ ဘယ်နားမှားခဲ့လဲ ဆိုတာပဲ တွေးပြီး သင်ခန်းစာယူရုံလောက်သာ စဥ်းစားပါ။ အတိတ်က အမှားတွေအတွက် နာကျင် ခံစားနေလို့လဲ ဘာမှထူးမလာနိုင်ပါဘူး။ ထပ်မမှားအောင် သင်ခန်းစာယူပါ။ တူညီတဲ့ အမှားမျိုး ထပ်မမှားအောင် ပြင်ဆင်ပါ။
#LattYar
#xinn19692@tiktok
#LattYarYoutubeChannel
#DontCareFacebookPage
#Taunggyi
#LifeandHope
#NowOrNever
Keep Reading